DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီဆုံးဖြတ်ချက် အစိုးရ ကြိုဆို
DVB
·
November 18, 2011
အန်အယ်လ်ဒီဆုံးဖြတ်ချက် အစိုးရ ကြိုဆို
1 / 2
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီ ပါတီမှတ်ပုံတင်ပြီး ​ရွေးကောက်ပွဲဝင်မယ့် ဆုံးဖြတ်ချက်ကို​ ​မြန်မာအစိုးရက​ ​ကြိုဆိုလိုက်ပါတယ်။

[caption id="attachment_18027" align="alignright" width="300" caption="ဦးကျော်ဆန်း​​မီဒီယာများကို​ ဖြေကြားစဉ်"][/caption]

အာဆီယံ ထိပ်သီးစည်းဝေးပွဲတက်ဖို့ အင်ဒိုနီးရှားနိုင်ငံမှာ​ ​ရောက်နေတဲ့ မြန်မာအစိုးရ​ ​ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဆန်းကို အစည်းအဝေးအပြီး ရန်ကုန်တိုင်းမ် မီဒီယာဂရုပ်ဖ် ဦးကိုကို (စက်မှု)​ က​ မေးမြန်းရာမှာ​ ​ပြန်လည် ဖြေကြားခဲ့တာပါ။

ဒါ့အပြင် မြန်မာ-အမေရိကန်​ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်လာဖို့​ ​မျှော်လင့်တဲ့ အကြောင်း  ဦးကျော်ဆန်းက​ ​ပြောသွားတယ်လို့ ဦးကိုကိုက ပြောပြပါတယ်။

“သူဟာ မြန်မာနဲ့ အမေရိကန်ဆက်ဆံရေးက ၁၉၈၈ အရှေ့ပိုင်းမှာ ကောင်းခဲ့တယ်။ သို့သော် အမေရိကန်ဘက်ကပဲ သူတို့ နိုင်ငံခြားရေးမူဝါဒ ပြောင်းလဲလိုက်တဲ့အတွက်ကြောင့် ဆက်ဆံရေးက ဆိုးရွားခဲ့တယ်ပေါ့ဗျာ။ အခုအခါမှာ မြန်မာနိုင်ငံဘက်ကနေ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာတဲ့အချိန်မှာပဲ ဟီလာရီကလင်တန်က ကျနော်တို့ မြန်မာနိုင်ငံကို လာမယ်ဆိုတာဟာ မြန်မာနဲ့အမေရိကန် ဆက်ဆံရေးက  ပိုမိုကောင်းမွန်လာတဲ့ အနေအထား ဖြစ်လာလိမ့်မယ်လို့သူ မျှော်လင့်တဲ့အပြင်ကို ပုံမှန်အနေအထားကို ရောက်ရှိသွားမယ်လို့လည်း သူယုံကြည်တယ်၊ မျှော်လင့်တယ် ဆိုတဲ့အကြောင်းကို ဝန်ကြီးက ပြောသွားပါတယ်။”

[caption id="attachment_18025" align="alignleft" width="300" caption="photo-reuters"][/caption]

အာဆီယံထိပ်သီးဆွေးနွေးပွဲကို အမေရိကန်သမ္မတ အိုဘားမားလည်း တက်ရောက်ခဲ့ပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ဂျပန်ဝန်ကြီးချုပ်၊ တောင်ကိုရီးယား ၀န်ကြီးချုပ်တို့နဲ့လည်း ဒီကနေ့ သီးသန့်ဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး သတင်းတစုံတရာ ထုတ်ပြန်တာ​ မရှိပေမယ့်​ ​ဆွေးနွေးပွဲတွေဟာ ​နွေးနွေးထွေးထွေး ရှိတယ်လို့ သတင်းသမားတွေက သုံးသပ်ကြပါတယ်။

မြန်မာထိပ်တန်းခေါင်းဆောင်တဦးနဲ့ အမေရိကန်သမ္မတတို့ ဆွေးနွေးပွဲအတူ တက်ရောက်ကြတာဟာလည်း ၁၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးစည်းဝေးပွဲရဲ့ ထူးခြားချက်တခု ဖြစ်ပါတယ်။ သမ္မတနှစ်ဦး သီးသန့် တွေ့ဆုံဖို့ ရှိမရှိတော့ ခုချိန်ထိ မသိရသေးပါဘူး။

အာဆီယံ ထိပ်သီး စည်းဝေးပွဲတက်နေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ စည်းဝေးပွဲ သတင်းယူဖို့ ရောက်နေကြတဲ့ မြန်မာသတင်းသမားတွေ လာမယ့် နိုဝင်ဘာ ၁၉ ရက်၊ စနေနေ့ညနေ ငါးရီခွဲမှာ သီးသန့် တွေ့ဆုံဖို့ ရှိတယ်လို့ သတင်း ထွက်ပေါ်နေပါတယ်။

ဘီဘီစီ၊ အာအက်ဖ်အေနဲ့ ဗွီအိုအေ မြန်မာသတင်းဌာနတွေက သတင်းသမားတွေ အပါအ၀င် ပြည်တွင်း သတင်းဂျာနယ်တွေက သတင်းသမား ဆယ်ဦးကျော်ကို သမ္မတက တွေ့ဆုံဖို့ရှိပြီး၊ သတင်းသမားတွေ မေးမြန်းတာကို ဖြေကြားရင်တော့ ဒါဟာသမ္မတရဲ့ ပထမဆုံး မီဒီယာတွေ့ဆုံမှု ဖြစ်လာမှာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013