A d v e r t i s e m e n t With Us

မြန်မာကို အာဆီယံ​ အလှည့်ကျဥက္ကဋ္ဌ တာဝန်ပေးရန် သဘောတူ

photo-reuters
မြန်မာကို ၂၀၁၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ပေးဖို့ အာဆီယံ ​ခေါင်းဆောင်တွေက​ ​သ​ဘောတူလိုက်တယ်လို့ အာဆီယံအလှည့်ကျ​ ဥက္ကဋ္ဌ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက အတည်ပြု ပြောကြားလိုက်ပါတယ်။ [caption id="attachment_17959" align="alignleft" width="300" caption="photo-reuters"][/caption] ဒီကနေ့ ပြုလုပ်တဲ့ ၁၉ ကြိမ်မြောက် အာဆီယံ ထိပ်သီး​ အစည်းအဝေး ပထမနေ့မှာ ခုလို သဘောတူညီချက် ရလိုက်တာပါ။ မြန်မာ​ အာဆီယံဥက္ကဋ္ဌလုပ်ဖို့ သဘောတူလိုက်ပြီးတဲ့နောက်​ ​မြန်မာအစိုးရ ပြောခွင့်ရ ဦးကျော်ဆန်းက အနာဂတ်မြန်မာနိုင်ငံဟာ ပိုမိုပွင့်လင်းတဲ့ နိုင်ငံဖြစ်လာပြီး နိုင်ငံတကာနဲ့ရော​ ​ဒေသတွင်း နိုင်ငံတွေနဲ့ပါ ပိုမိုပူးပေါင်း ကူးသန်းဆောင်ရွက်တဲ့​ နိုင်ငံတနိုင်ငံ​အနေနဲ့​ ​မြင်ရတော့မယ်လို့ သတင်းထောက်တွေကို ထုတ်ဖော်​ ပြောကြားလိုက်တယ်လို့ ဘာလီ​ ထိပ်သီးစည်းဝေးပွဲမှာ တက်ရောက်​ သတင်းယူနေတဲ့ ရန်ကုန်တိုင်းမ် မီဒီယာဂရုပ်ဖ်ရဲ့ ဦးကိုကို (စက်မှု) က ပြောပါတယ်။ ဒါ့အပြင် ဦးသိန်စိန်ရဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ သမ္မတအကြံပေး​ ဦးကိုကိုလှိုင်ရဲ့​ ​ပြန်လည် ပြောကြားချက်တွေကိုလည်း ဦးကိုကို (စက်မှု) က အခုလို ဆိုပါတယ်။ “သမ္မတကြီးက ပြောပါတယ်တဲ့။ အဲဒီလို ပေးလိုက်တဲ့အတွက်ကြောင့် အခွင့်အလမ်း ရလိုက်သလို တာဝန်တွေလည်း ပိုကြီးလာမယ်လို့ ပြောပါတယ်။ အဲဒါ အကောင်းဆုံး ဖြစ်အောင်လို့ တို့တွေလုပ်ကြရမယ်လို့​သမ္မတကြီးက​ ​ပြောတယ်လို့ ​ပြောပါတယ်။ အဲဒီအပြင်ကို အဲဒီအစည်းအဝေးထဲမှာပဲ စင်ကာပူနိုင်ငံကတောင်မှ မြန်မာနိုင်ငံ​ အာဆီယံဥက္ကဋ္ဌ​ ​နေရာကို​ ​ပေးတဲအခါမှာ မြန်မာနိုင်ငံအနေနဲ့ ချောချောမွေ့မွေ့ ထမ်းဆောင်နိုင်အောင်လို့ လိုအပ်တဲ့ အကူအညီမှန်သမျှကို ပေးမယ်လို့ ပြောပါတယ်တဲ့။ အခြားနိုင်ငံတွေကလည်း စင်ကာပူလိုပဲ ဝိုင်းဝန်း ကူညီကြမယ်ဆိုတဲ့ သဘော ပြောတယ်လို့ ဆရာဦးကိုကိုလှိုင်က ကျနော်တို့ကို ပြောပါတယ်။” အခုနှစ်​ အာဆီယံထိပ်သီးစည်းဝေးကို​ ​မြန်မာအာဆီယံဥက္ကဋ္ဌ​ ​ဖြစ်ရေးနဲ့​​ ​တောင်တရုတ်​ ပင်လယ် ကိစ္စရပ်တွေက လွှမ်းမိုးထားတယ်လို့လည်း ပြောပါတယ်။ ဘာလီ ထိပ်သီးစည်းဝေးပွဲကို မြန်မာအပါအ၀င် နိုင်ငံတကာ သတင်းထောက်ပေါင်း ၁၈၀၀ လောက် တက်ရောက် သတင်းယူနေကြပြီး လုံခြုံရေး အထူးတိုးမြှင့်ချထားတယ်လို့ ဆိုပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ စင်ကာပူဝန်ကြီးချုပ်နဲ့ ဒီနေ့ သီးသန့်တွေ့ဆုံ ဆွေးနွေးဖို့ ရှိတယ်လို့ စုံစမ်းသိရှိရပြီး အမေရိကန်သမ္မတနဲ့ သီးခြား တွေ့ဆုံဖို့ ရှိမရှိကတော့ ခုထိ​ ​မသေချာသေးပါဘူး။ အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ မိတ်ဖက်နိုင်ငံတွေရဲ့ အစည်းအဝေးတွေကို နိုဝင်ဘာလ ၁၉ ရက်ထိ ပြုလုပ်သွားမှာပါ။

A d v e r t i s e m e n t With Us

More News
Up