DVB Logo
Home
မြန်မာသတင်း
မွန်နှစ်ပါတီ မကြာခင် ပူး​ပေါင်း​ဖွယ်ရှိ
DVB
·
November 23, 2011
မွန်နှစ်ပါတီ မကြာခင် ပူး​ပေါင်း​ဖွယ်ရှိ
1 / 3
Donate to DVB

မွန်ပြည်နယ် အ​ခြေစိုက် မွန်ပါတီ နှစ်ခု ပူး​ပေါင်း​ဖို့​ စီစဉ်​နေတယ်လို့​ ပါတီ​ခေါင်း​ဆောင်​တွေက ​ပြောပါတယ်။

၁၉၉၀ ​ရွေး​ကောက်ပွဲအနိုင်ရခဲ့​တဲ့​ မွန်အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်နဲ့​ သူတို့​ပါတီ ပူး​ပေါင်း​တော့​မယ်လို့​ ၂၀၁၀ မတိုင်ခင်က အသစ်ဖွဲ့​စည်း​လိုက်တဲ့​ မွန်​ဒေသလုံး​ဆိုင်ရာ ဒီမိုက​ရေစီပါတီဥက္ကဋ္ဌ နိုင်​ငွေသိန်း​က အခုလို​ပြောပါတယ်။

[caption id="attachment_18171" align="alignleft" width="300" caption="မွန်ဒေသလုံးဆိုင်ရာ ဒီမိုက​ရေစီပါတီဥက္ကဋ္ဌ နိုင်ငွေသိန်း​"][/caption]

“ပါတီ တခုတည်း​ သွား​ဖို့​အတွက် ကျ​နော်တို့​က အခု စီစဉ်တယ်။ လုပ်လည်း​ လုပ်​နေပါတယ်။ ဖြစ်လည်း​ ဖြစ်မှာပါ။ ​နေ့​တိုင်း​တွေ့​ဆုံ​နေကြပါတယ်။ တပါတီအ​နေနဲ့​ပဲ သွား​မှာပါ။ ​နောက် ကျ​နော်တို ခံယူထား​တဲ့​ မူဝါဒ ဘာညာဆိုင်ရာ တခုတည်း​ပါ။ မကြာခင်မှာ နာမည် တမျိုး​တည်း​ ဖြစ်လာမယ့်​ အ​နေအထား​တော့​ ရှိပါတယ်။ မွန်တပါတီက ဒီဆုံး​ဖြတ်ချက် တခုတည်း​နဲ့​ ကျ​နော်တို့​က ဒီမိုက​ရေစီ သွား​ဖို့​အတွက် ကျ​နော်တို့​ ​လျှောက်တဲ့​ ​နေရာမှာ ပိုပြီး​တော့​ ​ချော​မွေ့​မှာ​ပေါ့​ဗျာ။ ”

မနှစ်က အသစ်ဖွဲ့​စည်း​ခဲ့​တဲ့​ မွန်​ဒေသလုံး​ဆိုင်ရာ ဒီမိုက​ရေစီပါတီဟာ ၂၀၁၀ ​ရွေး​ကောက်ပွဲမှာ ၁၆ ​နေရာ အနိုင်ရထား​ပါတယ်။ မနှစ်က ​ရွေး​ကောက်ပွဲကို သပိတ်​မှောက်ခဲ့​တဲ့​ ၁၉၉၀ ​ရွေး​ကောက်ပွဲအနိုင်ရ မွန်အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဥက္ကဋ္ဌ နိုင်​ငွေသိမ်း​ကလည်း​ မွန်ပါတီနှစ်ရပ် ပူး​ပေါင်း​ရေး​ အစီအစဉ်နဲ့​ ပတ်သက်လို့​ အခုလို​ပြောပါတယ်။

[caption id="attachment_18172" align="alignright" width="300" caption="မွန်အမျိုးသားဒီမိုကရေစီအဖွဲ့​ချုပ် ဥက္ကဋ္ဌ နိုင်ငွေသိမ်း​"][/caption]

“ကျ​နော်တို့​က အစကတည်း​က အစစအရာရာ ​ပြေ​ပြေလည်လည် ရှိပါတယ်။ ​ပေါင်း​ရင်လည်း​ အများ​စုက ​ပေါင်း​နိုင်တဲ့​အ​နေအထား​ ရှိပါတယ်။ သူတို့​လည်း​ သူဟာသူတို့​ ပြန်ကြည့်​ဦး​မယ်လို့​ ​ပြောတယ်။ တခု​တော့​ ရှိတာ​ပေါ့​ဗျာ ​ရွေး​ကောက်ပွဲ ဝင်တာ နဂိုကတည်း​က၊​ ကျ​နော်တို့​ တကယ်လို့​ မှတ်ပုံတင်ရင် ​ရွေး​ကောက်ပွဲဝင်ရင် ​ပေါ်လစီတူသွား​ပြီ​ပေါ့​။ ကျ​နော်တို့​က ၂၀၀၈ ကို လက်မခံဘူး​ဗျာ။ ဒါ​ကြောင့်​မို့​ ကျ​နော်တို့​ ​ရွေး​ကောက်ပွဲမဝင်ဘူး​။ ဆိုလိုတာက သူတို့​က ၂ဝဝဂကို ​ထောက်ခံလို့​ ဝင်သွား​တယ်​ပေါ့​။ အကယ်လို့​ မှတ်ပုံတင်တယ်ဆိုရင် ဒါ အလိုအ​လျောက် ၂၀၁၀ ကို လက်ခံပြီး​သား​ ဖြစ်သွား​ပြီ​ပေါ့​။”

သူတို့​ပါတီကို မွန်ပြည်သစ်ပါတီရဲ့​ ဗဟို​ကော်မတီဝင်​ဟောင်း​တချို့​နဲ့​ အား​ဖြည့်​သွား​မယ်လို့​ ၁၉၉၀ ​ရွေး​ကောက်ပွဲအနိုင်ရခဲ့​တဲ့​ မွန်ပါတီ ဥက္ကဋ္ဌ နိုင်​ငွေသိမ်း​က ​ပြောပါတယ်။

မွန်အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဟာ ၁၉၉၀ ​ရွေး​ကောက်ပွဲမှာ အမတ်​နေရာ ၅ ​နေရာ အနိုင်ရခဲ့​ပြီး​ တခြား​ရွေး​ကောက်ပွဲအနိုင်ရ တိုင်း​ရင်း​သား​ပါတီ​တွေ နည်း​တူ ၂၀၁၀ ​ရွေး​ကောက်ပွဲကို သပိတ်​မှောက်ခဲ့​ပါတယ်။

လော​လောဆယ် တိုင်း​ရင်း​သား​ဒေသ​တွေမှာ စစ်​တွေဆက်ဖြစ်​နေတာ၊​ ခွန်ထွန်း​ဦး​နဲ့​ တိုင်း​ရင်း​သား​ခေါင်း​ဆောင်​တွေကို ဆက်လက်ဖမ်း​ဆီး​ထား​တဲ့​ ကိစ္စ​တွေ​တွေဟာ သူတို့​ပါတီအ​နေနဲ့​ ​ရွေး​ကောက်ပွဲဝင်​ရေး​မှာ အဟန့်​အတား​ ဖြစ်​စေတယ်လို့​ နိုင်​ငွေသိမ်း​က ​ပြောပါတယ်။

“တိုင်း​ရင်း​သား​အဖွဲ့​အစည်း​တွေက ယူအန်အေ (စည်း​လုံး​ညီညွတ်​သော တိုင်း​ရင်း​သား​လူမျိုး​များ​ မဟာမိတ်အဖွဲ့) မှာ သူတို့​ပါတယ်။ သူတို့​က မဝင်ဘူး​ဆိုတဲ့​အခါကျ​တော့​ ကျ​နော်တို့​က သူတို့​ကို ​ကျော်ပြီး​တော့​ ဝင်သွား​မယ် ဆိုလို့​ရှိရင် လုပ်မယ်ဆိုရင် ကျ​နော်တို့​လည်း​ စဉ်း​စား​တာ​ပေါ့​ဗျာ။ ကိုယ့်​အချင်း​ချင်း​ရဲ့​ ​စောင့်​ထိန်း​ရမယ့်​ ဝတ္တရား​ကို မ​စောင့်​ထိန်း​ဘူး​ပေါ့​ဗျာ။ အဲဒီလို ဖြစ်မှာ​ကြောက်တယ် ကျ​နော်တို့​က။”

မနှစ်က ​ရွေး​ကောက်ပွဲကို သပိတ်​မှောက်ခဲ့​တဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ​ရွေး​ကောက်ပွဲဝင်ဖို့​ ပြန်လည်ဆုံး​ဖြတ်လိုက်​ပေမယ့်​ ၁၉၉၀ အနိုင်ရ ဇိုမီး​ပါတီနှင့်​ ရှမ်း​ပါတီတို့​က​တော့​ ​ရွေး​ကောက်ပွဲဝင်​ရေး​နှင့်​ ပတ်သက်လို့​ မဆုံး​ဖြတ်ရ​သေး​ဘူး​လို့​ ပါတီ​ခေါင်း​ဆောင်​တွေက ​ပြောပါတယ်။

တချိန်တည်း​မှာ ၁၉၉၀ ​ရွေး​ကောက်ပွဲအနိုင်ရ ဦး​အေး​သာ​အောင်ရဲ့​ ရခိုင်ဒီမိုက​ရေစီအဖွဲ့​ချုပ်နဲ့​ ၂၀၁၀ ​ရွေး​ကောက်ပွဲဝင်ခဲ့​တဲ့​ ​ဒေါက်တာ​အေး​မောင်ရဲ့​ ရခိုင်တိုင်း​ရင်း​သား​များ​တိုး​တက်​ရေး​ ပါတီတို့​လည်း​ ပူး​ပေါင်း​ဖို့​ ​ဆွေး​နွေး​နေတယ်လို့​ သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013