လွတ်လပ်ရေးနေ့အကြို ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် မြန်မာ့ရိုးရာခြင်းလုံးအလှခတ်ပြိုင်ပွဲ ကျင်းပ

မွန်ပြည်နယ် ရေးမြို့နယ် အစင်စံပြကျေးရွာ၌ နှစ် ၆၉ ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပိုက်ကျော်ခြင်းပြိုင်ပွဲနဲ့ ခြင်းလုံးအလှခတ်ပြိုင်ပွဲများကို ဒီဇင်ဘာ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့ နံနက် ၈ နာရီအချိန်က စည်ကားစွာ ပါဝင်ယှဉ်ပြိုင်ကစားခဲ့တယ်လို့ သိရပါတယ်။ ဖိတ်ခေါ်လွတ်လပ်ရေးအကြို ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်တွင် မော်လမြိုင်မြို့ ၁ အသင်းနဲ့ ရေးအသင်းမှ မော်လမြိုင်မြို့အသင်း ၁ က အနိုင်ရပြီး ပေါင်မြို့နယ် ၂ အသင်းနဲ့ မော်လမြိုင်မြို့ ၂ အသင်းတွင် ပေါင်မြို့နယ် ၂ အသင်းက အနိုင်ရ၍ ဗိုလ်လုပွဲကို ညနေ ၄ နာရီအချိန်က မော်လမြိုင်မြို့ ၁ အသင်းနဲ့ ပေါင်မြို့နယ် ၂ အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားရာ မော်လမြိုင်မြို့ ၁ အသင်းက အနိုင်ရ ဗိုလ်စွဲသွားပါတယ်။ ဆက်လက်၍ မြန်မာ့ရိုးရာ ခြင်းအလှခတ်ပြပွဲတွင် ဆီးဂိမ်းရွှေတံဆိပ်ဆုရှင် ခြင်းလုံးခတ် အလှပြမင်းသမီး မစာဥ၊ ဆီးဂိမ်းရွှေတံဆိပ်ဆုရှင် ခြင်းမင်းသား မောင်အောင်စိုးမိုး၊ ဆီးဂိမ်းရွှေတံဆိပ်ဆုရှင် မောင်မျိုးမင်းသူ၊ မြန်မာနိုင်ငံကျော် ခြင်းမင်းသားလေး မောင်မျိုးဆက်ပိုင်(ခြင်းဘီးလူး)၊ မွန်ပြည်နယ်၊ ရာမညမောင် ဦးသန်းဌေးနှင့်အဖွဲ့ ရေးမြို့နယ် ခြင်းဝါသနာရှင်များအဖွဲ့တို့က ပူးပေါင်း ပါဝင်ဆင်နွှဲအလှပြခတ်ကစားခဲ့ကြတယ်လို့ သိရပါတယ်။ ရေးမြို့နယ် အစင်စံပြကျေးရွာ ခြင်းလုံးဝါသနာရှင်များက ဦးစီးကျင်းပကာ လွတ်လပ်ရေးနေ့အကြို ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆု ဗိုလ်စွဲသွားသော မော်လမြိုင်မြို့ ၁ အသင်းကို ငွေကျပ် ၁၀ သိန်း၊ ဒုတိယဆုရရှိသော ပေါင်မြို့နယ် ၂ အသင်းကို ဆုငွေ ၅သိန်းကျပ်၊ တတိယဆုရသော အသင်းနဲ့ ခြင်းလုံးအလှပြခတ်ကြတဲ့ ပညာရှင် ဝါသနာရှင်များကိုလည်း ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ - နေမျိုးထွဋ်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up