DVB Logo
Home
မြန်မာသတင်း
အစိုး​ရတပ် ​ကေအိုင်​ရှေ့​တန်း​စခန်း​ကို ဝင်သိမ်း​ပြီး​ ​ကျေး​ရွာ​နေအိမ်အချို့​ကို မီး​ရှို့
DVB
·
November 18, 2011
အစိုး​ရတပ် ​ကေအိုင်​ရှေ့​တန်း​စခန်း​ကို ဝင်သိမ်း​ပြီး​ ​ကျေး​ရွာ​နေအိမ်အချို့​ကို မီး​ရှို့
Donate to DVB

မ​နေ့​က ဗန်း​မော်ခရိုင်၊​ မိုး​မောက်မြို့​နယ် အတွင်း​ရှိ ​ကေအိုင်​အေ (ကချင်လွတ်လပ်​ရေး​တပ်မ​တော်)ရဲ့​ ​ရှေ့​တန်း​ တပ်စခန်း​ကို တပ်မ ၈၈ လက်​အောက်ခံ တပ်ဖွဲ့​တွေက သိမ်း​ဆည်း​လိုက်ပါတယ်။

မိုး​မောက်မြို့​နယ်၊​ ဖကွန်ရွာအနီး​က ​ကေအိုင်​အေ၊​ တပ်ရင်း​ ၁၅ ရဲ့​ ​ရှေ့​တန်း​ တပ်စခန်း​ကို အခုလ ၉ ရက်​နေ့​တည်း​က တပ်မ ၈၈ လက်​အောက်ခံတပ်​တွေက တိုက်ခိုက်​နေခဲ့​ရာ မ​နေ့​က တ​နေကုန် တိုက်ပွဲဖြစ်ကာ ည​နေပိုင်း​က အဲဒီ​ကေအိုင်​အေ စခန်း​ကို သိမ်း​ခဲ့​ပြီး​ ဖကွန်​ကျေး​ရွာထဲက ​နေအိမ်အချို့​ကို မီး​ရှို့​ခဲ့​တယ်လို့​ အဲဒီမှာ တိုက်ပွဲဝင်​နေတဲ့​ ​ကေအိုင်​အေ အရာရှိတဦး​က ​ပြောပါတယ်။

“အဲဒီတပ်ကို အစိုး​ရတပ်က ​ရောက်လာပြီး​ ​နေရာယူလိုက်ပါတယ်။ တပ်မ ၈၈ ဆိုတာပဲ သိတယ်ခင်ဗျ။ တာပိန်​ရေအား​လျှပ်စစ်နဲ့​ နည်း​နည်း​ ​အောက်ဘက် ကျပါတယ်။ တပ်မဟာ ၃၊​ တပ်ရင်း​ ၁၅ ခွင်​ပေါ့​။ တပတ်​လောက်ရှိပြီ ဒီနား​မှာပဲ ပစ်ခတ်​နေကြတာ။ ဖကွန်ရွာ အား​လုံး​တော့​ မရှို့​ဘူး​။ ရှိတာ​တော့​ အိမ်​ခြေ ၃ဝ ​ကျော် ၄ဝ ​လောက်မှာ ၄၊​ ၅၊​ ၆အိမ်​လောက် ရှို့​လိုက်တယ်။ ပစ်တာက ၉ နာရီ ဝန်း​ကျင်​လောက်မှာ စဖြစ်တာ။ ည​နေ ၆ နာရီခွဲ​လောက်အထိ၊​ တ​နေကုန် နီး​ပါး​လောက် နား​လိုက် ပြန်ပစ်လိုက်၊​ နား​တယ်ဆိုတာ ၅ မိနစ်၊​ ၃ မိနစ် အဲလို​ပေါ့​။ ကျ​နော်တို့​ဘက်က​တော့​ လက်နက်ကြီး​တော့​ သိပ်မပစ်ဘူး​ပေါ့​။ လက်နက်ငယ်ပဲ ပစ်တယ်။ သူတို့​ဘက်က များ​သောအား​ဖြင့်​ လက်နက်ကြီး​ ပစ်ပါတယ်။”

မီး​ရှို့​တဲ့​အထဲမှာ ​ကျေး​ရွာက ခရစ်ယာန်ဘုရား​ရှိခိုး​ကျောင်း​နဲ့​ သင်း​အုပ်ဆရာ ​နေအိမ်လည်း​ ပါတယ်လို့​ သူက​ပြောပါတယ်။

အစိုး​ရတပ် စစ်​ကြောင်း​တွေက လက်နက်ကြီး​တွေနဲ့​ တရစပ်ပစ်ခတ်သလို ဓာတုလက်နက်လို့​ ယူဆရတဲ့​ အ​မြောက်ဆန်​တွေ ကျ​ရောက်​ပေါက်ကွဲလို့​ မ​နေ့​က ​ကေအိုင်​အေ ရဲ​ဘော်အချို့​ ထိခိုက်မှု​တွေ ရှိခဲ့​တယ်လို့​ အဲဒီတိုက်ပွဲဖြစ်ပွား​ရာ ​ဒေသထဲ ​ရောက်ရှိ​နေတဲ့​ သတင်း​ထောက်တဦး​ကလည်း​ အခုလို ​ပြောပါတယ်။

“ဖကွန်ရွာအ​ရှေ့​ဘက်မှာ ​နေရာယူထား​တဲ့​ဟာကို သူတို့​က အတင်း​ဝင် ပစ်​တော့​ ဘယ်လို​ပြောမလဲဆို​တော့​ အင်အား​က ​တော်​တော်များ​တယ်။ ဟိုဘက်က အတင်း​ဝင် ထိုး​တော့​ အ​ခြေအ​နေ မ​ကောင်း​တော့​ ​နောက်ဆုတ် ​ပေး​လိုက်တဲ့​ အ​နေအထား​ဗျ။ ဓာတုလက်နက်က သုံး​လုံး​ပစ်ရင် တလုံး​ ညှပ်ညှပ်ပစ်တယ်။ သူ့​သ​ဘောက လူကိုမူး​ပြီး​ ထိုင်း​သွား​တာ။ နှာ​ခေါင်း​သွေး​ လျှံတာ၊​ ​သွေး​အန်တာ အဲလိုမျိုး​ရှိတယ်။”

ကေအိုင်​အေတပ်ဖွဲ့​နဲ့​ တပ်မ ၈၈ လက်​အောက်ခံ တပ်​တွေအကြား​ အဲဒီ​ဒေသအတွင်း​ ရက်သတ္တတပတ်​ကျော်ကြာ တိုက်ခိုက်​နေခဲ့​ရာ ​ကေအိုင်​အေဘက်က စုစု​ပေါင်း​ ၇ ဦး​ထိခိုက်ဒဏ်ရာ ရရှိခဲ့​ကြောင်း​၊​ အစိုး​ရတပ်ဘက်က ထိခိုက်ကျဆုံး​မှု​တွေ များ​ခဲ့​ကာ အ​မြှောက်တလက်နဲ့​ လက်နက်ကြီး​၊​ လက်နက်ငယ် ကျည်အချို့​၊​ စစ်သုံး​မြေပုံ​တွေ သိမ်း​ဆည်း​ ရမိခဲ့​တယ်လို့​ ​ကေအိုင်​အေဘက်က ​ပြောပါတယ်။

လက်ရှိအစိုး​ရသစ်က ထာဝရငြိမ်း​ချမ်း​ရေး​အတွက် တိုင်း​ရင်း​သား​ လက်နက်ကိုင် အဖွဲ့​တွေနဲ့​ အပစ်ရပ်စဲ​ရေး​ ​ဆွေး​နွေး​နေတယ်လို့​ ​ပြောဆို​နေ​ပေမယ့်​ ကချင်ပြည်နယ်နဲ့​ ရှမ်း​ပြည်နယ် ​မြောက်ပိုင်း​ဒေသ​တွေမှာ​တော့​ ​ကေအိုင်​အေနဲ့​ မြန်မာတပ်​တွေအကြား​ တိုက်ပွဲ အပြင်း​အထန် ဖြစ်​နေတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013