Home
မေးမြန်းခန်း
မူ​ရော၊​ လူ​ရော ​ပြောင်း​ရမှာပါ (ဒါရိုက်တာ ​မောင်မျိုး​မင်း​နှင့်​မေး​မြန်း​ချက်)
ရွှေအောင်
·
November 17, 2011
မြန်မာ့​ရုပ်ရှင်မှာ ဆင်ဆာရှိသင့်​ မရှိသင့်​၊​ ရုပ်ရှင်အစည်း​အရုံး​ ဘာလဲ ဘယ်လဲ ဆိုတာ​တွေနဲ့​ ပတ်သက်ပြီး​ မ​နေ့​က မြန်မာနိုင်ငံ ရုပ်ရှင်အစည်း​အရုံး​မှာ စည်း​ဝေး​ ​ဆွေး​နွေး​ခဲ့​ကြပါတယ်။ [caption id="attachment_17929" align="alignright" width="300" caption="ဒါရိုက်တာ​မောင်မျိုးမင်း​"][/caption] ဗဟန်း​မြို့​နယ် ဝင်္ကပါလမ်း​က မြန်မာနိုင်ငံရုပ်ရှင်အစည်း​အရုံး​မှာ ရုပ်ရှင်အစည်း​အရုံး​နဲ့​ ရုပ်ရှင်​လောကသား​တွေ ပွင့်​ပွင့်​လင်း​လင်း​ ​ဆွေး​နွေး​ခဲ့​ကြတယ်လို့​ သိရပါတယ်။ ဆွေး​နွေး​ပွဲမှာ ပါဝင်​ရောက် ​ဆွေး​နွေး​ခဲ့​သူတဦး​ဖြစ်တဲ့​ ဒါရိုက်တာ​မောင်မျိုး​မင်း​ (ရင်တွင်း​ဖြစ်) က​တော့​ ရုပ်ရှင်အစည်း​အရုံး​ရော ဆင်ဆာအဖွဲ့​ပါ ​ပြောင်း​ပစ်ဖို့​လိုပြီလို့​ ဆိုပါတယ်။ တခြား​ကဏ္ဍ​တွေ အား​လုံး​ရွေ့​နေချိန်မှာ ရုပ်ရှင်က မ​ရွေ့​ဘူး​လို့​လည်း​ ​ပြောပါတယ်။ ဒါရိုက်တာ​မောင်မျိုး​မင်း​ (ရင်တွင်း​ဖြစ်) ကို ဆက်သွယ် ​မေး​မြန်း​ထား​ပါတယ်။ ကိုမျိုး​မင်း​တို့​ မ​နေ့​က ဆင်ဆာနဲ့​ ပတ်သက်ပြီး​ ​ဆွေး​နွေး​ခဲ့​ကြတယ်လို့​ သိရပါတယ်။ ကိုမျိုး​မင်း​ ​ဆွေး​နွေး​ခဲ့​တာ​လေး​ အရင် ​ပြောပြပါလား​ဗျ။ “ကျ​နော်တို့​ ​ဆွေး​နွေး​ခဲ့​တာ​တော့​ တခြား​ မဟုတ်ပါဘူး​။ ဘယ်ဆင်ဆာအဖွဲ့​ပဲ တက်တက် ဒါရိုက်တာ​တွေ အ​နေနဲ့​ ဇာတ်ကား​တခုခုကို ဆင်ဆာဖြတ်တယ်ဆိုရင် အပြန်အလှန် ​ဆွေး​နွေး​ခွင့်​ ရှိရမယ်။ တ​ယောက်နဲ့​ တ​ယောက် အနုပညာသမား​တောင်မှ အမြင်မတူကြဘူး​လေ။ သူ့​အမြင်နဲ့​ ကိုယ့်​အမြင်နဲ့​ မတူညီကြဘူး​ဆို​တော့​ အဲဒါကို ဘာ​ကြောင့်​ဖျက်တယ်ဆိုရင် ကျ​နော်တို့​က ဘာ​ကြောင့်​ရိုက်ထား​ရတာပါ​ပေါ့​။ အပြန်အလှန် ​ဆွေး​နွေး​ခွင့်​ ရှိရမယ်။ အဲဒါ တချက်ပါ။ “​နောက်တခုက မကြာခင် အာဆီယံနိုင်ငံရဲ့​ ဥက္ကဋ္ဌ​နေရာမှာ ဖြစ်လာ​တော့​မှာဆို​တော့​ အာဆီယံနိုင်ငံတနိုင်ငံရဲ့​ လွတ်လပ်တဲ့​ အနုပညာ စည်း​မျဉ်း​စည်း​ကမ်း​ ဥပ​ဒေ​တွေ ရှိသင့်​တယ်။ ဥပမာ အာဆီယံ ဥက္ကဋ္ဌ နိုင်ငံကြီး​က တင်း​တင်း​ကျပ်ကျပ်​တွေ လုပ်​နေတယ်ဆိုရင် တခြား​နိုင်ငံငယ်​လေး​တွေက ဘယ်​လေး​စား​တော့​မလဲ။ အဲ့​တော့​ ဥက္ကဋ္ဌနိုင်ငံအဖြစ် ရှိ​နေတဲ့​အချိန်က​နေစပြီး​တော့​ တခြား​ အာဆီယံနိုင်ငံ​လေး​တွေလိုပဲ လွတ်လပ်တဲ့​ စည်း​မျဉ်း​စည်း​ကမ်း​ ဥပ​ဒေ ချ​ပေး​သင့်​တယ်။ အဲဒါ​လေး​တွေ​ကြောင့်​မို့​ တိုင်ပင်တယ်။ “​နောက်တခုက ကျ​နော်တို့​ အနုပညာသမား​တွေ ကံကြမ္မာ၊​ ကျ​နော်တို့​အ​ပေါ်က​နေ တခုခု ရှိမ​နေ​စေချင်ဘူး​။ ကျ​နော်တို့​ အနုပညာသမား​တွေကို သူတို့​ဘာသာ သူတို့​ ဥပ​ဒေဆွဲပြီး​ ဘာမှ မတိုင်ပင်ဘဲ တင်တယ်။ သူတို့​ဘာသာ သူတို့​ လုပ်ချင်တဲ့​စနစ်​တွေကို ​ပြောင်း​ပြီး​ လုပ်​နေတဲ့​ သူ​တွေ ရှိတယ်။ အဲဒါက အုပ်ချုပ်သူ​တွေ မဟုတ်ဘူး​၊​ အဲဒီ​အောက်က လူ​တွေ။ ​လော​လောဆယ်မှာ စား​လို့​ကောင်း​တဲ့​ ခွင်တည့်​နေတဲ့​သူ​တွေ ရှိတယ်။ အဲဒီလူ​တွေက သူတို့​နည်း​နဲ့​ သူတို့​ဘာသာ သူတို့​ ချက်ချင်း​လုပ်​နေ​တော့​ အဲဒါ​တွေက ဥပမာ ဗွီဒီယိုတချို့​ကို ကြိုတင်စနစ်နဲ့​ ဖြန့်​ရမယ်ဆိုတာ ခိုး​ကူး​ခွေ မနိုင်​သေး​ဘဲ ဖြန့်​ခိုင်း​တော့​ တနည်း​အား​ဖြင့်​ ခိုး​ကူး​ခွေနဲ့​ ရှယ်ယာ​ပေါင်း​လုပ်​နေသလား​လို့​ စဉ်း​စား​လို့​ရတယ်​လေ။ အဲလို စဉ်း​စား​သွား​လို့​ရတယ်။ အဲဒါမျိုး​ ဦး​နှောက် ရှိတဲ့​သူ​တွေက​တော့​ ဒီမှာ မရှိသင့်​ဘူး​။ ​နောက် ဆင်ဆာတဖွဲ့​လုံး​ လဲသင့်​တယ်။ ​ခေတ်အ​တွေး​အ​ခေါ်နဲ့​ flexible ဖြစ်တဲ့​သူ​တွေ လဲသင့်​တယ်။” ဦး​မျိုး​မင်း​တို့​ အဲလို ​ဆွေး​နွေး​တော့​ ရုပ်ရှင်အစည်း​အရုံး​က ဘယ်လိုပြန်ပြီး​ ​ဆွေး​နွေး​ပါလဲခင်ဗျ။ သူတို့​က လက်ခံပါတယ်။ တခါတခါကျ​တော့​ လမ်း​ကြောင်း​ ဆွဲယူရတာ ရှိတယ်​လေ။ တခြား​လမ်း​ကြောင်း​ကို ဖိ​ပေး​လိုက်တာမျိုး​တွေ ရှိတယ်။ ကျ​နော်တို့​က အဲဒီလမ်း​ကြောင်ကို ပြန်ဆွဲပြီး​တော့​ ကျ​နော်တို့​ လိုချင်တာကို ပြန်ယူတယ်။ ဒါ​ပေမယ့်​ ရုပ်ရှင်အစည်း​အရုံး​ အဖွဲ့​ဝင်ဆိုတာ ​သေး​သေး​လေး​။ အဲဒီအထဲမှာ သူတို့​ အ​ကြောင်း​လည်း​ ပါပါတယ်။ ​နောက်ကွယ်မှာ အတင်း​ပြောတာ မဟုတ်ပါဘူး​။ ကျ​နော်တို့​ ​ဗြောင်​ပြောကြတာပါ။ ရုပ်ရှင်အစည်း​အရုံး​က ကျ​နော်တို့​ကို ဘာမှ မလုပ်​ပေး​နိုင်ဘူး​ဆိုတာကိုလည်း​ သူတို့​ရှေ့​မှာပဲ ​ပြောပါတယ်။ ပြီး​တော့​ ရုပ်ရှင် အစည်း​အရုံး​ တခုလုံး​လည်း​ အသစ်ပြန်ဖွဲ့​ဖို့​ လိုတယ်ဆိုတာလည်း​ ​ပြောပါတယ်။ ရုပ်ရှင် ဆင်ဆာအဖွဲ့​လည်း​ ပြန်ဖွဲ့​ဖို့​လိုတယ်ဆိုတာကိုလည်း​ ​ပြောပါတယ်။ အဲတော့​ သူတို့​က ဘယ်လိုမျိုး​ပြောလဲဗျ။ အဲ​တော့​ ဝန်ကြီး​ထိ တင်ပြပြီး​ လုပ်​ပေး​ပါ့​မယ်​ပေါ့​။ အဲ့​တော့​ ​သေချာ စဉ်း​စား​လိုက်တဲ့​အခါမှာ ဝန်ကြီး​ အထိ တင်ပြ​ပေါ့​ တဖက်ကလည်း​ နိုင်ငံ​တော်သမ္မတရုံး​တို့​၊​ လူ့​အခွင့်​အ​ရေး​ ​ကော်မရှင်တို့​ တင်ပြဖြစ်မယ်လို့​ ထင်ပါတယ်။ ဘာဖြစ်လို့​လဲဆို​တော့​ တချို့​ကိစ္စ​တွေက ဝန်ကြီး​ကို တင်ပြ​ပေး​ပါ့​မယ်ဆိုပြီး​ ​ပျောက်သွား​တဲ့​ကိစ္စ​တွေက အများ​ကြီး​ပဲ။ ဂျာနယ်​တွေမှာ သတင်း​ရေး​သား​ခွင့်​၊​ တင်ပြခွင့်​ အရင်က မဖတ်ဖူး​တဲ့​ ဖတ်ရ​လေ့​မရှိတဲ့​ သတင်း​မျိုး​တွေ၊​ သတင်း​ဆောင်း​ပါး​မျိုး​တွေ အင်တာဗျူး​တွေ ဖတ်ရ​တော့​ စာ​ပေနဲ့​ ပတ်သက်ရင် အတိုင်း​အတာ တခုထိ ဖတ်လာရတဲ့​အ​နေအထား​မှာ ရုပ်ရှင်က ဒီအတိုင်း​ပဲ ရပ်​နေတဲ့​အ​ပေါ်မှာ ဘယ်လိုမြင်မိလဲ။ “အ​ရွေ့​မရှိဘူး​လေ။ တခြား​ကဏ္ဍ​တွေ အကုန်လုံး​ ပညာ​ရေး​၊​ ကျန်း​မာ​ရေး​၊​ စီး​ပွား​ရေး​ အား​လုံး​ ​ရွေ့​ပါတယ်။ ဒီရုပ်ရှင်က မ​ရွေ့​ဘူး​။ အကုန်လုံး​ ​ရွေ့​နေတာကို ဘာဖြစ်လို့​ တင်း​ခံ​နေတာလဲ။ ဘာအတွက် တင်း​ခံ​နေတာလဲ။ ပြီး​ရင် ဘယ်သူ​တွေက တင်း​ခံ​နေတာလဲဆိုတာ ကျ​နော်တို့​ သိဖို့​လိုပြီ။ ကျ​နော်တို့​ လိုချင်တာကို တဖြည်း​ဖြည်း​တော့​ တရား​သဖြင့်​လေး​တော့​ ဆွဲယူသွား​ရမယ်။ ဘာဖြစ်လို့​လဲဆို​တော့​ အဲဒီအား​လုံး​ကလည်း​ ​လျှော့​ပေါ့​ပေး​နေကြပြီ။ လက်ရှိ လူကြီး​တွေ အကုန်လုံး​ကလည်း​ ဒါ​တွေကို ထိုက်သင့်​သ​လောက် ​လျှော့​ပေါ့​နေတယ်ဆိုတာ အား​လုံး​သိတယ်။ သိ​နေတဲ့​အချိန်မှာ ​အောက်ကလူ​တွေက စား​ရတဲ့​နေရာ​လေး​ ​ပျောက်သွား​မှာ​လေ။ အဲ့​တော့​ ဒါ​တွေက သိပ်အဆင်မ​ပြေလှဘူး​လေ။” ခြစား​နေတဲ့​သူ​တွေ ​ပြောင်း​ပစ်မှပဲ ဒီရုပ်ရှင်​လောက တိုး​တက်မယ်လို့​ ဆိုလိုတာ​ပေါ့​နော်။ “​သေချာပါတယ်။” မူက​တော့​ ​ပြောင်း​နေပြီလို့​ ​ပြောတယ်။ လူ​ပြောင်း​ဖို့​ လို​နေပြီ​ပေါ့​နော်။ ဟုတ်ကဲ့​။ မူ​ရော၊​ လူ​ရော ​ပြောင်း​ရမှာပါ။ တဖွဲ့​လုံး​ပြောင်း​ပြီး​ တဖွဲ့​လုံး​ အသစ်ပြန်ဖွဲ့​စည်း​ရမှာပါ။ တခြား​ ​ပြောချင်တာ ရှိရင်လည်း​ ​ပြောလို့​ရပါတယ်။ “အခုလို ​မေး​တာက ကျ​နော်တို့​ကို တတပ်တအား​ ပံ့​ပိုး​တယ်လို့​ ယူဆပါတယ်။ အဲ့​တော့​ ကျ​နော်တို့​ အခု ​ပြောင်း​လဲ​နေတဲ့​အချိန်မှာ ​ကောင်း​သော​ပြောင်း​လဲခြင်း​မှာ ကျ​နော်တို့​လည်း​ ​ကောင်း​ချင်တာ​လေ။ အဲ့​တော့​ ​ကောင်း​သော ​ပြောင်း​လဲခြင်း​ အတွက် ကျ​နော်တို့​ အား​လုံး​ အဆင်သင့်​ရှိပါတယ်။ တခုပဲ ရှိတယ်။ ကျ​နော်တို့​ ပညာရှင်​တွေကို အသိမ​ပေး​ဘဲ ကံကြမ္မာကို စီရင်တာမျိုး​။ ကျ​နော်တို့​ အနုပညာရှင်​တွေရဲ့​ အခွင့်​အ​ရေး​ကို လုယူခံရတာ၊​ အနိုင်ကျင့်​ခံရတာမျိုး​ ဖြစ်သလို ဒါ ဒီမိုက​ရေစီလမ်း​ကြောင်း​ကို ဆန့်​ကျင်တဲ့​ သ​ဘောမျိုး​ ဖြစ်ပါတယ်။ အဲလိုမျိုး​ မဖြစ်​အောင် ကျ​နော်တို့​ အနုပညာသမား​တွေကလည်း​ ညီညီညွတ်ညွတ်နဲ့​ တား​ဆီး​သွား​မယ်။ ကျန်တဲ့​သူ​တွေ အား​လုံး​ကလည်း​ ကျ​နော်တို့​ကို ကူညီပံ့​ပိုး​ကြပါလို့​ ​မေတ္တာရပ်ခံချင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024