A d v e r t i s e m e n t With Us

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်သွားမည်

အ​မေ​ရိ​ကန်​ ​နိုင်ငံ​ြခား​​ေရး​​ ဝန်​ြကီး​​ ​ဟီ​လာ​ရီ​က​လင်​တန်​ (photo-reuters)
အမေရိကန်  နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ဟာ လာမယ့် ဒီဇင်ဘာလမှာ  မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်တယ်လို့ အမေရိကန်အဆင့်မြင့် အရာရှိတဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အေပီသတင်းမှာ ဖော်ပြပါတယ်။ [caption id="attachment_17981" align="alignleft" width="300" caption="ဟီလာရီကလင်တန်​ (photo-reuters)"][/caption] အာဆီယံ ထိပ်သီးအစည်းအဝေးပွဲ တက်ဖို့ အင်ဒိုနီးရှားနိုင်ငံကို သွားရောက်စဉ်  သမ္မတ အိုဘားမားက သောကြာနေ့မှာ ဒီသတင်းကို ပြောကြားခဲ့တာလို့ အမေရိကန် အရာရှိက ပြောပါတယ်။ သမ္မတအိုဘားမားဟာ​ကြာသပတေးနေ့ညက​ ​ဩစတေးလျနိုင်ငံ ဒါဝင်မြို့ ကနေ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းကိုအသွား​ ​မြန်မာ့ဒီမိုကရေစီခေါင်းဆောင်​ ​ဒေါ်အောင်ဆန်းစုကြည်နဲ့ တယ်လီဖုန်းနဲ့​ ဆက်သွယ်​ စကားပြောခဲ့ပြီး​ ​မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေကို အားပေးဖို့ အမေရိကန်ရဲ့ စေ့စပ်ဆွေးနွေးရေးမူဝါဒကို​ ​ဒေါ်အာင်ဆန်းစုကြည်က​ ​ထောက်ခံတယ်လို့လည်း ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖုန်းပြောပြီးနောက်မှာ သမ္မတအိုဘားမားက  ဟီလာရီကလင်တန်ကို မြန်မာနိုင်ငံသွားဖို့ ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။  ဒါဟာ အမေရိကန်ရဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့် ပုဂ္ဂိုလ်တဦးအနေနဲ့ မြန်မာနိုင်ငံကို နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထဆုံး သွားရောက်မယ့် ခရီးစဉ် ဖြစ်ဖို့ ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up