Home
မြန်မာသတင်း
တိုက်ပွဲများကြောင့် ကျောက်မဲမြို့ကို စစ်ဘေးဒုက္ခသည်များ ထပ်မံရောက်ရှိ
ခွန်ဇော်ဦး
·
December 29, 2016
ta3
ta2
ta1
ta
ta4
မြန်မာတပ်မတော်နဲ့ တီအန်အယ်လ်အေ တအာင်းတပ်တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒီဇင်ဘာ ၂၈ ရက် ညက ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်ဘေးရှောင်ပြည်သူတွေ ထပ်မံရောက်ရှိလာပါတယ်။ ကျောက်မဲမြို့နယ်အတွင်းက ညောင်မောင်းကျေးရွာအနီးမှာ မြန်မာ့တပ်မတော်နဲ့ တီအန်အယ်လ်အေ တအာင်းတပ်ဖွဲ့တွေ ဒီဇင်ဘာ ၂၆ ရက်နေ့ကတည်းက တိုက်ပွဲဖြစ်ပွားနေတာကြောင့် ညောင်မောင်းကျေးရွာက ပြည်သူလူထုတွေ ကျောက်မဲမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာကြတာပါ။ ညောင်မောင်းကျေးရွာက စစ်ရှောင်လာတဲ့ပြည်သူတွေကို ကျောက်မဲမြို့ပေါ်မှာရှိတဲ့ နမ့်စစ်လင်း ဘုန်းကြီးကျောင်းမှာ ခိုလှုံခွင့်ပေးထားပြီး အစားအသောက်နဲ့ ကျန်းမာရေး စောင့်ရှောက်ပေးထားပါတယ်။ နမ့်စစ်လင်းကျောင်းမှာ ဒီဇင်ဘာ ၂၇ ရက်နေ့က စစ်ဘေးရှောင်လာသူ ၉၃ ဦးရှိပြီး ဒီဇင်ဘာ ၂၈ ရက်ညက ထပ်ရောက်လာတဲ့အတွက် အခုဆိုရင် စစ်ရှောင်ပြည်သူ ၁၄၀ ကျော်ရှိနေပါပြီ။ စစ်ရှောင်လာတဲ့အထဲမှာ ရဟန်းသံဃာနဲ့ ရှင်သာမဏေတွေလည်း ပါဝင်လာပါတယ်။ ညောင်မောင်းကျေးရွာအနီးမှာ ဒီဇင်ဘာ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် အရပ်သားပြည်သူ ၃ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရသူတွေကတော့ ကျောက်မဲပြည်သူ့ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရပါတယ်။ လက်ရှိအချိန်ထိ ညောင်မောင်းကျေးရွာဘက်မှာ နှစ်ဘက်စစ်ရေးတင်းမာမှုရှိနေဆဲ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024