DVB Logo
Home
မြန်မာသတင်း
ပန်းတောင်းမြို့နယ်တွင် စိတ်ကြွဆေးပြား ၁၅ သန်းခန့် ဖမ်းမိ
DVB
·
December 11, 2016
ပန်းတောင်းမြို့နယ်တွင် စိတ်ကြွဆေးပြား ၁၅ သန်းခန့် ဖမ်းမိ
Donate to DVB

ပဲခူးတိုင်း ပန်းတောင်းမြို့နယ်အထွက် ရခိုင်ပြည်နယ်စပ်နားမှာ WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေး အပြားရေ ၁၅ သန်း နီးပါး ဖမ်းဆီးရမိခဲ့ပါတယ်။

ဒီဇင်ဘာ ၁၀ ရက်နေ့က ပန်းတောင်းမြို့နယ် ညောင်ချေထောက်အုပ်စု၊ စမ်းပက်လက်ကျေးရွာအနီး၊ မိုင်တိုင်အမှတ် ၂၉ မိုင် ၂ ဖာလုံ ပန်းတောင်း-တောင်ဂုတ်လမ်းမှာ မူးယစ်ဆေးဝါးတွေ တင်ဆောင်ထားတဲ့ ကားတစီး တောင်ကုတ်မြို့ဘက်ကို မောင်းနှင်သွားကြောင်း ဒေသခံတဦးရဲ့ သတင်းပေးပို့ချက်အရ ပန်းတောင်းမြို့နယ်၊ ညောင်ဂျိုး (မကဖ) ကင်းစခန်းရှေ့ကနေ ဖမ်းစီးစစ်ဆေးခဲ့ရာကနေ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့တာပါ။

ကားပေါ်မှာ တင်လာတဲ့ ဒီဇယ်ပေပါ တလုံးကို အပြားရေ (၁) သန်းစီ ထည့်ထားတဲ့ ပေပါ (၁၄) လုံး စုစုပေါင်းဆေးပြား (၁၄) သန်းနဲ့ အထုတ်တွေနဲ့ ခွဲထည့်ထားတဲ့ ဆေးပြား အရေအတွက်  (၉)သိန်း ၅ သောင်း ၄ထောင်တို့ကို ဖမ်းမိခဲ့တာပါ။ စုစုပေါင်းအနေနဲ့ စိတ်ကြွ ဆေးပြားပေါင်း ၁၅ သန်း နီးပါးကို ဖမ်းဆီး ရမိခဲ့တာ ဖြစ်ပါတယ်။

ဆေးပြားတွေကို ပန်းတောင်းမြို့နယ် ဥသျှစ်ပင်ရဲစခန်းမှာ စစ်ဆေးသိမ်းဆည်းထားပြီး ကားနဲ့အတူပါလာတဲ့ ကျော်ကျော်(ခ)၀င်းကျော်ဦး၊ ချစ်ဖွယ် ၊သက်ဝင်းဇော်၊ ခင်ဇော်ဦး တို့ကို ဥပဒေအရအရေးယူပေးဖို့အတွက် ရဲအုပ်စိုးမင်း (ပြည်ခရိုင်ရဲတပ်မှူးရုံး)က၊ ဥသျှစ်ပင်ရဲစခန်းမှူးဆီကို ဒီဇင်ဘာ  ၁၀ ရက်နေ့ နေ့စွဲနဲ့ တိုင်ကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013