ဂျကာတာမြို့တော် အုပ်ချုပ်ရေးမှူးကို ပထမဆုံးအကြိမ် ကြားနာစစ်ဆေး

ဓာတ်ပုံ - ရိုက်တာ
ကမ္ဘာ့အကြီးဆုံး မွတ်ဆလင်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ဘာသာမဲ့ ဘုရားမဲ့ဝါဒကို လက်ခံမှုနဲ့ တရားစွဲခံထားရတဲ့ ဂျကာတာမြို့တော်အုပ်ချုပ်ရေးမှူး ဘာဆူကီ-ပူနားမား (Basuki Tjahaja Purnama) ကို ဒီဇင်ဘာ ၁၃ ရက်နေ့က ပထမဦးဆုံးအကြိမ် ကြားနာစစ်ဆေးခဲ့ပါတယ်။ သူဟာ တရုတ်လူမျိုး ခရစ်ယာန်ဘာသာဝင်တဦး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက လုပ်တဲ့ အုပ်ချုပ်ရေးမှူးရာထူး မဲဆွယ်ပွဲမှာ သူ့ရဲပြိုင်ဘက်က ကိုရမ်ကျမ်းကို အသုံးပြုပြီး မဲဆွယ်ခဲ့တဲ့အပေါ် ပြစ်တင်ဝေဖန်ခဲ့တာကြောင့် အခုလို တရားစွဲခံထားရတာ ဖြစ်ပါတယ်။ ပူနားမားရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ “ကျနော်တို့ စိုးရိမ်စရာ မလိုပါဘူး၊ သူတို့ ကြိုက်သလို ပြောနိုင်ပါတယ်၊ ကျနော်တို့ ဘာမှ အမှားမလုပ်တဲ့အတွက် ဘာမှ စိုးရိမ်စရာ ကြောက်စရာမရှိပါဘူး” လို့ ရှင်းပြသွားပါတယ်။ တရားရုံးအပြင်ဘက်မှာတော့ သူ့ကိုဆန့်ကျင်တဲ့ သဘောထား တင်းမာသူတွေက သူ့ကို ကန့်ကွက်ကြောင်း ပြင်းပြင်းထန်ထန် အော်ဟစ်ဆန္ဒပြခဲ့ကြပါတယ်။ ဒီလို ဆန္ဒပြပွဲတွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြုလုပ်ခဲ့ကြပြီး အနှစ် ၂၀ အတွင်း အကြီးဆုံး ဆန္ဒပြပွဲတွေ ဖြစ်ပါတယ်။ ဆန္ဒပြသူတွေက “ပူနားမားကို ဖမ်းပါ၊ ဘုရားသခင်ကသာ အကြီးအကျယ် အမြင့်အမြတ်ဆုံး ဖြစ်တယ်” လို့ အော်ဟစ်ခဲ့ကြပါတယ်။ နောက်တကြိမ် ရွေးကောက်ပွဲမှာ မစ္စတာပူနားမားကို ပြန်မရွေးချယ်ဖို့ကိုလည်း ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။ သူဟာ ပြစ်မှုထင်ရှားရင် ထောင် ၅ နှစ်နဲ့အထက် ကျခံရဖို့ရှိကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up