DVB Logo
Home
မြန်မာသတင်း
အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ပါတီမှတ်ပုံတင်ရန် ဗဟိုဦး​စီး​အဖွဲ့​ဝင်များ​ သ​ဘောတူ
DVB
·
November 18, 2011
အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ပါတီမှတ်ပုံတင်ရန် ဗဟိုဦး​စီး​အဖွဲ့​ဝင်များ​ သ​ဘောတူ
Donate to DVB

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် အန်အယ်လ်ဒီပါတီ မှတ်ပုံတင်ဖို့​ ပြည်နယ်နဲ့​တိုင်း​ အသီး​သီး​က ဗဟိုဦး​စီး​အဖွဲ့​တွေက သ​ဘောတူလိုက်ပြီလို့​ ဗဟိုဦး​စီး​အဖွဲ့​ဝင် တဦး​က ​ပြောပါတယ်။

ပါတီမှတ်ပုံတင်​ရေး​ မတင်​ရေး​နဲ့​ပတ်သက်ပြီး​ ဆုံး​ဖြတ်ချက်ချဖို့​ ရန်ကုန်မြို့​က ပါတီဗဟိုဌာနချုပ်မှာ ပြည်နယ်နဲ့​ တိုင်း​အသီး​သီး​က ဗဟိုဦး​စီး​ အဖွဲ့​ဝင် ၁ဝဝ​ကျော် တက်​ရောက်ပြီး​ တဖွဲ့​ကို ၅မိနစ် ​ဆွေး​နွေး​ တင်ပြခွင့်​ပေး​ရာမှာ အများ​စုက သ​ဘောတူခဲ့​ကြတာပါ။

ပြည်နယ်နဲ့​တိုင်း​ ၁၄ခုအနက် ၁၃ ခုက ပါတီမှတ်ပုံတင်​ရေး​ကို ​ထောက်ခံ ​ဆွေး​နွေး​ခဲ့​ကြပြီး​ ကချင်ပြည်နယ် ကိုယ်စား​လှယ်​တွေက​တော့​ ငြိမ်း​ချမ်း​မှု မရ​သေး​တဲ့​အတွက် ထပ်မံစဉ်း​စား​ဖို့​ အကြံပြု ​ဆွေး​နွေး​ခဲ့​တယ်လို့​ သိရပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်က ပါတီမှတ်ပုံတင်​ရေး​နဲ့​ပတ်သက်ပြီး​ သ​ဘောထား​ မှတ်ချက် အရင်မ​ပေး​ဘဲ ပြည်နယ်နဲ့​တိုင်း​က ကိုယ်စား​လှယ်​တွေကို အရင် သ​ဘောထား​တောင်း​ ခံခဲ့​တာဖြစ်ပါတယ်။

ဆွေး​နွေး​ပွဲမစခင်မှာ​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်က ဆုံး​ဖြတ်တဲ့​နေရာမှာ မှန်ကန်တဲ့​စိတ်ဓာတ်နဲ့​ ပညာရှိပီပီ ချင့်​ချင့်​ချိန်ချိန် ​သေ​သေချာချာ အ​ခြေအ​နေကို မှန်မှန်ကန်ကန် သုံး​သပ်ပြီး​တော့​ အဂတိတရား​လေး​ပါး​ ကင်း​ဝေး​စွာနဲ့​ဆုံး​ဖြတ်ချက်ချပါလို့​ ​ပြောကြား​ခဲ့​ပါတယ်။

ပါတီမှတ်ပုံတင်​ရေး​ မတင်​ရေး​နဲ့​ ပတ်သက်ပြီး​ တရား​ဝင်ဆုံး​ဖြတ်​ကြောင်း​ ​ကြေညာချက်ကို​တော့​ ဗဟိုအလုပ် အမှု​ဆောင်အစည်း​အ​ဝေး​အပြီး​ ထုတ်ပြန်မှာဖြစ်တယ်လို့​သိရပါတယ်။

dvb88web2011@

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013