ကျွဲတကောင်ကို အနိုင်တိုက်အမဲဖျက်ခဲ့ကြသည့် ခြင်္သေ့မ ၂ ကောင် (ရုပ်သံ)

သားကောင်ကို တိုက်ခိုက်ကြတဲ့နေရာမှာ ခြင်္သေ့အထီးတွေနဲ့ အမတွေရဲ့ သဘာဝဟာ မတူညီကြပါဘူး။ ကိုယ်ခန္ဓာအရွယ်အစား၊ ပြုမူလှုပ်ရှားပုံနဲ့ စိတ်နေသဘောထားစတဲ့ ကွဲပြားခြားနားမှုတွေဟာ ခြင်္သေ့အထီးတွေနဲ့ အမတွေကြားမှာ သီးခြားအခြေအနေတခုနဲ့ ရှိနေတာပါ။ များသောအားဖြင့်တော့ ခြင်္သေ့အထီးတွေကိုသာ စွန့်စားသတ္တိရှိတဲ့ တောဘုရင် တွေအဖြစ်သိထားကြတာမို့ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရမယ့် ခြင်္သေ့အမတွေရဲ့ တိုက် ခိုက်နိုင်စွမ်းတွေဟာ သင့်ကို အံ့သြလောက်စေမှာပါ။ ဘာလို့လဲဆိုတော့ ခြင်္သေ့အမ ၂ ကောင်ဟာ ကျွဲကြီးတကောင်ကို အနိုင်တိုက် အမဲဖျက်တိုက်ခိုက်နိုင်ခဲ့လို့ပါပဲ။ ခြင်္သေ့ ၂ ကောင်ဟာ ကျွဲကို ရင်ဆိုင်တွေ့ချိန်မှာ ၀ိုင်းရံထားလိုက်ကြပြီး တကောင်က ခုန်အုပ်ဖို့ ကြိုးစားခဲ့တာပါ။ အဲဒီနောက် ကျွဲကို ကိုက်ဖဲ့ဖို့ ကြိုးစားခဲ့ချိန်မှာ ကျွဲက အတင်းရုန်းခါလိုက်တဲ့အတွက် မအောင်မြင်နိုင်ပဲ ရှိနေတာပါ။ အဲဒီနောက် သူဟာ ကျွဲရဲ့အနားကို ပြန်ချဉ်းကပ်လာခဲ့ကာ ဦးခေါင်းပိုင်းအောက်ကို ကိုက်ဆွဲဖို့ကြိုးစားခဲ့ပြီး ဖမ်းမိခဲ့ချိန်မှာတော့ ပြန်မလွှတ်ပဲ ကိုက်ခဲထားခဲ့တာကို တွေ့ရပါ တယ်။ အချိန်အတန်ကြာမှာတော့ ကျွဲဟာ သူတို့ကို ပြန်မခုခံနိုင်တော့ပဲ အရှုံးပေးလိုက်ရတာကို တွေ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up