တရုတ်နိုင်ငံတွင် မြန်နှုန်းမြင့် ရထားလမ်း စတင်ဖွင့်လှစ်

ဓာတ်ပုံ - shanghaiist
တရုတ်နိုင်ငံမှာ ရှန်ဟိုင်း-ခွေ့မင် မြန်နှုန်းမြင့် မီးရထားလမ်းကို ဒီဇင်ဘာ ၂၈ ရက် မနက်က ဖွင့်လှစ်လိုက်ပါတယ်။ နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်က ကွေ့ယန်နဲ့ ခွေ့မင် နောက်ဆုံးရထားလမ်းပိုင်း ပြီးစီးလို့ လုပ်ငန်းစတင်လိုက်တာပါ။ ပထမဆုံး ကျည်ဆန်ရထားဟာ ယူနန်ပြည်နယ်တောင်ပိုင်း ဘူတာရုံကနေ ဒီဇင်ဘာ ၂၈  ရက် မနက် ၁၀ နာရီမှာ စတင်ထွက်ခွာပြီး ကွေ့ရန်ကို ၁၂ နာရီကျော်မှာ ဆိုက်ရောက်မှာပါ။ ရှန်ဟိုင်းကနေ ခွေ့မင်ထိ ကီလိုမီတာ ၂၃၀၀ ရှည်လျားတဲ့ မြန်နှုန်းမြင့် ရထားလမ်းဟာ ခရီးသွားချိန်ကို ၃၄ နာရီကနေ ၁၁ နာရီထိ လျှော့ချပေးမှာ ဖြစ်ပါတယ်။ ရှန်ဟိုင်းကနေ ကွေ့ရန်ထိ ရထားလမ်းပိုင်းကတော့ မနှစ်တည်းက ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up