Home
မြန်မာသတင်း
ထိုင်းနိုင်ငံ ၆ ခရိုင်တွင် ဆေးခြောက်ပင် တရားဝင်စိုက်ပျိုးခွင့်ပြုမည်
DVB
·
December 28, 2016
ဆေးဝါးကုသရေးဆိုင်ရာမှာ အသုံးပြုဖို့အတွက် ဆေးခြောက်ပင်တွေကို ထိုင်းနိုင်ငံ ၆ ခရိုင်မှာ တရားဝင်စိုက်ပျိုးဖို့ ထိုင်းဝန်ကြီးများ အစည်းအဝေးက သဘောတူလိုက်ကြောင်း ပို့စ်တူဒေးသတင်းမှာ ဖော်ပြပါတယ်။ ထိုင်းဘာသာနဲ့ ကန်းချုံး၊ အင်္ဂလိပ်ဘာသာနဲ့ Hamp အမည်ရ ဆေးခြောက်နွယ်ဝင် အပင်တမျိုးဟာ ဆေးဘက်ဝင်တဲ့အတွက် စီးပွားဖြစ်စိုက်ပျိုးဖို့ ထိုင်းဝန်ကြီးများ အစည်းအဝေးက သဘောတူကြောင်း ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးကော်မတီ အတွင်းရေးမှူး နိုင်းဆီရင်ယား ဆစ်ထိချိုင်းက ဒီဇင်ဘာ ၂၈ ရက်နေ့မှာ သတင်းထောက်ကို ပြောပါတယ်။ ဒါပေမယ့် HTC မူးယစ်အာနိသင်ပါဝင်မှု တစ်ရာခိုင်နှုန်းထက်မပိုတဲ့ အပင်ကိုသာ ခွင့်ပြုမှာ ဖြစ်ကြောင်း၊ စိုက်ပျိုးခွင့်ပြုတဲ့ ဒေသတွေကတော့ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်က မယ့်ဝမ်း၊ မယ့်ရိမ်း၊ မယ့်ကျဲမ်၊ ဆမိုင်း စတဲ့မြို့နယ် ၄ ခု၊ ချင်းရိုင်းခရိုင်က ဝိန်းပါပေါက်၊ မယ်ဆိုင်၊ ထိုန်း စတဲ့ မြို့နယ် ၃ ခု၊ တာ့ခ်ခရိုင်မှာ ဖုတ်ဖရမြို့နယ်၊ ဖစ်ချဘွန်ခရိုင်မှာ လုမ်ကောင်၊ ခေါဝ်ခေါ့၊ မိုင်း စတဲ့မြို့နယ် ၃ ခု၊ နန့်ခရိုင်မှာ နားမိန်၊ ဆန်တိဆုဒ်၊ ဆောင်တျောင် စတဲ့ မြို့နယ် ၃ ခုနဲ့ မယ်ဟောင်ဆွန်ခရိုင်က မိုင်းမြို့နယ်တွေ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဂန်ချားလို့ခေါ်တဲ့ ဆေးခြောက်ပင်ကိုတော့ မူးယစ်ဆေးပင်မှ ဆေးဘက်ဝင်အပင်အဖြစ် ဥပဒေအရ ပြောင်းလဲသတ်မှတ်ဖို့ ပြန်လည်စစ်ဆေးနေဆဲဖြစ်ပြီး အမှုဆောင်ကော်မတီတွေဖြစ်ကြတဲ့ တရားရေးဝန်ကြီးဌာန အတွင်းဝန်နဲ့ ဆေးဝါးဘက်ဆိုင်ရာ ဆရာဝန်တို့ကြားမှာ ဝိဝါဒကွဲပြားမှုတွေလည်း ရှိနေတယ်လို့ နိုင်းဆီရင်ယားက ဆက်ပြောသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024