ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီ စာချုပ်သစ်အတွက် အသင်းနှင့်ညှိနှိုင်း

1.1K
ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ စာချုပ်သစ်အတွက် အသင်းနဲ့ ပြောဆို ညှိနှိုင်းမှုတွေ လုပ်ဆောင်နေပါတယ်။
အသင်းဖော် တိုက်စစ်မှူး ဆွာရက်ကတော့ ဘာစီလိုနာအသင်းနဲ့ ၂၀၂၂ အထိ စာချုပ်သက်တမ်း တိုးလိုက်ပါတယ်။
အသက် ၂၉ နှစ်အရွယ် မက်ဆီရဲ့ လက်ရှိ စာချုပ်သက်တမ်းဟာ ၂၀၁၈ ဇွန်အထိ ရှိနေပါတယ်။
ဥရုဂွေး တိုက်စစ်မှူး ဆွာရက်ကတော့ လီဗာပူးကနေ ဘာစီလိုနာကို ရောက်ရှိလာပြီး အသင်းနဲ့အတူ လာလီဂါ ချန်ပီယံ ၂ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ရယူထားပါတယ်။
ဆွာရက်ဟာ ပြီးခဲ့တဲ့ ရာသီက ဂိုးပေါင်း ၄၀ သွင်းနိုင်လို့ ဥရောပရဲ့ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို ရယူထားပါတယ်။