Home
မြန်မာသတင်း
ဒေါပုံသင်္ဘောကျင်းလမ်းဆုံတွင် လူကူးခုံးကျော်တံတားဆောက်မည်
ကျော်ဇေယျာဝင်း
·
December 20, 2016
ရန်ကုန်မြို့တွင်းနဲ့နီးစပ်တဲ့ ဒေါပုံမြို့နယ်က သင်္ဘောကျင်းလမ်းဆုံမှာ လူကူးခုံးကျော်တံတား တစင်းကို လာမယ့်ဘဏ္ဍာနှစ်အတွင်း တည်ဆောက်ဖို့ လျာထားတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြည်သူ့လွှတ်တော်မှာ ပြောပါတယ်။ ဒေါပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးပြုံးချိုက ဒေါပုံသင်္ဘောကျင်းလမ်းဆုံ လမ်းမကျယ်ကြီးမှာ အများပြည်သူတွေ ဘေးကင်းလုံးခြုံစွာ ဖြတ်သန်းနိုင်ဖို့ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာမှာ ဝန်ကြီးက ဖြေကြားသွားတာပါ။ “ဒေါပုံမြို့နယ်ရှိ သဘောင်္ကျင်းလမ်းဆုံလမ်းမကြီးမှာ ကုန်သေတ္တာတင်ယာဉ်ကြီးများ၊ ခရီးသည်တင်မော်တော်ယာဉ်လိုင်းများ စသဖြင့် မော်တော်ယာဉ်အမျိုးမျိုးတို့နဲ့ အများပြည်သူတို့ စဉ်ဆက်မပြတ် သွားလာနေကြသောကြောင့် လမ်းမကြီးရဲ့တဖက် ယာဉ်သွားလမ်းမမှ အခြား တဖက်သို့ ဖြတ်ကူးသွားလာရာမှာ ကြန့်ကြာမှုရှိခြင်း၊ မကြာခဏ ယာဉ်တိုက်မှုဖြစ်ပြီး အသက်ဆုံးရှုံးမှုများ ဖြစ်ပွားလျက်ရှိခြင်းတို့ကြောင့် အများပြည်သူများ ဘေးကင်းလုံခြုံစွာ ဖြတ်သန်း သွားလာနိုင်ရေးအတွက် လူကူးခုံးကျော်တံတားတစင်းအား လာမည့်ဘဏ္ဍာနှစ်များတွင် ဘဏ္ဍာငွေ ရရှိမှုပေါ်မူတည်ပြီးတော့ တည်ဆောက်ပေးသွားမှာဖြစ်ပါတယ်”လို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောပါတယ်။ အဲဒီသင်္ဘောကျင်းလမ်းဆုံဟာ မင်းနန္ဒာလမ်းမကြီးနဲ့ ယမုံနာလမ်းမကြီးမှာ တည်ရှိပြီး ကုန်သေတ္တာတင်ယာဉ်ကြီးတွေ၊ ခရီးသည်တင်ယာဉ်ကြီးတွေ မကြာခဏ တိမ်းမှောက်တာနဲ့ ယာဉ်မတော်တဆမှုလည်း မကြာခဏဖြစ်ပေါ်လေ့ရှိသလို ဘတ်စ်ကားလိုင်းတွေက ခရီးသည် တင်ချတာတွေကို စည်ကမ်းမဲ့စွာ ပြုလုပ်နေတဲ့အတွက် ယာဉ်ကြောပိတ်ဆို့မှုလည်း မကြာခဏ ဖြစ်ပေါ်နေပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024