တရုတ်ဈေးကွက်သို့ မြန်မာ့ဆန် တင်ပို့မှုလျော့ကျ
DVB
·
December 22, 2016

အခုနှစ်မှာ မြန်မာ့ဆန်ကို တရုတ်နိုင်ငံ ဈေးကွက်ကို တင်ပို့မှုလျော့ကျသွားတဲ့အတွက် ပြီးခဲ့တဲ့နှစ် ပြည်ပဆန်ပို့မှု ပမာဏနဲ့ နှိုင်းယှဉ်ရင် ဆန်တန်ချိန် ၅ သိန်းခန့် လျော့ကျသွားတယ်လို့ မြန်မာနိုင်ငံ ဆန်ကုန်သည်ကြီးများ အသင်းက သတင်း ရရှိပါတယ်။
၂၀၁၅ ခုနှစ် ဒီဇင်ဘာလက ပြည်ပကို ဆန်တန်ချိန် ၉ သိန်းဝန်းကျင် တင်ပို့နိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ ဆန်တန်ချိန် ၄ သိန်းကျော်သာ တင်ပို့ထားနိုင်တယ်လို့ မြန်မာနိုင်ငံ ဆန်ကုန်သည်ကြီးများအသင်း အတွင်းရေးမှူး ဦးအောင်မြင့်က ပြောပါတယ်။
အခုနှစ် နိုဝင်ဘာလ အတွင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မူဆယ်နယ်စပ် ဆန်တင်ပို့မှုကို ရပ်နားထားရ တယ်လို့ ဆိုပါတယ်။
သတင်း - AMIA