Home
မေးမြန်းခန်း
ဒီအ​ရွေ့​တခုတည်း​နဲ့​ ဒီမိုက​ရေစီလှုပ်ရှား​မှုကြီး​ ရပ်မသွား​ပါဘူး​ (ရဲ​ဘော်သံခဲနှင့်​ ​မေး​မြန်း​ချက်)
နေသွင်
·
November 20, 2011
စစ်အစိုး​ရ ​ရေး​ဆွဲခဲ့​တဲ့​ ၂၀၀၈ ဖွဲ့​စည်း​ပုံကို လက်မခံတဲ့​အတွက် မနှစ်က ​ရွေး​ကောက်ပွဲကို သပိတ်​မှောက်ခဲ့​တဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ​နောက်ပြန် နိုင်ငံ​ရေး​ခြေလှမ်း​အဖြစ် ​နောင်လာမယ့်​ ​ရွေး​ကောက်ပွဲ​တွေမှာ ဝင်​ရောက်ယှဉ်ပြိုင်ဖို့​ နိုဝင်ဘာလ ၁၈ ရက်​နေ့​မှာ ဆုံး​ဖြတ်လိုက်ပါတယ်။ [caption id="attachment_17249" align="alignright" width="300" caption="​အေဘီအက်စ်ဒီအက်ဖ်ဥက္ကဋ္ဌ ကိုသံခဲ"][/caption] ဒီမိုက​ရေစီလှုပ်ရှား​မှုရဲ့​ အဓိက ပါတီရဲ့​ အဆုံး​အဖြတ်​ကြောင့်​ မြန်မာပြည် ဒီမိုကရေစီလှုပ်ရှားမှုမှာ ဘယ်လို သက်​ရောက်မှု​တွေ ရှိနိုင်မလဲ ဆိုတာကို ​ကျောင်း​သား​တပ်မ​တော် (မြန်မာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​များ​ ဒီမိုကရက်တစ်တပ်ဦး​) ရဲ့​ ဥက္ကဋ္ဌ ရဲ​ဘော်သံခဲကို ​မေး​မြန်း​ထား​ပါတယ်။ ဒီဆုံး​ဖြတ်ချက်အ​ပေါ် ​ကျောင်း​သား​တပ်မ​တော်အ​နေနဲ့​ ဘယ်လိုများ​ မှတ်ချက်​ပေး​ချင်တာ ရှိပါသလဲ။ “ဒီမိုက​ရေစီ အဖွဲ့​အစည်း​ကြီး​တခုဖြစ်တဲ့​ ၁၉၉၀ အနိုင်ရပါတီကြီး​ တခုက အခုလိုမျိုး​ ပါတီမှတ်ပုံတင်မယ်။ ​နောက်တခုက ​ရွေး​ကောက်ပွဲ ထပ်ဝင်မယ်ဆိုတာ ကျ​နော်တို့​အား​လုံး​အတွက် ထည့်​သွင်း​စဉ်း​စား​ရမယ့်​ အချက်​တွေထဲက တချက်ဖြစ်တယ်။ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်ရဲ့​ ပြည်သူလူထုအကျိုး​အတွက် ကြိုး​ပမ်း​ဆောင်ရွက်မှုထဲက ဖြစ်စဉ်တခုလို့​ပဲယူဆတယ်။ ဒါ​ပေမယ့်​ ဒီဖြစ်စဉ်က အား​လုံး​လိုလား​တဲ့​ အတိုင်း​အတာ ဘယ်​လောက်ထိ​ရောက်မလဲဆိုတာ ကျ​နော်တို့​အ​နေနဲ့​ အထူး​စိုး​ရိမ်ဖွယ်ရာ ရှိပါတယ်။” စိုး​ရိမ်တယ်ဆိုတာ ဘယ်အချက်​တွေကို ​ထောက်ပြီး​ စိုး​ရိမ်တယ်လို့​ ​ပြောတာလဲ။ “နံပါတ်တစ်က​တော့​ ဒီ​နေ့​အ​ခြေအ​နေအရပ်ရပ်မှာ အာဏာရယူထား​တဲ့​ အစိုး​ရဘက်မှာ အ​ခြေခံအခက်အခဲ ၂ ခုရှိတယ်လို့​ ကျ​နော်တို့​မြင်ပါတယ်။ တခုက​တော့​ တရား​ဝင်မှုဆိုင်ရာ ပြဿနာနဲ့​ ​နောက်တခုက​တော့​ တည်ငြိမ်မှုဆိုင်ရာ ပြဿနာပဲ ဖြစ်ပါတယ်။ တရား​ဝင်မှုဆိုင်ရာ ပြဿနာကို ​ဖြေရှင်း​ဖို့​အတွက်ဆိုရင် နိုင်ငံတကာက ​ထောက်ပြပြီး​တော့​မှ ​ဝေဖန်ခဲ့​ကြတဲ့​ ၂၀၀၈ ဖွဲ့​စည်း​ပုံပြဋ္ဌာန်း​ချက်​တွေ ရှိတယ်။ ၂၀၁၀ ​ရွေး​ကောက်ပွဲမှာ အင်အား​သုံး​ပြီး​တော့​ စစ်တပ်​နောက်ခံ ကြံ့​ဖွံ့​ပါတီအ​နေနဲ့​က အနိုင်ရယူခဲ့​တာ​တွေရှိတယ်။ ဒီအ​ခြေခံကာလမှာ တရား​ဝင်မှုဆိုင်ရာ ပြဿနာအ​နေနဲ့​ ​ကျော်လွှား​နိုင်ဖို့​ဆိုရင် ဒီမိုက​ရေစီ ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်ရဲ့​ ပူး​ပေါင်း​ပါဝင်မှုက အင်မတန်မှအ​ရေး​ကြီး​တယ်။ အဲ့​လို အ​ခြေခံကာလမှာ ​ဒေါ်​အောင်ဆန်း​စုကြည်​ရော၊​ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်က ဆုံး​ဖြတ်လိုက်တာဟာ တနည်း​တဖုံအား​ဖြင့်​ ၂ဝဝဂဖွဲ့​စည်း​ပုံ အ​ခြေခံ​အောက်ကိုလည်း​ ​ရောက်သွား​နိုင်သလို ၂၀၁၀ ​ရွေး​ကောက်ပွဲ​တွေ အ​ပေါ်မှာလည်း​ တဖက်က​နေ အသိအမှတ်ပြုသွား​နိုင်တဲ့​ သ​ဘောရှိပါတယ်။ ဒါ​ကြောင့်​မို့​ ဒီတရား​ဝင်မှုဆိုင်ရာကို ကိုယ့်​ဘက်က​နေ ​ပေး​လိုက်ရတဲ့​အ​နေအထား​မျိုး​ကို စိုး​ရိမ်တယ်။ ဒုတိယတချက်က​တော့​ တည်ငြိမ်မှုဆိုင်ရာပြဿနာမှာလည်း​ ကျ​နော်တို့​တိုင်း​ပြည်ရဲ့​ မတည်ငြိမ်နိုင်တဲ့​ အ​ခြေအ​နေကို ၂၀၀၈ အ​ခြေခံဥပ​ဒေ​ဘောင်ထဲက​နေ တခုတည်း​သွား​ပြီး​တော့​မှ ​ဖြေရှင်း​မယ်ဆိုရင် ကျ​နော်တို့​ အ​ဖြေထွက်ဖို့​နည်း​လမ်း​တွေက ​ဝေး​ဦး​မယ်လို့​ ယူဆပါတယ်။ ဒါ​ကြောင့်​မို့​ ကျ​နော်တို့​ စိုး​ရိမ်တယ်ဆိုတဲ့​ အ​ကြောင်း​ကို ကျ​နော်တို့​ ထည့်​သွင်း​ဖော်ပြရခြင်း​ ဖြစ်ပါတယ်။” ဟုတ်ကဲ့​။ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ မိန့်​ခွန်း​ထဲမှာ​ပြောသွား​တာရှိပါတယ်။ ဒီ​ရွေး​ကောက်ပွဲဝင်တယ်ဆိုတာက သူတို့​မနှစ်က ထုတ်တဲ့​ကြေညာချက်​ပေါ့​။ ​ရွှေဂုံတိုင်​ကြေညာချက်မှာဆိုရင် ၂၀၀၈ ဖွဲ့​စည်း​ပုံပြင်ဆင်​ရေး​ဆိုတဲ့​ အပိုင်း​ကို အဓိက ​ပြောထား​တဲ့​အချက်တချက်​ပေါ့​။ အဲ​တော့​ အခု​ရွေး​ကောက်ပွဲဝင်တယ်ဆိုရင် ၂၀၀၈ ဖွဲ့​စည်း​ပုံပြင်ဆင်​ရေး​ဟာ အဓိက လုပ်ငန်း​စဉ်ထဲမှာ တခုပါမယ်ဆိုတာမျိုး​ သူ​ပြောသွား​ပါတယ်။ ဒါ​ပေမယ့်​ ပုံစံက​တော့​ လွှတ်​တော်ပုံစံမျိုး​ပေါက်သွား​တာ​ပေါ့​။ အဲဒီ​တော့​ ဒီအ​ခြေအ​နေက ဖြစ်နိုင်မဖြစ်နိုင် ကိုသံခဲတို့​ ဘယ်လိုများ​ ယူဆပါသလဲ။ “ကျ​နော့်​ရဲ့​ ယူဆချက်က​တော့​ ဗမာပြည်ရဲ့​ ပြုပြင်​ပြောင်း​လဲ​ရေး​ကို ကြည့်​ရင် ကန့်​လန့်​တိုက်​နေတာက ၂၀၀၈ ဖွဲ့​စည်း​ပုံအ​ခြေခံ ဥပ​ဒေပါပဲ။ ဒါကို ကျ​နော်တို့​အ​နေနဲ့​ ​ကျော်လွှား​ဖို့​ပဲဖြစ်ဖြစ်၊​ ပြုပြင်ဖို့​ပဲဖြစ်ဖြစ်၊​ ဒီလိုလုပ်​ဆောင်တဲ့​နေရာမှာ လွှတ်​တော်​ဘောင်ထဲက လုပ်​ဆောင်မယ်ဆိုတဲ့​ ​ရွေး​ချယ်မှုတခုတည်း​နဲ့​ သွား​လို့​မရဘူး​လို့​ မြင်ပါတယ်။ အထူး​သဖြင့်​က​တော့​ ၂၀၀၈ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေ​အောက်မှာ ကျ​နော်တို့​တ​တွေရဲ့​ ​ပြော​ရေး​ဆိုခွင့်​ရှိတဲ့​အ​နေအထား​တွေ ​နောက်တခုက​တော့​ ကျ​နော်တို့​တွေရဲ့​ ရနိုင်တဲ့​ လွတ်လပ်မှု​တွေဟာ အင်မတန်မှ တင်း​ကျပ်တဲ့​ဘောင်ထဲမှာ ရှိပါတယ်။ ဒီအ​ခြေခံ ဥပ​ဒေ​အောက်မှာ ကျ​နော်တို့​တွေက ရသ​လောက်နဲ့​ယူ၊​ ရသ​လောက်နဲ့​ပြောဆိုတဲ့​ အ​ခြေခံကာလက အား​လုံး​ထည့်​သွင်း​ စဉ်း​စား​စရာပဲ။ ပြုပြင်​ပြောင်း​လဲ​ရေး​ကို ထည့်​သွင်း​စဉ်း​စား​ရာမှာ လွှတ်​တော်ထဲမှာ ​ဆောင်ရွက်​နေတာ​တွေ ရှိ​ကောင်း​ရှိမယ်။ သို့​ပေမယ့်​ ကျ​နော်တို့​ ယူဆတာ​တော့​ ဒီလွှတ်​တော်ထဲမှာ ​ဆောင်ရွက်ချက်​တွေက ကျ​နော်တို့​လိုချင်တဲ့​ အ​ရွေ့​ကို ​ရောက်နိုင်တဲ့​အား​ တခုတည်း​လို့​တော့​ မထင်ဘူး​။ ကျ​နော်တို့​မှာ လုပ်နိုင်စရာ လွှတ်​တော်ပြင်ပက လုပ်ရမယ့်​လုပ်ငန်း​တွေ ရှိတယ်။ ​နောက်တခုက ဘက်​ပေါင်း​စုံက​နေ ကိုယ့်​ရဲ့​လွတ်လပ်မှု​တွေအတွက် ​တောင်း​ဆိုတိုက်ပွဲဝင်ရမယ့်​ တိုက်ပွဲ​တွေ ရှိ​သေး​တယ်။ စည်း​ရုံး​ရမယ့်​ တိုက်ပွဲ​တွေရှိ​သေး​တယ်လို့​ ကျ​နော်တို့​ ယူဆပါတယ်။” ​ဒေါ်​အောင်ဆန်း​စုကြည် ဦး​ဆောင်တဲ့​ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်ရဲ့​ လှုပ်ရှား​မှုက ဒီမိုက​ရေစီ လှုပ်ရှား​မှုရဲ့​ အဓိကမဏ္ဍိုင်လို ပင်မလိုဖြစ်​နေတာ​ပေါ့​။ ပင်မမဏ္ဍိုင်ကြီး​က ​ရွေး​ကောက်ပွဲလမ်း​ကြောင်း​ကို ​ရွေး​သွား​တယ်ဆို​တော့​ အပြင်မှာကျန်ခဲ့​တဲ့​ အင်အား​စု​တွေရဲ့​အ​နေအထား​က ဘယ်လိုဖြစ်သွား​မလဲ။ “ကျ​နော်တို့​မြင်တာက​တော့​ ဒီအ​ရွေ့​က ဘာပဲဖြစ်ဖြစ် ကျ​နော်တို့​အ​နေနဲ့​ အထူး​ဂရုစိုက်ရမယ့်​ အ​ရွေ့​တခုလို့​ ယူဆပါတယ်။ ၂၃ နှစ်တိုင်တိုင် တပ်ဦး​က​နေ ရပ်တည်ခဲ့​တဲ့​ ပါတီတခုက ​ရွေး​ကောက်ပွဲဝင်မယ်။ ​နောက်တခုက ပါတီပြန်ပြီး​ မှတ်ပုံတင်မယ်ဆိုတဲ့​ ဆုံး​ဖြတ်ချက်က ကျ​နော်တို့​အား​လုံး​နဲ့​ အထူး​လေ့​လာ ဆန်း​စစ်ရမယ့်​ ကိစ္စဖြစ်ပါတယ်။ သို့​သော်လည်း​ပဲ ကျ​နော်တို့​ယူဆတာက ဒီအ​ရွေ့​တခုတည်း​နဲ့​ ဒီမိုက​ရေစီ လှုပ်ရှား​မှုကြီး​က ရပ်မသွား​ဘူး​လို့​ ထင်ပါတယ်။ အထူး​သဖြင့်​က​တော့​ ဒီဟာက ခုန​ပြောသလို နိုင်ငံတကာရဲ့​ သ​ဘောထား​ ပြုပြင်​ပြောင်း​လဲမှု​တွေတခု ဖြစ်​ကောင်း​ဖြစ်သွား​နိုင်ပါတယ်။ သို့​သော်လည်း​ပဲ ကျ​နော်တို့​တွေရဲ့​ ဒီမိုက​ရေစီ လှုပ်ရှား​မှုက ကျ​နော်တို့​ယုံကြည်တဲ့​ လမ်း​ပေါ်မှာ အခုနိုင်ငံ​ရေး​အ​ခြေအ​နေ​တွေက ဘာမှတည်ငြိမ်​နေတဲ့​အ​ခြေအ​နေ​တွေ မဟုတ်ဘူး​။ အသွင်ကူး​ပြောင်း​ဖို့​ နိုင်ငံ​ရေး​ဖြစ်စဉ်ထဲကို ​ရောက်​နေတာလည်း​ မဟုတ်ဘူး​။ ကျ​နော်တို့​ မှာ တဘက်နဲ့​တဘက် ယုံကြည်စိတ်ချနိုင်​လောက်တဲ့​ အခင်း​အကျင်း​လည်း​ မဟုတ်​သေး​ဘူး​။ ဒါ​ကြောင့်​မို့​ ကျ​နော်တို့​ ယူဆတာ​တော့​ ကျ​နော်တို့​တောင်း​ဆိုချက်​တွေ နိုင်ငံ​ရေး​ အကျဉ်း​သား​တွေ လွတ်​မြောက်​ရေး​၊​ တတိုင်း​ပြည်ုလုံး​ ခုန​ပြောသလို တည်ငြိမ်​ရေး​၊​ ငြိမ်း​ချမ်း​ရေး​၊​ အပစ်အခတ်​တွေကို အစိုး​ရဘက်က စတင်ရပ်တန့်​ရေး​နဲ့​ နိုင်ငံ​ရေး​အရ တန်း​တူ​ဆွေး​နွေး​ပွဲ​တွေ ဖြစ်​ပေါ်လာဖို့​ ဆက်လက်တိုက်ပွဲဝင်ရဦး​မယ်လို့​ပဲ ကျ​နော်တို့​ ယူဆပါတယ်။” လက်နက်ကိုင် တိုင်း​ရင်း​သား​အင်အား​စု​တွေ​ပေါ့​လေ။ တချို့​ဆွေး​နွေး​နေတာ ရှိပါတယ်။ ဥပမာ ​ကေအန်ယူဆိုရင် အခုမှစပြီး​တော့​ ဘန်​ကောက်မှာ ​ဆွေး​နွေး​မယ်ဆိုပြီး​ ကြား​နေရပါတယ်။ အဲ​တော့​ ​အေဘီအက်စ်ဒီအက်ဖ် အ​နေနဲ့​ကျ​တော့​ကော ဘယ်အချိန်မှာ အစိုး​ရနဲ့​ဆွေး​နွေး​ဖို့​ အဆင်သင့်​ဖြစ်ပါမလဲ။ “အခုချိန်ထိ ကျ​နော်တို့​ရဲ့​ မဟာမိတ်​တွေရဲ့​ အ​နေအထား​ကို အ​လေး​ထား​ ​စောင့်​ကြည့်​နေတာဖြစ်ပါတယ်။ အထူး​သဖြင့်​က​တော့​ လက်နက်ကိုင် ​တော်လှန်​ရေး​ဆိုတာ အမျိုး​သား​တန်း​တူ​ရေး​နဲ့​ ကိုယ်ပိုင်ပြဌာန်း​ခွင့်​ တိုက်ပွဲ​တွေ​နောက်က ထွက်​ပေါ်လာတာ ဖြစ်ပါတယ်။ အမျိုး​သား​တန်း​တူ​ရေး​နဲ့​ ကိုယ်ပိုင်ပြဌာန်း​ခွင့်​ အ​ခြေအ​နေ​တွေကို နိုင်ငံ​ရေး​ဘောင်ထဲက​ဖြေရှင်း​ဖို့​ ကြိုး​စား​နေတဲ့​ ​ခြေလှမ်း​တရပ်လို့​ ကျ​နော်တို့​ ယူဆပါတယ်။ အဲဒီ​ခြေလှမ်း​တွေက နိုင်ငံ​ရေး​အဆင့်​ကို မတက်လှမ်း​နိုင်သ​ရွေ့​ ခုန​ပြောတဲ့​ လက်နက်ကိုင်​တော်လှန်​ရေး​ ဘက်ကို ပြန်ပြီး​တော့​မှ ကူး​လှဲ့​လာနိုင်တဲ့​အ​နေအထား​ရှိတယ်။ ဒီ​တော့​ ကျ​နော်တခု ပွင့်​ပွင့်​လင်း​လင်း​ ထပ်ပြီး​တော့​ ​ပြောချင်တာက ဒီ​နေ့​အကျပ်အတည်း​ကို ခုလို အပစ်အခတ် ရပ်စဲ​ရေး​တွေ ခွဲပြီး​လုပ်​နေတာကိုက အစိုး​ရဘက်မှာ စစ်​ရေး​အကျပ်အတည်း​တွေ ရှိတယ်လို့​ ယူဆတယ်။ ​နောက်တခုက နိုင်ငံတကာမှာ လုံခြုံ​ရေး​ဆိုင်ရာ တည်ငြိမ်မှုကို ပြချင်တဲ့​သ​ဘော​တွေ ရှိတယ်။ ဒါကို အသည်း​အသန် စစ်​ရေး​အကျပ်အတည်း​တွေကို ​ကျော်လွှား​ဖို့​ လုံခြုံမှုကို ထိန်း​သိမ်း​နိုင်​ကြောင်း​ ပြချင်လို့​ အပစ်အခတ် ရပ်စဲ​ရေး​တွေကို တွန်း​ပြီး​တော့​ ပုံသဏ္ဌာန်မျိုး​စုံနဲ့​ ချဉ်း​ကပ်လုပ်​နေတယ်လို့​ ယူဆတယ်။ ဒါဟာ ​နောက်ကွယ်က နိုင်ငံ​ရေး​အ​ဖြေကို ​ရောက်ဖို့​အတွက် ​ခြေလှမ်း​တွေ အများ​ကြီး​လို​သေး​တဲ့​အတွက် ကျ​နော်တို့​အ​နေနဲ့​ ဒီအ​ပေါ်မှာ တဖွဲ့​ချင်း​အလိုက် ထည့်​သွင်း​စဉ်း​စား​ဖို့​က ခုချိန်ထိ​တော့​ မရှိ​သေး​ပါဘူး​။” ​ဒေါ်​အောင်ဆန်း​စုကြည်က ​နောက်ဆုံး​အ​ပြောင်း​အလဲ​တွေ​ပေါ့​။ အ​ပြောင်း​အလဲ တချို့​ဆိုတာ ပါတီများ​မှတ်ပုံတင်ခြင်း​ ကိစ္စလို ပုဒ်မတချို့​ ပြင်လိုက်တာမျိုး​ပေါ့​။ ​ကျေနပ်ဖွယ်ရှိတယ်။ ၉၀ ​ရွေး​ကောက်ပွဲ ရလဒ်ကို ပယ်ဖျက်လို့​မရဘူး​။ ​နောက်တခုက လွှတ်​တော်ဥက္ကဋ္ဌကိုယ်တိုင်ကိုက ဒါအသိအမှတ်ပြုတယ်လို့​ ​ပြောတာ ဒါလက်ခံနိုင်စရာရှိတယ်ဆိုတာမျိုး​ပေါ့​။ ဒီအခင်း​အကျင်း​ဟာ လက်ခံနိုင်တဲ့​ အခင်း​အကျင်း​ ဖြစ်လို့​ သူ​ရွေး​ကောက်ပွဲဝင်တယ်ဆိုတာမျိုး​ ​ပြောပါတယ်။ ဒီလက်ရှိအ​ပြောင်း​အလဲ​တွေက တကယ်ပဲ စစ်မှန်တဲ့​အ​ပြောင်း​အလဲ​တွေလား​။ ​နောက်ပြန်မလှည့်​တဲ့​အ​ပြောင်း​အလဲ​တွေလား​။ ဘယ်လိုမျိုး​ယူဆပါသလဲ။ “စစ်မှန်တဲ့​အ​ပြောင်း​အလဲလို့​လည်း​ မယူဆဘူး​။ ​နောက်ပြီး​တော့​ ​နောက်ပြန်မလှည့်​နိုင်တဲ့​ ​ပြောင်း​လဲမှုလို့​လည်း​ မယူဆဘူး​။ အထူး​သဖြင့်​က​တော့​ ခုချိန်ထိ ၈၈ က​ခေါင်း​ဆောင်​တွေ ​ကျောင်း​သား​ခေါင်း​ဆောင်​တွေက အခုချိန်ထိ ​ထောင်ထဲမှာရှိ​သေး​တယ်။ တိုင်း​ရင်း​သား​ဒေသမှာ အထူး​သဖြင့်​ ကချင်​ဒေသမှာ တိုက်ပွဲ​တွေက ဆက်ပြီး​တော့​ ပြင်း​ပြင်း​ထန်ထန် ဖြစ်​နေတယ်။ တတိုင်း​ပြည်လုံး​မှာ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှု​တွေက အသွင်မျိုး​စုံနဲ့​ရှိ​နေ​သေး​တယ်။ ​နောက်တချက်က ကျ​နော်တို့​လူထုမှာ အ​ခြေခံ ဒီမိုက​ရေစီ အခွင့်​အ​ရေး​ဆိုတာ ဘာမှမရှိဘူး​။ ပိတ်ပင်ထား​စဲဖြစ်တယ်။ ဒါ​ကြောင့်​မို့​ ကျ​နော်တို့​အ​နေနဲ့​က ဒီအခင်း​အကျင်း​က ယုံကြည်နိုင်တဲ့​အခင်း​အကျင်း​ မဟုတ်ဘူး​။ ​နောက်တခုက ဘယ်​လောက်ပဲ ​ရွေး​ကောက်ပွဲကို ဝင်မယ်လို့​ပြော​နေ​နေ၊​ ဒီ​နေ့​ ၂၀၀၈ အ​ခြေခံဥပ​ဒေ ​အောက်မှာပဲဖြစ်ဖြစ်၊​ ခုန​ပြောတဲ့​အ​ခြေခံ အချက်အလက်​တွေ​အောက်မှာ လွတ်လပ်ပြီး​ တရား​မျှတတဲ့​ ​ရွေး​ကောက်ပွဲဆိုတာ ကျင်း​ပနိုင်တဲ့​ နိုင်ငံ​ရေး​အခင်း​အကျင်း​ မ​ရောက်​သေး​ဘူး​လို့​ ယူဆပါတယ်။ အဲဒီအတွက် ကျ​နော်တို့​တွေအ​နေနဲ့​က​တော့​ ​နောက်ပြန်မလှည့်​နိုင်တဲ့​ ​ပြောင်း​လဲမှုဆိုတာ လက်မခံပါဘူး​။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024