A d v e r t i s e m e n t With Us

ဦး​ခွန်ထွန်း​ဦး​နှင့်​ ကိုမင်း​ကိုနိုင် ကို မိသား​စု​တွေ့​ခွင့်​ရ

ခွန်ထွန်းဦး​
အခုလ ၁၆ ရက်​နေ့​တုန်း​က ​ထောင်​ပြောင်း​ရွှေ့ခံထား​ရတဲ့​ နိုင်ငံ​ရေး​ အကျဉ်း​သား​တချို့​ကို မိသား​စုဝင်​တွေက ဒီ​နေ့​ ​ထောင်ဝင်စာ သွား​ရောက် ​တွေ့​ဆုံ​ပါတယ်။ [caption id="attachment_17925" align="alignright" width="180" caption="မင်းကိုနိုင်"][/caption] အခုလ ၁၆ ရက်​နေ့​က ရှမ်း​ပြည်နယ် ကျိုင်း​တုံ​ထောင်က​နေ သရက်​ထောင်ကို ​ပြောင်း​ရွှေ့​ထား​တဲ့​ ၈၈ မျိုး​ဆက် ​ကျောင်း​သား​ခေါင်း​ဆောင် ကိုမင်း​ကိုနိုင်ကို မိသား​စုဝင်​တွေက ဒီက​နေ့​ ​တွေ့​ခွင့်​ ရရှိခဲ့​ပါတယ်။ ကိုမင်း​ကိုနိုင်ကို ​ထောင်ဝင်စာ သွား​တွေ့​ခဲ့​တဲ့​ အစ်မတဦး​က “​တွေ့​ခွင့်​ရပါတယ်။ မိနစ် ၂၀ ​ကျော်​ကျော် စကား​ပြောခွင့်​ရပါတယ်။ အခုပဲ​တွေ့​ပြီး​ ထွက်လာတာပါ။ ကျမလည်း​ ​ပြောင်း​လိုက်​ရွှေ့​လိုက်နဲ့​ဆို​တော့​ ဘယ်လို​ရွှေ့​လည်း​ ဘယ်လမ်း​ကလာလည်း​ပေါ့​၊​ ​နေ​ကောင်း​ရဲ့​လား​၊​ ဘာပစ္စည်း​တွေ လိုအပ်သလဲ။ အဲဒါ​တွေပဲ ​မေး​လိုက်ရပါတယ်။ ​အောင်လံက​နေ သရက်ကို သဗ္မာန်နဲ့​ ကူး​ရလား​လို့​ ​မေး​တော့​ မဟုတ်ဘူး​တဲ့​။ သူ့​ကို မင်း​တုန်း​၊​ ကံမဘက်က​နေ ကား​နဲ့​ပတ်​ခေါ်တာတဲ့​။ နည်း​နည်း​တော့​ ပင်ပန်း​တာ​ပေါ့​။ ခရီး​ဆက်တိုက်ဖြစ်သွား​တော့​။” ထောင်​ပြောင်း​ရွှေ့​မှု​ကြောင့်​ အနည်း​ငယ်ပင်ပန်း​တာကလွဲရင် ကိုမင်း​ကိုနိုင် ​နေ​ကောင်း​ ကျန်း​မာတယ်လို့​ ​ပြောပါတယ်။ ရှမ်း​တိုင်း​ရင်း​သား​ခေါင်း​ဆောင် ဦး​ခွန်ထွန်း​ဦး​ကိုလည်း​ ပူတာအို​ထောင်က​နေ ​တောင်ငူ​ထောင်ကို ​ပြောင်း​ရွှေ့​ထား​တယ်လို့​ ရှမ်း​တိုင်း​ရင်း​သား​များ​ ဒီမိုက​ရေစီအဖွဲ့​ချုပ် ​ပြောခွင့်​ရ ဦး​စိုင်း​လိတ်က ​ပြောပါတယ်။ [caption id="attachment_18119" align="alignright" width="217" caption="ခွန်ထွန်းဦး​"][/caption] “ပူတာအိုက​နေ မြစ်ကြီး​နား​ကို ​လေယာဉ်နဲ့​ပို့​တယ်။ မြစ်ကြီး​နား​မှာ နှစ်ည နား​တယ်။ ပြီး​တော့​ မြစ်ကြီး​နား​က​နေ မန္တ​လေး​ကို ​လေယာဉ်နဲ့​ပို့​တယ်။ မန္တ​လေး​မှာ တည ထပ်နား​ပြီး​တော့​ စ​နေ​နေ့​ ကား​နဲ့​ပြန်ထွက်လာတယ်။ မ​နေ့​ကမနက်ပဲ ​တောင်ငူကို ​ရောက်ပါတယ်။” ဦး​ခွန်ထွန်း​ဦး​ကို ​တောင်ငူ​ထောင်မှာ မိသား​စုဝင်​တွေက ဒီက​နေ့​ သွား​ရောက် ​တွေ့​ဆုံ​နေပြီး​ ပြန်လာမှ အကျိုး​အ​ကြောင်း​ သိရမယ်လို့​ ဆိုပါတယ်။ ၂၀၀၇ သံဃာ့​သပိတ်​ခေါင်း​ဆောင် အရှင်ဂမ္ဘီရကိုလည်း​ အာဏာပိုင်​တွေက စစ်ကိုင်း​တိုင်း​ က​လေး​ထောင်က​နေ ဧရာဝတီတိုင်း​ ​မြောင်း​မြ​ထောင်ကို ​ပြောင်း​ရွှေ့​ထား​ပါတယ်။ အရှင်ဂမ္ဘီရနဲ့​ ​တွေ့​နိုင်ဖို့​ အစ်မ​တော်ဖြစ်သူ မခင်သူ​ဌေး​ ဒီက​နေ့​ ​မြောင်း​မြ​ထောင်ကို သွား​တယ်လို့​ သိရပါတယ်။ အရှင်ဂမ္ဘီရကို အခုလ ၁၆ ရက်​နေ့​က က​လေး​ထောင်က​နေ အင်း​စိန်​ထောင်၊​ အဲဒီ​နောက် ​မြောင်း​မြ​ထောင်ကို ထပ်​ပြောင်း​လိုက်တာဖြစ်ပါတယ်။ အရှင်ဂမ္ဘီရကို ​မြောင်း​မြ ​ထောင်မပို့​ခင် အင်း​စိန်က စစ်​ခွေး​တိုက်မှာ ထား​တယ်လို့​ ​သောကြာ​နေ့​က အင်း​စိန်​ထောင်က လွတ်လာတဲ့​ နိုင်ငံ​ရေး​ အကျဉ်း​သား​တဦး​က ​ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up