DVB Logo
Home
မြန်မာသတင်း
ဆတ်လှည်းယာဉ်ဖြင့် ကျင်းပသည့် ဖိုးတခေတ်ရဲ့ တမူထူးခြား မွေးနေ့ပွဲ (ရုပ်သံ)
DVB
·
December 10, 2016
ဆတ်လှည်းယာဉ်ဖြင့် ကျင်းပသည့် ဖိုးတခေတ်ရဲ့ တမူထူးခြား မွေးနေ့ပွဲ (ရုပ်သံ)
Donate to DVB

ကရင်ပြည်နယ် ဘားအံမြို့ ဂျိုင်းကျေးရွာအုပ်စု၊ ရိုးမဟာကုန်းဒေသမှာ ကရင်ကိုယ်တော်လေး ဖိုးတခေတ်(၃၉) နှစ်ရဲ့ ၂၃ ကြိမ်မြောက် မွေးနေ့ပွဲကို ဒီဇင်ဘာ ၇ ရက်မှ ၁၆ ရက်နေ့အထိ စည်ကားစွာ ကျင်းပနေပါတယ်။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဒေသတွင်း ကရင့်ရိုးရာ ဓလေ့စရိုက်နဲ့ စာပေယဉ်ကျေးမှုတွေ ထိန်းသိမ်းသူ သူတော်စင်လို့ ယုံကြည်ကိုးကွယ်ခံရသူ၊ ဖိုးတခေတ်(ခေါ်) စောကျော်လှသန်းဟာ ဆတ်ကြီးတကောင်နဲ့ အလှဆင်ထားတဲ့ ဝေါယာဉ်ပေါ်မှာ တောက်ပြောင်တဲ့ အ၀တ်အစားတွေနဲ့ တပည့်တွေ ခြံရံပြီး လှည့်လည်နေတာကို တွေ့ရပါတယ်။ သူ့ကို ယုံကြည်ကိုးကွယ်သူတွေက အလှူငွေထည့်တာ၊ ဝေါယာဉ် လက်ရန်းနှစ်ဘက်မှာ အလှဆင်ထားတဲ့ နဂါးနှစ်ကောင်ကို အောင်သပြေခက်တွေနဲ့ ဆက်သပူဇော်တာတွေ ပြုလုပ်နေတာ တွေ့ရပါတယ်။

ဒါ့အပြင် မွေးနေ့ပွဲမှာ ဆရာတော် သံဃာတော်တွေကို လှူဖွယ်တွေ ဆပ်ကပ်လှူဒါန်း၊ တရားနာ အမျှအတန်း ပေးဝေတာ၊ မီးပုံးပျှံလွှတ်တာ၊ မြေ၀ိုင်း ကရင်ရိုးရာ လက်ဝှေ့ ယှဉ်ပြိုင်ပွဲတွေ၊ ကျေးရွာအုပ်စုအလိုက် ဘောလုံးပွဲတွေ၊ ကရင့် ဇာတ်သဘင်၊ မြန်မာ့ဇာတ်သဘင် စတဲ့ဖျော်ဖြေပွဲတွေနဲ့ ၁၀ ရက် ၁၀ ညတိုင်တိုင် ကျင်းပနေပါတယ်။

ပွဲတော်ရက်အတွင်း ကရင်ပြည်နယ်တွင်း ကျေးရွာတွေက ဒေသခံတွေ၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းအတွင်း ကရင့်ရိုးရာနွယ်ဝင်တွေ နှစ်စဉ် လူဦးရေ ၅၀၀၀ လောက် လာရောက်ပါဝင် ဆင်နွှဲလေ့ရှိတယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

ရုပ်သံ- ကိုကျော်ကြီး (အပြည့်အစုံ ကြည့်ရှုရန်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013