DVB Logo
Home
မြန်မာသတင်း
ကေအိုင်အိုကိုယ်စား​လှယ်အချို့​ အစိုး​ရ ကိုယ်စား​လှယ်နှင့်​တွေ့​ဆုံ
DVB
·
November 22, 2011
Donate to DVB

တိုင်း​ရင်း​သား​ လက်နက်ကိုင်အဖွဲ့​တွေနဲ့​ မြန်မာအစိုး​ရ ကိုယ်စား​လှယ်​တွေ ထိုင်း​ - မြန်မာနယ်စပ်မှာ အခုရက်ပိုင်း​အတွင်း​မှာ တဖွဲ့​ချင်း​ သီး​ခြား​ ​တွေ့​ဆုံ ​ဆွေး​နွေး​မှု​တွေ ပြုလုပ်ခဲ့​ကြပါတယ်။

မြန်မာအစိုး​ရ မီး​ရထား​ဝန်ကြီး​ ဦး​အောင်မင်း​ ဦး​ဆောင်တဲ့​ ကိုယ်စား​လှယ်အဖွဲ့​နဲ့​ ကချင်ပြည်လွတ်​မြောက်​ရေး​ (​ကေအိုင်အို) ကိုယ်စား​လှယ်တချို့​ ထိုင်း​နိုင်ငံ ချင်း​ရိုင်ခရိုင်မှာ နိုဝင်ဘာ ၁၉ ရက်​နေ့​က ​တွေ့​ဆုံခဲ့​တာပါ။

ကေအိုင်အိုဘက်က အတွင်း​ရေး​မှူး​ ​ဒေါက်တာလှဂျာ၊​ ဗိုလ်မှူး​ကြီး​ လဖိုင်လာ၊​ ဗိုလ်မှူး​ကြီး​ လာ​အောင်တို့​ပါဝင်​ဆွေး​နွေး​ကြပြီး​ ဒီ​ဆွေး​နွေး​ပွဲမှာ နှစ်ဘက် သ​ဘောတူညီချက်​တွေ ရရှိတယ်လို့​ မကြား​သိရ​သေး​ပါဘူး​။

ဒီ​တွေ့​ဆုံမှု​ဆွေး​နွေး​မှုအ​ခြေအ​နေနဲ့​ပတ်သက်လို့​ နှစ်ဘက်စလုံး​က ထုတ်​ပြောဆိုတာ မရှိ​သေး​ဘဲ ​တွေ့​ဆုံမှုမှာပါဝင်တဲ့​ ​ဒေါက်တာလှ​ဂျာကို ​မေး​မြန်း​ရာမှာလည်း​ ထုတ်​ပြောဖို့​ အချိန်မတန်​သေး​ဘူး​လို့​ ​ပြောပါတယ်။

ဒါ​ပေမယ့်​ ​ကေအိုင်အို ​ပြောခွင့်​ရသူ ဦး​လနန်း​က​တော့​ ​ယေဘုယျအား​ဖြင့်​ ငြိမ်း​ချမ်း​ရေး​နဲ့​ပတ်သက်တဲ့​ ​ကေအိုင်​အေသ​ဘောထား​ကို သွား​ရောက်​ပြောဆိုတာလို့​ ဆိုပါတယ်။

“ဘာ​တွေ​ပြောဆိုတယ်ဆိုတာက​တော့​ ကျ​နော်တို့​ ခါတိုင်း​ပြော​နေတဲ့​ အချက်ကို သွား​ပြီး​တော့​ အသိ​ပေး​တဲ့​သ​ဘောလို့​ အဲလိုပဲနား​လည်ထား​တယ်။ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲ ဆိုတဲ့​နေရာမှာ နိုင်ငံ​ရေး​တွေ့​ဆုံ​ဆွေး​နွေး​မှုသာ အဓိကအ​ရေး​ကြီး​တဲ့​အ​ကြောင်း​တွေ ဒီအချက်​တွေကိုပဲ ​ပြောမှာပါ။ ဦး​အောင်မင်း​နဲ့​တွေ့​ဖို့​ ကမ်း​လှမ်း​လာတဲ့​နေရာမှာ​တော့​ အခုကချင်ပြည်နယ်မှာ ဖြစ်​နေတဲ့​ကိစ္စကို အ​သေး​စိတ် သမ္မတကြီး​က မသိဘူး​။ ဒါ​ကြောင့်​မို့​ သမ္မတဘက်ကို ဘာ​တွေအသိ​ပေး​စေချင်သလဲ၊​ သူက ပြန်​ပြောပြ​ပေး​မယ်။ သမ္မတက အ​သေး​စိတ် ဘာမှမသိရဘူး​ဆိုပြီး​တော့​ ကမ်း​လှမ်း​လာတဲ့​အတွက်​ကြောင့်​ ကျ​နော်တို့​အဖွဲ့​လည်း​ သွား​တွေ့​ဖို့​ အစီအစဉ်လုပ်တာပါ။ သွား​တွေ့​တဲ့​အခါမှာလည်း​ ဒီမှာဖြစ်​နေတဲ့​ဖြစ်စဉ်​တွေအလိုက် ပြီး​တော့​ ဒီပြည်နယ်အဆင့်​နဲ့​ ကျ​နော်တို့​ စာနဲ့​အ​ပေး​အယူလုပ်တဲ့​ကိစ္စ​တွေ။ ​နောက် ဇွန် ၃၀ ရယ်၊​ ဩဂုတ် ၁ ရက်၊​ ၂ ရက်​နေ့​တွေမှာ အဲဒီမှာ​တွေ့​ကြတဲ့​ ဗွီဒီယိုမှတ်တမ်း​တွေ​ပေါ့​။ အား​လုံး​ပြန်ပို့​လိုက်တယ်။ သမ္မတမသိဘူး​ဆိုလို့​ ပြန်ပို့​ပေး​မယ်ဆိုတဲ့​ သ​ဘောပါပဲခင်ဗျာ။”

ကချင်လွတ်လပ်​ရေး​တပ်မ​တော် ကိုယ်စား​လှယ်နဲ့​တွေ့​ဆုံတဲ့​နေရာမှာ​တော့​ အပစ်အခတ်ရပ်စဲ​ရေး​နဲ့​ပတ်သက်ပြီး​ ​ဆွေး​နွေး​တာမရှိဘူး​လို့​ ​ကေအိုင်အို ​ပြောခွင့်​ရ ဦး​လနန်း​က ​ပြောပါတယ်။

အစိုး​ရတပ်ဟာ ကချင်တပ်မ​တော်ကို လာ​ရောက်ထိုး​စစ်ဆင်တာဖြစ်တဲ့​ အပစ်အခတ်ရပ်​ရေး​ မရပ်​ရေး​ဟာ အစိုး​ရအ​ပေါ်မှာသာ မူတည်​ကြောင်း​ ဦး​လနန်း​က ​ပြောပါတယ်။

“အပစ်အခတ်ရပ်​ရေး​ မရပ်​ရေး​က အစိုး​ရဘက်မှာပဲ မူတည်တယ်။ အခုဟာက ကျ​နော်တို့​ ​ကေအိုင်အိုက​နေပြီး​တော့​ ထိုး​စစ်လုပ်တဲ့​ကိစ္စမဟုတ်ဘူး​။ သူတို့​အစိုး​ရ စစ်တပ်​တွေက အလုံး​အရင်း​နဲ့​ ဝင်လာပြီး​တော့​ ထိုး​စစ်ဆင်တဲ့​ စစ်ဆင်​ရေး​လုပ်တဲ့​ လုပ်ငန်း​ဖြစ်​တော့​ သူတို့​ဘက်မှာပဲ မူတည်ပါတယ်။ ကျ​နော်တို့​က​တော့​ အပစ်အခတ် ရပ်​ရေး​၊​ မရပ်​ရေး​ ကိစ္စကို သိပ်အဓိကမထား​ဘူး​။ နိုင်ငံ​ရေး​ဆွေး​နွေး​မှု ဖြစ်​ပေါ်မှုလမ်း​ကြောင်း​ကို တွန်း​ပို့​သွား​မယ်ဆိုတဲ့​ ဟာမျိုး​ကိုပဲ ကျ​နော်တို့​ ​ကေအိုင်အိုက အဲလိုသ​ဘောမျိုး​ ရှိတယ်ခင်ဗျ။”

ကေအိုင်အိုဟာ ၁၉၉၄ ခုနှစ်ကစပြီး​ စစ်အစိုး​ရနဲ့​ အပစ်အခတ် ရပ်စဲထား​သော တိုင်း​ရင်း​သား​ လက်နက်ကိုင်တပ်ဖွဲ့​ ဖြစ်ပြီး​ နယ်ခြား​စောင့်​တပ်အသွင်​ပြောင်း​ဖို့​ ငြင်း​ဆိုခဲ့​တဲ့​အတွက် ပြီး​ခဲ့​တဲ့​ ဇွန်လကစပြီး​ အစိုး​ရနဲ့​ တိုက်ပွဲ ပြန်လည် ဖြစ်ပွား​ခဲ့​ပါတယ်။

တိုက်ပွဲဖြစ်ပွား​မှုအတွင်း​ အစိုး​ရပြည်နယ်ကိုယ်စား​လှယ်နဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​မှု​တွေ လုပ်ခဲ့​ပေမယ့်​ နှစ်ဘက်သ​ဘောတူညီမှုမရရှိဘဲ ဒီ​နေ့​အထိ ​နေ့​စဉ်ဆိုသလို တိုက်ပွဲ​တွေ ဆက်လက်ဖြစ်ပွား​နေဆဲ ဖြစ်ပါတယ်။

ဝန်ကြီး​ ဦး​အောင်မင်း​ ဦး​ဆောင်တဲ့​ အစိုး​ရကိုယ်စား​လှယ်အဖွဲ့​ဟာ ပြီး​ခဲ့​တဲ့​ စ​နေ​နေ့​က ​ကေအိုင်အို ကိုယ်စား​လှယ်အဖွဲ့​သာမက ကရင်အမျိုး​သား​အစည်း​အရုံး​ (​ကေအန်ယူ)၊​ ကရင်နီအမျိုး​သား​တိုး​တက်​ရေး​ပါတီ (​ကေအန်ပီပီ)၊​ ရှမ်း​ပြည်တပ်မ​တော် ရှမ်း​ပြည် ပြန်လည်ထူ​ထောင်​ရေး​ကောင်စီ (အက်စ်အက်စ်​အေ- အာစီအက်စ်အက်စ်)၊​ ချင်း​အမျိုး​သား​တပ်ဦး​ (စီအန်အက်ဖ်) တို့​နဲ့​လည်း​ ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​ပါတယ်။

ရှမ်း​ပြည်တပ်မ​တော်နဲ့​ ချင်း​အမျိုး​သား​တပ်ဦး​တို့​နဲ့​ ​တွေ့​ဆုံရာမှုအတွင်း​ နှစ်ဘက်အပစ်အခတ် ရပ်စဲဖို့​ မူအား​ဖြင့်​ သ​ဘောတူခဲ့​ပြီး​ ​နေပြည်​တော်မှာ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ပွဲ​တွေ ပြုလုပ်နိုင်​အောင် ပဏာမအဆင့်​ ညှိနှိုင်း​ဆွေး​နွေး​မှု​တွေ ပြုလုပ်ခဲ့​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013