Homeမြန်မာသတင်း
သီးနှံမျိုးစုံ မျိုးကောင်းမျိုးသန့် ပူးပေါင်းထုတ်လိုသည့် ပုဂ္ဂလိက လာရောက်လျောက်ထားသူ ၆ ဦးရှိ
သီးနှံမျိုးစုံ မျိုးကောင်းမျိုးသန့် ပူးပေါင်းထုတ်လိုသည့် ပုဂ္ဂလိက လာရောက်လျောက်ထားသူ ၆ ဦးရှိ
DVB
·
December 23, 2016
စပါး၊ ဆီထွက်သီးနှံအပါအ၀င် သီးနှံမျိုးစုံ မျိုးကောင်း မျိုးသန့် ပူးပေါင်းထုတ်လုပ်လိုတဲ့ ပုဂ္ဂလိက လာရောက် လျောက်ထားသူ ၆ ဦးရှိတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ၀န်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန (နည်းပညာ) ကနေ သတင်းရရှိပါတယ်။
မျိုးကောင်း၊ မျိုးသန့် ရရှိဖို့နဲ့ မျိုးသန့်လိုအပ်ချက်ကြောင့် လုပ်ဆောင်ရတာဖြစ်ပြီးတော့ လာရောက် လျောက်ထားသူတွေနဲ့ လာမယ့် ၂၀၁၇ ဇန်န၀ါရီလမှာ စတင်လုပ်ဆောင်သွားမယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန (နည်းပညာ) ဒုတိယ ညွှန်ကြားရေး မှူးချုပ်က ပြောပါတယ်။
ဒီအစီအစဉ်ကို စိတ်ဝင်စားသတွေ လျှောက်ထားနိုင်ဖို့ တိုင်းနဲ့ ပြည်နယ်အလိုက် အဆိုပြုလွှာတွေ ခေါ်ယူနေပါတယ်။
သတင်း - AMIA