A d v e r t i s e m e n t With Us

ဘောလုံး​ပွဲ​လောင်း​ကစား​ကြောင့်​ လူသတ်မှုဖြစ်

မထကျထကျ​အေး​ေကျာ်၏ ဈာပနအခမ်း​အနား​
ရန်ကုန်တိုင်း​ ​မြောက်ဥက္ကလာပမြို့​နယ်မှာ ​ဘောလုံး​ပွဲ ​လောင်း​ကစား​တာကို အ​ကြောင်း​ပြုပြီး​ လူသတ်မှုတခု ဖြစ်ပွား​ခဲ့​ပါတယ်။ [caption id="attachment_18228" align="alignright" width="300" caption="မထက်ထက်အေးကျော်၏ ဈာပနအခမ်းအနား"][/caption] မြောက်ဥက္ကလာပမြို့​နယ် အမှတ် ၂ ရပ်ကွက် ဘုန်း​ကြီး​လမ်း​မှာ​နေတဲ့​ အသက် ၂၅ နှစ်အရွယ် ကျူရှင်ဆရာမ မထက်ထက်​အေး​ကျော်ဟာ ပြီး​ခဲ့​တဲ့​ စ​နေ​နေ့​က အသတ်ခံခဲ့​ရတာပါ။ ခင်ပွန်း​သည်က ​ဘောလုံး​ပွဲ​လောင်း​ရာ ရှုံး​ပြီး​ ​ငွေ​တောင်း​လို့​မရတာ​ကြောင့်​ ဇနီး​ဖြစ်သူ မထက်ထက်​အေး​ကျော်ကို သတ်တာလို့​ အမှတ် ၂ ရပ်ကွက်​နေသူ တဦး​က ​ပြောပါတယ်။ “ဘယ်လိုဖြစ်တာလဲဆို​တော့ အသတ်ခံရတဲ့​ ​ကောင်မ​လေး​ရဲ့​ ​ယောက်ျား​က ​​ဘောပွဲရှုံး​လို့​ ဆိုပြီး​တော့​ အဲဒီ ​ဘောပွဲဖိုး​ ပိုက်ဆံ သိန်း​ ၂၀ ဆိုလား​ မသိဘူး​ အဲဒါ ရှုံး​တာ။ သူ့​မိန်း​မဆီမှာ​တောင်း​တာ။ သူ့​မိန်း​မက ငါ့​မှာ အဲဒီ​လောက် သိန်း​ ၂၀ ​တော့​ မရှိဘူး​ ဆိုပြီး​။ ​ကောင်မ​လေး​က စာသင်တယ်​လေ ကျူရှင်မှာ။ အဲဒီမှာ စာသင်​တော့​ ​ကျောင်း​သား​တွေ​ရှေ့​မှာ သူ့​ကို အဲဒီလိုမျိုး​ ​အော်လိုက်လို့​တဲ့​ ​ကောင်မ​လေး​ကို အိမ်ခန်း​ထဲ​ခေါ်ပြီး​တော့​ အဲဒီမှာ ပုလင်း​ကွဲ အရက်ပုလင်း​နဲ့​ အခန်း​ထဲမှာ ပိတ်ပြီး​တော့​ ထိုး​တာတဲ့​။ သူ့​မိဘ​တွေ လာတာ​တောင်မှ မိဘ​တွေကို မလာနဲ့​လို့​ ​ပြောတယ်တဲ့​။ လာရင် မိဘ​တွေပါ ထိုး​မယ်လို့​ ​ပြောလို့​။” ဒီလူသတ်မှုနဲ့​ ပတ်သက်လို့​ အ​သေး​စိတ်သိရဖို့​ ​မြောက်ဥက္ကလာပ မြို့​နယ်ရဲစခန်း​ကို ဆက်သွယ်လို့​ မရ​သေး​ပါဘူး​။ မထက်ထက်​အေး​ကျော်ရဲ့​ ခင်ပွန်း​သည်ကို​တော့​ အခင်း​ဖြစ်တဲ့​ညမှာ ရဲကဖမ်း​ဆီး​ပြီး​ စစ်​ဆေး​နေတယ်လို့​ အိမ်နီး​နား​ချင်း​တဦး​က ​ပြောပါတယ်။ “၂ ရပ်ကွက် ရဲ​တွေ အဲဒီညတွင်း​ချင်း​ ၁၀ နာရီမှာ ဖမ်း​သွား​တာ။ အဲဒီရဲက သူ့​ကို စစ်တယ်တဲ့။ စစ်တဲ့​အခါကျ​တော့​ ​ကောင်​လေး​က အကုန်လုံး​ဖွင့်​ပြောတယ်။ ဖွင့်​ပြောလို့​ ရဲကလူ​တွေနဲ့​ သွား​ပြီး​ အိမ်မှာ ရှာကြ​ဖွေကြ​တော့​ ​တွေ့​တယ်။ ချွန်ထက်တဲ့​ အရာဝတ္ထုနဲ့​ ​ကောင်မ​လေး​ကို ထိုး​ပြီး​တော့​ အဲဒီ အိမ်သာထဲတည့်​တာ။ အဲဒါ ရဲ​တွေက အကုန်လုံး​ပေါ့​နော် လူ​တွေများ​များ​နဲ့​ ရှာတာ ရှာလို့​ ​တွေ့​တယ်။ ​ကောင်​လေး​က အကုန် အစအဆုံး​ ထုတ်​ဖော်​ပြောတယ်တဲ့​။” သေဆုံး​သူ မထက်ထက်​အေး​ကျော်ဟာ ကိုယ်ပိုင်လိုင်စင်နဲ့​ ကျူရှင်ဖွင့်​ သင်ကြား​ပေး​တဲ့​ ​ကျောင်း​ဆရာမဖြစ်ပြီး​ သား​သမီး​မရှိ​သေး​ဘူး​လို့​ သိရပါတယ်။ မထက်ထက်​အေး​ကျော်ရဲ့​ ရုပ်အ​လောင်း​ကို ဒီ​နေ့​ ည​နေ ၃ နာရီမှာ သင်္ဂြိုဟ်ခဲ့​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up