Home
မြန်မာသတင်း
ထိုင်းတက္ကစီသမားကို ပစ်သတ်မှုဖြင့် မြန်မာအလုပ်သမားတဦး အဖမ်းခံရ
DVB
·
December 17, 2016
ထိုင်းနိုင်ငံအလယ်ပိုင်း ဆမွတ်ဆာခွန်းမြို့မှာ ထိုင်းတက္ကစီသမားတဦးကို ပစ်သတ်ခဲ့မှုသံသယနဲ့ မြန်မာအလုပ်သမား လူငယ်တစ်ဦးကို ထိုင်းရဲတွေက ဖမ်းဆီးထားတယ်လို့ ခေါဝ်ဆွတ်သတင်းမှာ ဖော်ပြပါတယ်။ ဒီဇင်ဘာ၁၃ ရက် မနက် ၁ နာရီခွဲအချိန်က ဆမွတ်ဆာခွန်းမြို့  ဘန်ပေါ်ရပ်ကွက် အ၀င်လမ်းမှာ အသက် ၅၃ နှစ်ရွယ် တက္ကစီမောင်းသမား ထိုင်းလူမျိုးတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပြီး ဒီအမှုနဲ့ ပတ်သက်လို့ ထိုင်းရဲတွေက ဆမွတ်ဆာခွန်းမှာ ပန်းရန်အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား မင်းရဲအောင် ( အသက် ၂၂ နှစ် ) ကို   လိုက်လံရှာဖွေနေတာပါ။ ဒီကနေ့ ဒီဇင်ဘာလ ၁၆ ရက် မနက် ၃ နာရီလောက်မှာတော့ ဘန်ကောက် ဆမဲဒမ်နယ်မြေ ဘန်ကရဒီလမ်းထဲမှာရှိ ဆောက်လုပ်ရေးအလုပ်သမားတွေနေတဲ့နေရာမှာ ပုန်းအောင်းနေတဲ့ မင်းရဲအောင်ကို ထိုင်းရဲတွေက ၀င်ရောက်ဖမ်းဆီးခဲ့ပါတယ်။ မင်းရဲအောင်က တက္ကစီသမားကို သေနတ်နဲ့ ပစ်ခဲ့ကြောင်း ၀န်ခံပြီး အဆိုပါသေနတ်ကို အခင်းဖြစ်ပွားရာနေရာအနီးရှိ ငါးမွေးမြူရေးကန်ထဲ လွှင့်ပစ်ခဲ့တယ်လို့  တာဝန်ရှိသူတွေကို ပြောပါတယ်။ ဒါပေမယ့် တက္ကစီသမားကို ပစ်သတ်ရတဲ့အကြောင်းရင်းနဲ့ သေနတ်ဘယ်ကရသလဲ ဆိုတာတွေကိုတော့ ဖွင့်ဟပြောဆိုခြင်းမရှိသေးဘူးလို့  ဆမွတ်ဆာခွန်းခရိုင်ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောကြောင်း ထိုင်းသတင်းမှာရေးပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024