ဆူဇူကီး အကောင်းဆုံး လူငယ်ကစားသမား စာရင်း အဆင့် ၂ နေရာတွင် အောင်သူ ပါဝင်

မြန်မာ့လက်ရွေးစင်အသင်းရဲ့ လူငယ်တိုက်စစ်မှူး အောင်သူဟာ Goal.com ကရွေးချယ်မယ့် ဆူဇူကီးဖလားပြိုင်ပွဲရဲ့အကောင်းဆုံး လူငယ်ကစားသမားစာရင်းမှာ အဆင့် ၂ နေရာမှာရှိနေပါတယ်။ အောင်သူဟာ အွန်လိုင်းကပေးတဲ့မဲပေါင်း ၇၁၄၃ (၃၇ ရာခိုင်နှုန်း) ရထားပြီးတော့ အဆင့် ၂ နေရာမှာရှိနေခဲ့တာဖြစ်ပါတယ်။ ကမ္ဘောဒီးယားမက်ဆီလို့ တင်စားနေကြတဲ့ ချန်ဗန်ကာ ကတော့ မဲအရေအတွက် ၉၄၀၅ (၄၉ ရာခိုင်နှုန်း) ရထားပြီးတော့ထိပ်ဆုံးက ရပ်တည်နေတာပါ။ တတိယနေရာမှာကတော့ ကမ္ဘောဒီးယားလူငယ်ကစားသမား ချီရီယန်းပိုလ်ရောသ့် က ၁၄၉၆ မဲ နဲ့ရပ်တည်နေပြီး ဗီယက်နမ်လူငယ်ကစားသမား ဗူဗန်သန်ကတော့ ၁၀၂၂ မဲ (၅ ရာခိုင်နှုန်း)နဲ့ အသီးသီးရပ်တည်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up