DVB Logo
Home
မြန်မာသတင်း
ရှမ်း​ပြည်တပ်မ​တော်နှင့်​ အစိုး​ရ ပဏာမ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး
DVB
·
November 21, 2011
ရှမ်း​ပြည်တပ်မ​တော်နှင့်​ အစိုး​ရ ပဏာမ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး
Donate to DVB

ရှမ်း​ပြည်လွတ်​မြောက်​ရေး​အတွက် လက်နက်ကိုင်တိုက်ပွဲဝင်​နေတဲ့​ ရှမ်း​ပြည်တပ်မ​တော်၊​ ရှမ်း​ပြည် ပြန်လည် ထူ​ထောင်​ရေး​ကောင်စီ SSA- RCSS ဟာ ပြီး​ခဲ့​တဲ့​ စ​နေ​နေ့​က ထိုင်း​-မြန်မာ နယ်စပ် တ​နေရာမှာ အပစ်အခတ်ရပ်စဲ​ရေး​ကိစ္စ ပဏာမ ​ဆွေး​နွေး​ခဲ့​ကြပါတယ်။

[caption id="attachment_18102" align="alignright" width="300" caption="RCSS​ အဖွဲ့နှင့်​​ မြန်မာငြိမ်းချမ်းရေးအဖွဲ့ ​ဆွေးနွေးနေစဉ်​ (photo-SSA/RCSS)"][/caption]

ဒီ​ဆွေး​နွေး​ပွဲကို မြန်မာအစိုး​ရဘက်က မြန်မာ့​မီး​ရထား​ပို့​ဆောင်​ရေး​ ဝန်ကြီး​ ဦး​အောင်မင်း​ ဦး​ဆောင်ပြီး​ ရှမ်း​ပြည် ပြန်လည်ထူ​ထောင်​ရေး​ ​ကောင်စီဘက်က ဒုတိယဗိုလ်ချုပ်ကြီး​ ရွက်စစ်က ဦး​ဆောင်ပြီး​ ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​ပါတယ်။

စ​နေ​နေ့​ မနက် ၉ နာရီ က​နေ ၁၀ နာရီခွဲထိ အချိန် တနာရီခွဲကြာ ပြုလုပ်ခဲ့​တဲ့​ ​ဆွေး​နွေး​ပွဲမှာ အစိုး​ရကိုယ်စား​လှယ်​တွေဘက်က နှစ်ဘက် အပစ်အခတ်ရပ်စဲ​ရေး​၊​ နှစ်ဖက်ဆက်ဆံ​ရေး​ရုံး​တွေ ဖွင့်​လှစ်ထား​ရှိ​ရေး​၊​ နှစ်ဖက်နယ်​မြေထဲမှာ လက်နက် မကိုင်​ဆောင်ဘဲ ဖြတ်သန်း​သွား​လာခွင့်​ပြု​ရေး​နဲ့​ ဗဟိုအစိုး​ရနဲ့​ တိုက်ရိုက်​ဆွေး​နွေး​ဖို့​ အချိန်​နေရာ သတ်မှတ်​ရေး​ အချက် ၄ ချက် တင်ပြခဲ့​ပါတယ်။

ရှမ်း​ပြည်တပ်မ​တော်ဘက်က​တော့​ နှစ်ဘက် အပစ်ခတ် ရပ်​ရေး​၊​ နိုင်ငံ​ရေး​ပြဿနာကို ​ဆွေး​နွေး​ညှိနှိုင်း​ ​ဖြေရှင်း​ရေး​၊​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ဆောင်ရွက်ဖို့​ ကိုယ်ပိုင်နယ်​မြေ သတ်မှတ်​ရေး​၊​ မူး​ယစ်​ဆေး​ဝါး​ ပူး​ပေါင်း​တိုက်ဖျက်​ရေး​ ကိစ္စ​တွေ တင်ပြခဲ့​ပါတယ်။

နှစ်ဘက်တင်ပြချက်​တွေဟာ အပြုသ​ဘော​ဆောင်တယ်လို့​ ရှမ်း​ပြည် တပ်မ​တော်ဘက်​ပြောခွင့်​ရ ဗိုလ်မှူး​ စိုင်း​လောဝ်ဆိုင်က ခုလို​ပြောပါတယ်။

“ပထမအချက်မှာ​တော့​ ကျ​နော်တို့​မူအား​ဖြင့်​ တိုက်ဆိုင်မှု​တွေ၊​ သ​ဘောထား​ခြင်း​လည်း​ တူညီတယ်ဆိုပြီး​တော့​ မူအား​ဖြင့်​ သ​ဘောတူလက်ခံတဲ့​ အ​ကြောင်း​တော့​ ကျ​နော်တို့​ အကြမ်း​ဖျဉ်း​ပြောကြား​ထား​တယ်။ ကျ​နော်တို့​ အချက်သုံး​ချက်မှာဆိုရင်​တော့​ အပြုသ​ဘော​ဆောင်တဲ့​ ပုံစံမျိုး​တွေ ​တွေ့​ရတယ်။ ​နောက်ပြီး​တော့​ ပထမအချက်မှာ ​ဆောင်ရွက်ဖို့​ အချက်တချက်မှာလည်း​ အပြုသ​ဘော​ဆောင်တဲ့​ သ​ဘောထား​မျိုး​ကို ကျ​နော်တို့​တွေ့​ရှိရတယ်။ လုပ်ငန်း​စဉ် အပြီး​ဆွေး​နွေး​တဲ့​နေရာမှာ သ​ဘောတူညီချက်​တွေ ရရှိမယ့်​ တရား​ဝင်လက်မှတ်​ရေး​ ထိုး​ဖို့​ စဉ်း​စား​ထား​ပါတယ်။”

ဆက်ဆံ​ရေး​ရုံး​ဖွင့်​ရေး​ကိစ္စမှာ​တော့​ မြန်မာအစိုး​ရဘက်က ​တောင်ကြီး​၊​ ခိုလမ်၊​ မိုင်း​တုံစတဲ့​ မြို့​ ၃မြို့​မှာ ဖွင့်​လှစ်ဖို့​တင်ပြပြီး​ ရှမ်း​ဘက်က​တော့​ ရှမ်း​ပြည် ​တောင်ပိုင်း​မြောက်ပိုင်း​ ကူး​သန်း​ရေး​ အချက်အချာကျတဲ့​ မန္တ​လေး​မြို့​ အပါအဝင် ရှမ်း​ပြည်အ​ရှေ့​ပိုင်း​၊​ ​တောင်ပိုင်း​၊​ ​မြောက်ပိုင်း​နဲ့​ အ​ရှေ့​ပိုင်း​တွေမှာရှိတဲ့​ စုစု​ပေါင်း​ ၁၀ မြို့​မှာ ဆက်ဆံ​ရေး​ရုံး​တွေဖွင့်​ဖို့​ တင်ပြခဲ့​တယ်။

အပစ်အခတ်ရပ် နယ်​မြေနဲ့​ ကိုယ်ပိုင်ဖွံ့​ဖြိုး​ရေး​ဆောင်ရွက်ဖို့​ နယ်​မြေ​တွေ သတ်မှတ်ပြီး​ရင် ဒုတိယအကြိမ် ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲကို ​နေပြည်​တော်မှာ လုပ်မယ့်​အ​ကြောင်း​ တတိယအဆင့်​အ​နေနဲ့​ တိုင်း​ရင်း​သား​လက်နက်ကိုင် အဖွဲ့​အား​လုံး​ ပါဝင်တဲ့​ ညီလာခံတခု ​နေပြည်​တော်မှာ ကျင်း​ပမယ်လို့​လည်း​ အစိုး​ရဘက်က ​ပြောခဲ့​တယ်လို့​ ဗိုလ်မှူး​ စိုင်း​လောဝ်ဆိုင်က ဆက်​ပြောပါတယ်။ ဒါ​ပေမယ့်​ ​နေ့​ရက် အချိန် မသတ်မှတ်ရ​သေး​ပါဘူး​လို့​ဆိုပါတယ်။

ထိုင်း​-မြန်မာနယ်စပ် လွိုင်တိုင်း​လျဲန်း​ အ​ခြေစိုက် ရှမ်း​ပြည်တပ်မ​တော်၊​ ရှမ်း​ပြည် ပြန်လည်ထူ​ထောင်​ရေး​ကောင်စီ SSA- RCSS ဟာ ယခင် ဦး​ခွန်ဆာ ​ခေါင်း​ဆောင်တဲ့​ အမ်တီ​အေ အဖွဲ့​က​နေ ခွဲထွက်ခဲ့​တဲ့​ အဖွဲ့​တဖွဲ့​ ဖြစ်ပါတယ်။

၁၉၉၅ ခုနှစ် ဦး​ခွန်ဆာ လက်နက်ချအလင်း​ဝင်​ရောက်ခဲ့​တဲ့​အထဲ မပါဝင်ခဲ့​ဘဲ ရှမ်း​ပြည်တပ်မ​တော်​တောင်ပိုင်း​အ​နေနဲ့​ ဆက်လက်တိုက်ပွဲဝင်ခဲ့​ပါတယ်။ ၂၀၁၁ ​မေလမှာ ရှမ်း​ပြည်တပ်မ​တော် ​တောင်ပိုင်း​နဲ့​ ​မြောက်ပိုင်း​အဖွဲ့​ မူအရ တဖွဲ့​တည်း​ ​ပေါင်း​စည်း​ခဲ့​တယ်။

ဒါ​ပေမယ့်​ ဝမ့်​ဟိုင်း​ အ​ခြေစိုက် ရှမ်း​ပြည် တပ်မ​တော် ​မြောက်ပိုင်း​ ရှမ်း​ပြည်တိုး​တက်​ရေး​ပါတီ SSA- SSPP က​တော့​ ညီညွတ်​သော တိုင်း​ရင်း​သား​ လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီရဲ့​ မူဝါဒအတိုင်း​ ​ဆွေး​နွေး​သွား​မယ်လို့​ ရှမ်း​ပြည် တိုး​တက်​ရေး​ပါတီက ​ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013