DVB Logo
Home
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့အနီး ငလျင်လှုပ်
DVB
·
November 21, 2011
Donate to DVB

မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့အနီးမှာ အင်အား​ အသင့်အတင့်ရှိတဲ့ မြေငလျင်တခု ဒီကနေ့​ လှုပ်ခတ်သွားတယ်လို့ မိုးလေ၀သနဲ့ဇလဗေဒဌာနက ပြောပါတယ်။

ငလျင်ဟာ  ဒီကနေ့ မနက် ၉ နာရီ ၄၆ မိနစ် ၅၆ စက္ကန့် အချိန်မှာ  မန္တလေးမြေ ငလျင်စခန်းကနေ အနောက်မြောက်ဘက်  မိုင် ၂၁၀ ခန့် အကွာ၊  ဟုမ္မလင်းမြို့ အရှေ့မြောက်ဘက် မိုင် ၂၀ လောက်  အကွာကို ဗဟိုပြုပြီး အင်အားရစ်ခ်ျတာစကေး  ၅.၉ ရှိ ငလျင်တခု လှုပ်ခတ်သွားတယ်လို့  မိုး/ ဇလ တာဝန်ရှိသူတဦးက ပြောပါတယ်။

ငလျင်လှုပ်ခတ်မှုနဲ့ ပတ်သက်ပြီး လူတွေ ထိခိုက်မှု ရှိမရှိနဲ့  အပျက်အစီး ရှိ မရှိ မသိရသေးပါဘူး။

ငလျင်အ​ခြေအ​နေနဲ့​ ပတ်သက်ပြီး​ ဟုမ္မလင်း​မြို့​အနီး​ရှိ ထမံသီး​မြို့​ ​ဒေသခံတဦး​က အခုလို​ပြောပါတယ်။

“​တော်​တော်​တော့​ပြင်း​တယ်ရှင့်​။ အ​ရှေ့​နဲ့​အ​နောက်ကို ​တော်​တော်ဆွဲတာ ဟုတ်တယ်ရှင့်​။ တမံသီဘက်မှာ​တော့​ ဘာမှအပျက်အဆီး​ မရှိဘူး​။ ငလျှင်လှုပ်တာနဲ့​ ထိုင်​နေကြတာပဲ။”

မြန်မာမိုး​လေဝသနဲ့​ သ​ဘော​ဘေး​အန္တရာယ်ဆိုင်ရာ ပညာရှင် ​ဒေါက်တာဦး​ထွန်း​လွင်က​တော့​ စစ်ကိုင်း​တိုင်း​ဒေသကြီး​ဟာ မြန်မာနိုင်ငံရဲ့​ ငလျင်အလှုပ်နိုင်ဆုံး​ ​ဒေသတခု ဖြစ်တယ်လို့​ ​ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ငလျင်အလှုပ်ဆုံး​ ​ဒေသမှာ စစ်ကိုင်း​တိုင်း​အထက်ပိုင်း​ပါတယ်။ အဲဒါက​တော့​ အဲဒီတ​ကြောက​တော့​ ရှိပါတယ်။ အ​နောက်ဘက်က အိန္ဒိယ အာသံနဲ့​ အစပ်​ပေါ့​။ အ​ရှေ့​ဘက်​တော့​ တရုတ်ယူနန်​ပေါ့​။ ၂ ပိုင်း​ပေါ့​။ တပိုင်း​စီ​ပေါ့​။ ဒီဘက်က​တော့​ အိန္ဒိယအစပ်​ပေါ့​။”

အမေရိကန် ဘူမိဗေဒလေ့လာရေးဌာနကတော့ မြန်မာနိုင်ငံတွင်းမှာ ငလျင်လှုပ်ခတ်သွားကြောင်း  အတည်ပြုထုတ်ပြန်ထားပြီး အိန္ဒိယကလာတဲ့ သတင်းတွေမှာတော့ ငလျင်ဟာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် မဏိပူပြည်နယ် မြို့တော် အင်ဖာကနေ အရှေ့ဘက် ကီလိုမီတာ ၁၃၀ လောက် ဝေးတဲ့နေရာမှာ လှုပ်ခတ်သွားတယ်လို့ ရေးထားပါတယ်။

အိန္ဒိယနိုင်ငံ​ အာသံ၊ နာဂလန်းနဲ့  မဏိပူပြည်နယ်တွေမှာ ငလျင်ဒဏ် ခံစားခဲ့ရတယ်လို ရေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့အနီး ငလျင်လှုပ်