DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် မြန်မာသမ္မတကို ဘန်ကီမွန်း တိုက်တွန်း
DVB
·
November 19, 2011
နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် မြန်မာသမ္မတကို ဘန်ကီမွန်း တိုက်တွန်း
1 / 2
Donate to DVB

နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက  ထပ်မံ တိုက်တွန်းလိုက်ပါတယ်။

[caption id="attachment_18035" align="alignright" width="300" caption="ဦးသိန်းစိန်နှင့် ဘန်ကီမွန်း (photo-reuters)"][/caption]

အင်ဒိုနီးရှားနိုင်ငံက အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ဘန်ကီမွန်းက မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ်မှာ အလေးအနက် တိုက်တွန်းလိုက်တာလို့ ဘန်ကီမွန်းက သတင်းထောက်တွေကို ​ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ဖို့ ၂၀၁၄ အထိ စောင့်ဖို့ မလိုဘူးလို့​ ​ပြောခဲ့တယ်လို့ ဘန်ကီမွန်းက​ ဆိုပါတယ်။ ဒီလိုဖြစ်လာဖို့ နိုင်ငံတကာက အကြီးအကျယ် မျှော်လင့်နေကြသလို၊ အဲဒီမျှော်လင့်ချက်ကို ဖြည့်ဆည်းပေးဖို့ သမ္မတ ဦးသိန်းစိန်မှာ တာဝန်ရှိတဲ့အကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒီ တွေ့ဆုံမှုမှာ သမ္မတ ဦးသိန်းစိန်ရဲ့ မြန်မာပြည်လာဖို့ ကမ်းလှမ်းချက်ကို ဘန်ကီမွန်းက လက်ခံလိုက်ပြီး စောနိုင်သမျှစောပြီး မြန်မာပြည်ကို လာဖို့ စီစဉ်မယ်လို့ ဘန်ကီမွန်းက ပြောဆိုပါတယ်။

ဘန်ကီမွန်းဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ၀ဏ္ဏမောင်လွင်နဲ့ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲမှာ သောကြာနေ့က သီးသန့် ဆွေးနွေးခဲ့ပါသေးတယ်။

ကုလသမဂ္ဂနဲ့ မြန်မာအစိုးရတို့ကြား ပိုပြီး ပူးပေါင်းဆောင်ရွက်သွားဖို့ ဆွေးနွေးခဲ့ကြပြီး၊  အကျိုးရှိတဲ့ ဆွေးနွေးပွဲဖြစ်တယ်လို့ ဦးဝဏ္ဏမောင်လွင်က သတင်းထောက်တွေကို ပြောပါတယ်။ နောက်ထပ် အသေးစိတ်တွေကိုတော့ ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။ လွန်ခဲ့တဲ့နှစ်တွေက မြန်မာအစိုးရဲ့ လူ့အခွင့်အရေးချိုးးဖာက်မှုတွေကြောင့် ကုလသမဂ္ဂရဲ့ ဘဏ္ဍာရေး အဖွဲ့အစည်းတွေ ဖြစ်တဲ့ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) တို့က ဆက်ဆံရေး ဖြတ်တောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းက အိုင်အမ်အဖ်က် အဖွဲ့က မြန်မာပြည်က အခြေအနေတွေကို စုံစမ်းဖို့ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် သွားရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013