DVB Logo
Home
မြန်မာသတင်း
အရှင် ဂမ္ဘီရနှင့်​​ ကိုမင်းကိုနိုင်ကို တွေ့ခွင့်ရရန် မိသားစု ကြိုးပမ်း
DVB
·
November 20, 2011
အရှင် ဂမ္ဘီရနှင့်​​ ကိုမင်းကိုနိုင်ကို တွေ့ခွင့်ရရန် မိသားစု ကြိုးပမ်း
Donate to DVB

ရွှေဝါရောင်တော်လှန်ရေး သံဃာ့ခေါင်းဆောင် အရှင်ဂမ္ဘီရနဲ့​ ၈၈ မျိုးဆက်ကျောင်းသား ကိုမင်းကိုနိုင်တို့ကို​ ​မိသားစုဝင်တွေက​ ​ထောင်ဝင်စာ တွေ့ခွင့်ရဖို့ ကြိုးပမ်းနေကြပါတယ်။

[caption id="attachment_17655" align="alignleft" width="280" caption="အရှင်ဂမ္ဘီရ"][/caption]

၂၀၀၇ သံဃာ့သပိတ်​ ​ခေါင်းဆောင် အရှင်ဂမ္ဘီရကို​​ ​မြောင်းမြထောင်ကို​ ​ပြောင်းရွှေ့ထားပြီး​ ​မနက်ဖြန်မှာ သွားတွေ့ဖို့ ​ထောင်ကို​ ​အကြောင်းကြားထားတယ်လို့ အမဖြစ်သူ မခင်သူ​ဌေး​က​ ​ပြောပါတယ်။

အရှင်ဂမ္ဘီရကို စစ်ကိုင်းတိုင်း ကလေးထောင်ကနေ အင်းစိန်၊ အဲဒီနောက် မြောင်းမြထောင်ကို ထပ်ပြောင်းလိုက်တာလို့ မခင်သူဌေးက ဆိုပါတယ်။

“ဗုဒ္ဓဟူးနေ့ ည မိုးချုပ်တော့ အင်းစိန်ကို ရောက်တယ်လေ။ ကြာသပတေးနေ့ မနက်ကျတော့ အစောကြီး ခေါ်ထုတ်သွားတယ်။ ကျမ အဲဒီ ကြာသပတေးနေ့က သွားစုံစမ်းတော့​ ​နောက်တနေ့မှ ပြန်လာခဲ့ပါလို့ ပြောတယ်။ အဲဒါနဲ့ သောကြာနေ့ကျတော့ ကျမ သွားတယ်။ ၈ နာရီလောက် ရောက်တာကို နေ့ခင်း ၁၂ နာရီလောက်မှပဲ သူတို့ အစည်းအဝေးထိုင် ဆုံးဖြတ်ပြီး ကျမကို ပြောတယ်။”

အရှင်ဂမ္ဘီရကို မြောင်းမြထောင်မပို့ခင်မှာ အင်းစိန်က စစ်ခွေးတိုက်မှာ ထားတယ်လို့ သောကြာနေ့က အင်းစိန်ထောင်က လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတဦးကလည်း  ဒီဗွီဘီကို ပြောပါတယ်။

[caption id="attachment_16547" align="alignright" width="136" caption="မင်းကိုနိုင်"][/caption]

အလားတူပဲ ရှမ်းပြည်ကျိုင်းတုံထောင်ကနေ သရက်ထောင်ကို ပြောင်းရွှေ့ထားတဲ့ ၈၈ မျိုးဆက်​ ​ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကိုလည်း မနက်ဖြန်မှာ သွားတွေ့ဖို့ မိသားစုက စီစဉ်နေတယ်လို့ စုံစမ်းသိရပါတယ်။

၂၀၀၇ သံဃာ့သပိတ်ခေါင်းဆောင် အရှင်ဂမ္ဘီရကို စစ်အစိုးရက ထောင်ဒဏ် ၆၃ နှစ်ချမှတ်ခဲ့တာဖြစ်ပြီး၊ ကိုမင်းကိုနိုင်ကိုတော့ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ထားပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ကို ထောင်ပြောင်းတာတွေ လုပ်ခဲ့ပြီး၊ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးကို ပူတာအိုထောင်ကနေ တောင်ငူထောင်၊ ၈၈ မျိုး​ဆက် ​ကျောင်း​သားအဖွဲ့က​ မနီလာသိန်းကို သရက်ထောင်က သာယာဝတီထောင်ကို ​ပြောင်း​ရွှေ့လိုက်တယ်လို့ မိသား​စုဝင်​တွေက ဒီဗွီဘီကို​ ပြောပါတယ်။

မကြာခင်ရက်ပိုင်းကပဲ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရတဲ့သူတွေကို ပြန်မလွှတ်ပေးခင်၊ မိသားစုနဲ့နီးရာ ထောင်တွေကို ပြောင်းပေးဖို့ သမ္မတ ဦးသိန်းစိန်ကို မေတ္တာရပ်ခံခဲ့ပါတယ်။

မနေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ ကျင်းပတဲ့ အရှေ့အာရှ အစည်းအဝေးမှာ မြန်မာသမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ တိုက်တွန်းခဲ့ပြီး၊ တရက်တည်းမှာ သီးခြားပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ သမ္မတ ဦးသိန်းစိန်က မြန်မာပြည်မှာ နိုင်ငံရေး အကျဉ်းသား မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013