Home
မြန်မာသတင်း
ရှမ်းပြည်တောင်ပိုင်း နမ့်စန်တွင် မီးလောင်မှုဖြစ်ပွား၊ မိသားစု ၃ ဦးသေဆုံး
နန်းမြနဒီ
·
December 14, 2016
ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် မတ်မုန့်မွန်းကျေးရွာအုပ်စုထဲမှာ မနေ့ညက လူနေအိမ်တလုံး မီးလောင်ကျွမ်းပြီး အိမ်ထဲမှာနေထိုင်တဲ့ ကလေး ၂ ဦး အပါအ၀င် မိသားစု ၃ ဦးလုံး သေဆုံးသွားပါတယ်။ အဲဒီအိမ်ဟာ မတ်မုန့်မွန်းကျေးရွာအုပ်စု ပါလိပ်ကျေးရွာထဲမှာရှိပြီး မနေ့ည ၁၁ နာရီလောက်မှာ  လောင်တာလို့ နမ့်စန်မြို့နယ် အန်အယ်လ်ဒီဥက္ကဋ္ဌ ဦးနေဇော်နိုင်က ပြောပါတယ်။ “ပါလိပ်ရွာက အိမ်တလုံး မနေ့ညက မီးလောင်ပြီး လူ ၃ ယောက်သေဆုံးသွားတယ်လို့ ရွာသားတွေက ကျနော့်ကိုပြောတယ်။ နမ့်စန်ရဲစခန်းကို မေးကြည့်တော့ စခန်းမှူးက သူတို့ ဒီကနေ့ ကွင်းဆင်းစစ်ဆေးပြီး အတည်ပြုပါတယ်။ ဆိုလာပြားကနေ ရှော့ဖြစ်ပြီးတော့ အိမ်လယ်ခေါင်ကနေ စလောင်တယ်တဲ့၊ အိမ်ကတော့ ထရံကာ ခြေတံတို တထပ်အိမ်ပေါ့၊ အဲဒီရွာက နမ့်စန်နဲ့ ဆယ်မိုင်လောက်ဝေးတော့ မီးသတ်ကားလည်း အချိန်မီမရောက်နိုင်ဘူး။ ညဆိုတော့ ဝိုင်းငြှိမ်းရတာလည်း အခက်အခဲရှိမယ်လို့ ထင်တယ်။” မီးလောင်မှုကြောင့် အိမ်ရှင် ဒေါ်နန်းနေ (၅၂ နှစ်)၊ သူ့ရဲ့မြေးမလေး နန်းမွေဖောင်း (၁၃ နှစ်) နဲ့  တူမဖြစ်သူ နန်းဟွမ် (၁၂ နှစ်) တို့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ မီးလောင်မှုနဲ့ပတ်သက်ပြီး နမ့်စန်ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ / ၃၀၄ (ဃ) လူသေမှုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024