မြန်မာ့ဆန်ကို ကင်ညာနိုင်ငံကဝယ်ယူရန် ကမ်းလှမ်း
DVB
·
December 21, 2016
မြန်မာနိုင်ငံကထွက်တဲ့ ဆန်တွေကို အာဖရိကတိုက်ရှိ ကင်ညာနိုင်ငံက ရသလောက်ဝယ်ယူဖို့ ကမ်းလှမ်းလာတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက စုံစမ်းသိရပါတယ်။
လက်ရှိမှာတော့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေဖြစ်တဲ့ သင်္ဘောတင်မယ့်ကိစ္စတွေ အပါအဝင် နှစ်ဖက်အဆင်ပြေတဲ့ဈေးနှုန်း ဖြစ်အောင်လည်း ညှိနှိုင်းနေတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောပါတယ်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အောက်တိုဘာ ၁၄ ရက်အထိ နိုင်ငံပေါင်း ၃၃ နိုင်ငံကို မြန်မာ့ဆန်တင်ပို့မှုကနေ ဒေါ်လာ ၁၄၅ သန်းကျော်ရရှိခဲ့ပြီး ပြည်ပတင်ပို့မှုတွေရဲ့ ၈၅ ရာခိုင်နှုန်းကျော်က တရုတ်နိုင်ငံကို တင်ပို့ထားတာ ဖြစ်ပါတယ်။