Home
မြန်မာသတင်း
ကချင်ဒုက္ခသည်စခန်းအနီး လက်နက်ကြီးကျ လူရာနှင့်ချီထွက်ပြေး
နန်းမြနဒီ
·
December 28, 2016
  ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်ရှိ ဇိုင်းအောင်ကချင်စစ်ပြေးဒုက္ခသည်စခန်းအနီးမှာ မနေ့ညက လက်နက်ကြီးတွေ ကျလာတဲ့အတွက်  စခန်းမှာနေထိုင်တဲ့ ဒုက္ခသည်တွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ လူပေါင်း ၄ထောင်နီးပါး နေထိုင်တဲ့ အဆိုပါဒုက္ခသည်စခန်းရဲ့ အပေါ်ဘက်မှာ မနေ့ည ၈ နာရီလောက်က  မြန်မာ့တပ်မတော်ဘက်က ပစ်လိုက်တဲ့  လက်နက်ကြီးတွေကျလာတာကြောင့် တညလုံး ကစင့်ကလျားဖြစ်ပြီး လူအတော်များများ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ကေအိုင်အို ဗဟိုကော်မတီဝင် ဦးဒွဲဗီဇာက ဒီဗွီဘီကို ပြောပါတယ်။ “မနေ့ညက ရန်သူဘက်ကနေ လက်နက်ကြီးနဲ့ လှမ်းပစ်လိုက်တာ၊ ဒုက္ခသည်စခန်းရဲ့ အပေါ်ဘက်မှာ လေးငါးခါလောက်ကျလာတယ်၊ စခန်းမှာတော့မဟုတ်ဘူး၊ စခန်းရဲ့ ပတ်ဝန်းကျင်မှာကျလာတယ်ဆိုေ တာ့ ဒုက္ခသည်တွေအားလုံးက ထိတ်လန့်တာပေါ့၊  ကစင့်ကလျားထွက်ပြေးကြတယ်။  တချို့က တရုတ်ပြည်ဘက်ပြေးမလို့ နယ်စပ်ရောက်တော့ တရုတ်နယ်ခြားစောင့်တပ်တွေက မ၀င်ခိုင်းဘဲ မောင်းထုတ်တယ်လို့ ပြောတယ်။” ဇိုင်းအောင်ဒုက္ခသည်စခန်းဟာ အရှည်  ၂ မိုင်ခန့်ရှိတဲ့ ဧရိယာမှာတည်ဆောက်ထားပြီး အဲဒီအနီးမှာေ တာ့ ကေအိုင်အေရဲ့ လိုင်ဖောင်တပ်စခန်းရှိနေပါတယ်။ လိုင်ဖောင်စခန်းအနီးမှာ ဒီလ ၂၁ ရက်နေ့က မြန်မာ့တပ်မတော်ဘက်က လာရောက်တိုက်ခိုက်ပြီး မနေ့ကလည်း နောက်ထပ်အတိုက်ခံရကြောင်းဦးဒွဲဗီဇာက ပြောပါတယ်။   မြစ်ကြီးနား-ဗန်းမော်ကားလမ်း အရှေ့ဘက် ၇ မိုင်လောက်အကွာရှိ ကေအိုင်အေ တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၃ ဌာနချုပ် လိုင်ဖောင်စခန်းကို တပ်မတော်စစ်ကြောင်းတွေက  လေကြောင်း၊ ခြေလျင်၊ အမြောက်၊ တင့်၊ လက်နက်ကြီးပစ်ကူနဲ့ တိုက်ခိုက်ရာမှာ မနေ့ညနေက အဓိကခံစစ်ကုန်းနဲ့ စခန်းငယ် တို့ကို သိမ်၆ခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ထားပါတယ်။ ဓာတ်ပုံ - ခွန်ဂျာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024