မြန်မာ့ပင်လယ်ပြင်တွင် ငါးခိုးဖမ်းသည့် ထိုင်းစက်လှေတစီး ဖမ်းမိ
DVB
·
December 25, 2016
ကော့သောင်းမြို့အနီး မြန်မာ့ပင်လယ်ပြင်မှာ ငါးခိုးဖမ်းတဲ့ စက်လှေတစီးကို ရေတပ်က ဖမ်းမိပြီး စက်လှေမှာ မြန်မာ ၄ ဦးနဲ့ ထိုင်းတဦး ပါတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နားက ပင်လယ်ပြင်မှာ ဒီဇင်ဘာ၂၃ ရက်မှာ တပ်မတော်ရေက ဖမ်းမိတာဖြစ်ပြီး စက်လှေပိုင်ရှင်က ထိုင်းနိုင်ငံ၊ ရနောင်မြို့နေ MISS KRUAWAN ဆိုသူဖြစ်ပါတယ်။
ဖမ်းဆီးရမိသူငါးဦးအား တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်မယ်လို့ သတင်းမှာ ဖော်ပြပါတယ်။