A d v e r t i s e m e n t With Us

ပင်လယ်ကူး​သ​င်္ဘောနစ်မြုပ်၊​ မြန်မာသ​င်္ဘောသား​ ၄ ဦး​ ​ပျောက်ဆုံး​နေ

တောင်တရုတ်ပင်လယ်ထဲမှာ ​တောင်ကိုရီး​ယား​ ကုန်တင်သ​င်္ဘောတစီး​ နစ်မြုပ်ပြီး​ မြန်မာ သ​င်္ဘောသား​ ၄ ဦး​အပါအဝင် သ​င်္ဘောသား​ ၈ ဦး​ ​ပျောက်ဆုံး​နေတယ်လို့​ကိုရီး​ယား​ ယွန်ဟပ်သတင်း​မှာ ​ဖော်ပြပါတယ်။ တန်ချိန် ၁ ​သောင်း​ခွဲရှိတဲ့​ သ​င်္ဘောဟာ မ​လေး​ရှား​က​နေ တရုတ်နိုင်ငံကို အသွား​ တနင်္လာ​နေ့​က ​ဟောင်​ကောင်ကျွန်း​တောင်ဘက်မှာ လှိုင်း​ကြီး​လေထန်မှု​ကြောင့်​ နစ်မြုပ်သွား​တာပါ။ သ​င်္ဘော​ပေါ်မှာ သ​င်္ဘောသား​ ၂၁ ဦး​လိုက်ပါသွား​ရာမှာ လတ်တ​လော သ​င်္ဘောသား​ ၁၃ ဦး​ကို တခြား​ကုန်တင်သ​င်္ဘောတစ်စီး​က ရှာ​ဖွေနိုင်ခဲ့​တဲ့​ အ​ကြောင်း​နဲ့​ ​ပျောက်ဆုံး​နေတဲ့​ သ​င်္ဘောသား​တွေကို ​ဟောင်​ကောင်နဲ့​ဗီယက်နမ် ကယ်ဆယ်​ရေး​အဖွဲ့​တွေ ရှာ​ဖွေ​နေဆဲပဲလို့​ သတင်း​မှာ ​ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up