DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် သမီးရည်းစား ချိန်းတွေ့စဉ် ဓားထောက် လုယက်ခံရ
DVB
·
December 11, 2016
မုံရွာတွင် သမီးရည်းစား ချိန်းတွေ့စဉ် ဓားထောက် လုယက်ခံရ
1 / 9
Donate to DVB

မုံရွာမြို့၊ မြို့ပတ်လမ်း၊ ရွှေဇလုပ်ရပ်ကွက်နဲ့ စီးပွားရေးတက္ကသိုလ်ကျောင်းအနီးမှာ ဒီဇင်ဘာ ၁၀ ရက်နေ့က သမီးရည်းစား ၂ ယောက်ချိန်းတွေ့နေစဉ် လုယက်မှု ဖြစ်ပွားခဲ့ပါတယ်။

ဆိုင်ကယ်စီးနင်းလာသူ ၃ ဦးက ယောက်ျားလေးကို ထိုးကြိတ် ဓားထောက် ခြိမ်းခြောက်ပြီး Scoopy အမျိုးအစား အပြာ ရောင်ဆိုင်ကယ်တစ်စီး၊ Click အမျိုးအစားအဖြူ ရောင်ဆိုင်ကယ်တစ်စီး၊ ဆွဲကြိုးတကုံး၊ ဟန်းချိန်း၁ကွင်း၊ ငွေ ၁၅၀၀၀ကျပ်နဲ့ Huawei အမျိုးအစားဖုန်း၂လုံး တို့ကို လုယူ သွားခဲ့ပါတယ်။

လုယက်ခံလိုက်ရတဲ့ ယောက်ျားလေးဟာ အသက် ၂၀ အရွယ် ချောင်းဦးမြို့က ဖြစ်ပြီး  မိန်းကလေးက အသက် ၂၂ နှစ်  မုံရွာမြို့နယ်က ဖြစ်ပါတယ်။

သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေနဲ့ ချိတ်ဆက်ပိတ်ဆို့ရှာဖွေရာ မြင်းမူမြို့မှာ အဲဒီနေ့ နေ့လယ်မှာ ၃ ယောက်စလုံးကို သက်သေခံပစ္စည်းတွေနဲ့ အတူဖမ်းဆီးနိုင်ခဲ့ပါတယ်။

လုယက်မှုနဲ့ပတ်သက်ပြီး မုံရွာမြို့ နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ ဒေသခံသတင်းထောက်က ပြောပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013