တောင်ကိုရီးယား ပင်စင်ရန်ပုံငွေဌာန ဥက္ကဋ္ဌကို ဖမ်းဆီး

ဓာတ်ပုံ - ရိုက်တာ
တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟေးနဲ့ ဆမ်ဆောင်း နည်းပညာကုမ္ပဏီတို့ အဂတိလိုက်စားမှု စစ်ဆေးမှုတွေနဲ့ ဆက်နွယ်ပြီး ကိုရီးယားအစိုးရ ပင်စင်ရန်ပုံငွေဌာန ဥက္ကဋ္ဌကို ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ ဥက္ကဋ္ဌ မွန်းဟျောင်ဖြို (Moon Hyung-pyo) ကို မဖမ်းဆီးခင် ဒီဇင်ဘာ ၂၆ ရက်နေ့က သူ့ရဲ့နေအိမ်ကို သွားရောက်စီးနင်းခဲ့တယ်လို့ အစိုးရ အထူးရှေ့နေတွေက ပြောပါတယ်။ ကိုရီးယားအစိုးရ ပင်စင်ရန်ပုံငွေဟာ အမေရိကန်ဒေါ်လာ ၄၅၀ ဘီလီယံကျော်ကို ကိုင်တွယ်ရတဲ့ ငွေကြေးအဖွဲ့အစည်းကြီးဖြစ်ပြီး ကမ္ဘာ့တတိယအကြီးဆုံး ဖြစ်ပါတယ်။ တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟေး အဂတိလိုက်စားမှုနဲ့ စွပ်စွဲပြစ်တင်ခံရချိန်မှာ ဥက္ကဋ္ဌ မွန်းကိုပါ ဖမ်းဆီးခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်က ဆမ်ဆောင်းကုမ္ပဏီခွဲ ၂ ခု ပေါင်းစည်းမှုမှာ အစိုးရပင်စင်ရန်ပုံငွေက အမေရိကန်ဒေါ်လာ ၈ ဘီလီယံ ထောက်ပံ့ကူညီပေးဖို့ အဲဒီအချိန်က ကျန်းမာရေးနဲ့ လူမှုဖူလုံရေးဝန်ကြီး ဖြစ်ခဲ့သူက ဖိအားပေးခဲ့ခြင်း ရှိမရှိ အစိုးရရှေ့နေတွေက စစ်ဆေးနေတာပါ။ အမှုရင်ဆိုင်နေရတဲ့ သမ္မတ ပတ်ဂွမ်ဟေးရဲ့ ရင်းနှီးတဲ့ အမျိုးသမီးမိတ်ဆွေနဲ့ ဆမ်ဆောင်း ကုမ္ပဏီတို့လည်း တရားမဝင် ငွေကြေးအလွှဲအပြောင်းတွေ ရှိ၊ မရှိ အာဏာပိုင်တွေက စစ်ဆေးနေပါတယ်။ သမ္မတ ပတ်ဂွမ်ဟေးကတော့ သူ အမှားအယွင်းလုပ်ခဲ့တာ မရှိဘူးလို့ ငြင်းဆန်ထားပြီး သူ့ရဲ့ ရင်းနှီးတဲ့မိတ်ဆွေကလည်း သူ ရာဇဝတ်မှု တစုံတရာ ကျူးလွန်မှု မရှိခဲ့ဘူးလို့ ပြောဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up