DVB Logo
Home
မြန်မာသတင်း
မောင်တောအကြမ်းဖက်မှု မသင်္ကာသူ ၅၇၅ ဦး ဖမ်းဆီးစစ်ဆေးခဲ့
DVB
·
December 10, 2016
မောင်တောအကြမ်းဖက်မှု မသင်္ကာသူ ၅၇၅ ဦး ဖမ်းဆီးစစ်ဆေးခဲ့
Donate to DVB

အောက်တိုဘာ ၉ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ မောင်တော့ဒေသ  အကြမ်းဖက် စီးနင်းတိုက်ခိုက်မှု ဖြစ်စဉ်တွေမှာ ပါဝင်ပတ်သက်နိုင်တဲ့ မသင်္ကာသူတွေကို ဖော်ထုတ် ဖမ်းဆီးပြီး ဥပဒေနဲ့အညီ စစ်ဆေးရာမှာ မနေ့ကအထိ မသင်္ကာသူ ၅၇၅ ဦး ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသ တည်ငြိမ် အေးချမ်းရေးအတွက် တပ်မတော် နဲ့  မြန်မာနိုင်ငံ နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး၊ နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေ ဆောင်ရွက်စဉ် အကြမ်းဖက်သမားတွေက ချုံခိုတိုက်ခိုက်တာ၊ ချောင်းမြောင်း ပစ်ခတ်တာ၊ အင်အားသုံး အကြမ်းဖက်တာ၊ ဗုံးထောင်တာတွေ ပြုလုပ်ခဲ့တဲ့အတွက် ဖြစ်စဉ်တွေမှာ ပါဝင်ပတ်သက်နိုင်တဲ့ မသင်္ကာသူ ၅၇၅ ဦးကို ဖမ်းဆီးပြီး တရားဥပဒေနဲ့အညီ စစ်ဆေးဆောင်ရွက်ခဲ့ပါတယ်။

ဒီထဲကမှ  တရားရုံးပြီးပြတ်ပြီး ပြစ်ဒဏ်ချမှတ်သူ ၈၈ ဦး၊ ပြန်လွှတ်သူ ၁၀ ဦး၊ တရားရုံး အာမခံပေးသူ ၁ ဦးနဲ့ သေဆုံးသူ ၆ ဦး ဖြစ်ပြီး ၄၇၀ ဦးမှာ စစ်ဆေးဆဲဖြစ်ကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013