မြန်မာယူ ၁၈ အသင်း ကွမ်ကျိုးယူအသင်းနှင့် ခြေစမ်းမည်

တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့ကို ပူးတွဲလေ့ကျင့်ခြေစမ်းပွဲတွေ ကစားဖို့ ရောက်ရှိတဲ့ မြန်မာယူ၁၈ အသင်းဟာ အဖွင့်ပွဲစဉ်အဖြစ် ကွမ်ကျိုး အသက် ၁၈ နှစ်အောက် လက်ရွေးစင်အသင်းနဲ့ ဒီနေ့ ဒေသစံတော်ချိန် ညနေ ၃း၃၀ အချိန်မှာ ဇူလီယို အားကစားစင်တာမှာ ယှဉ်ပြိုင်ကစားမယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါယတ။် အုပ်ချုပ်နည်းပြ အဖွဲ့ဝင် ၇ ဦး၊ ပဏာမ ကစားသမား ၂၅ ဦးပါဝင်တဲ့ မြန်မာယူ ၁၈ အသင်းဟာ ဒီဇင်ဘာ ၇ ရက်နေ့ ညနေပိုင်းက ကွမ်ကျိုးမြို့ကို စတင်ရောက်ရှိပြီး ဒီဇင်ဘာ ၉ ရက်နေ့ မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ ဝမ်ယင်လေ့ကျင့်ရေးကွင်း၌ လေ့ကျင့်ရေးတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာယူ၁၈ အသင်းဟာ ဒီဇင်ဘာ ၈ ရက်ကနေ ၂၇ ရက်နေ့အထိ ရက်ပေါင်း ၂၀ လောက်ကြာ လေ့ကျင့်မှာဖြစ်ပြိး ဒေသခံအသင်းတွေနဲ့ စုစုပေါင်း ခြေစမ်းပွဲ ၆ ပွဲနဲ့ အထက် ယှဉ်ပြိုင်ကစားသွားမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

More News
Up