ကျောက်​မဲခရိုင်​ရဲတပ်​ဖွဲ့ မှူးရုံးကို ဆိုင်ကယ်စီးလာသူက ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်

ရှမ်းပြည်နယ် ကျောက်မဲမြို့ ရပ်ကွက် ၈ ရှိ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှာ မနေ့ညနေက ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာမှာ အပျက်အစီးတချို့ရှိခဲ့ပေမယ့် လူတွေကတော့ထိခိုက်ဒဏ်ရာခဲ့တာ မရှိပါဘူး။ ဒီဇင်ဘာ၁၇ရက် ညနေ၆ နာရီခွဲလောက်က  ကျောက်မဲခရိုင်ရဲတပ်ဖွဲ့မှူးရုံးနဲ့ ကိုက်၂၀၀ လောက်အကွာမှာ ပေါက်ကွဲသံ ၂ ချက်ကြားရလို့ တာဝန်ရှိသူတွေက စစ်ဆေးကြည့်ရာမှာ ခရိုင်ရဲရုံးရဲ့ အနောက်ဘက်ခြမ်းပေ ၅၀ အကွာမှာ ၄၀ မမ ဗုံသီးလို့ယူဆရတဲ့ ဗုံးသီးထိပ်ဖူး အစ ၅ ခုတွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ ပေါက်ကွဲမှုကြောင့် အဆောက်ဦးရဲ့  ပြတင်းတံခါးမှန် ၂ ချပ်ကွဲအက်သွားခဲ့ပြီး တိုက်ခိုက်သူဟာ ဘယ်သူ ဘယ်အဖွဲ့အစည်းကလည်းဆိုတာနဲ့ ဘာကြောင့်တိုက်ခိုက်ရတာလဲဆိုတာတော့ မသိရသေးပါဘူး။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အစိုးရက အတည်ပြု သတင်းထုတ်ပြန်ထားပြီး ပေါက်ကွဲသံကြားပြီးနောက် ဆိုင်ကယ်တစ်စီးဟာ  ကျောက်မဲ-မိုင်းငေါ့သွား ကားလမ်းအတိုင်း အပြင်း မောင်းနှင်သွားကြောင်းနဲ့ ကားလမ်းဘက်ကနေ ၄၀ မမ ဗုံးသီးနဲ့ ပစ်ခတ်ထွက်ပြေးသွားတာလို့ ဆိုပါတယ်။

More News
Up