လားရှိုးခရစ္စမတ်အကြိုပွဲတော်၌ ၀တိုင်းရင်းသားများဖျော်ဖြေနေစဉ် (ဓာတ်ပုံ)
ခွန်ဇော်ဦး
·
December 18, 2016
ဝ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့နဲ့ တိုင်းရင်းသားပေါင်းစုံတို့က ဦးစီးပြီး ခရစ္စမတ်ပွဲတော် အကြိုဝတ်ပြုဖွင့်ပွဲကို ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် ၈ အားကစားကွင်းမှာ ဒီဇင်ဘာလ ၁၇ ရက်နေ့ကနေ ၁၉ ရက်နေ့ညပိုင်းထိ စည်ကားသိုက်မြိုက်စွာကျင်းပနေတယ်။
လားရှိုးမှာကျင်းပနေတဲ့ ခရစ္စမတ်အကြိုဝတ်ပြုပွဲကို တိုင်းရင်းသားရိုးရာ စာပေနှင့် ယဉ်ကျေးမှု အဖွဲ့အစည်းတွေ ဌာနဆိုင်ရာအသီးသီးက တာဝန်ရှိသူတွေ အထူးဖိတ်ကြားထားသူတွေနဲ့ ပြည်သူလူထုတွေ တက်ရောက်ပါဝင် ဆင်နွှဲနေကြပါတယ်။