ကဗျာဆရာကြီးတင်မိုး၏ အရိုးပြာအိုး ရေဝေးသုသာန်တွင် ဂူသွင်း (ဓာတ်ပုံ)
DVB
·
December 28, 2016
ကဗျာဆရာကြီးတင်မိုးရဲ့ အရိုးပြာကို ဒီနေ့ နေ့လယ် ၁၂ နာရီကျော်က ရေဝေးသုသာန်မှာ ဂူသွင်းခဲ့ပါတယ်။
ဆရာကြီးရဲ့ မိသားစုဝင်တွေ၊ ကဗျာဆရာတွေနဲ့ သူငယ်ချင်းဖြစ်သူ ဂုဏ်ထူးဦးသိန်းနိုင်လည်း ရောက်လာခဲ့ပါတယ်။
ဆရာကြီးရဲ့ အရိုးပြာအိုးကိုတော့ အမေရိကန်နိုင်ငံ လောစ့်အိန်ဂျလိစ်မြို့ကနေ သယ်ဆောင်လာခဲ့ပြီး ၂၄ ရက်နေ့က ရောက်ရှိလာတာ ဖြစ်ပါတယ်။