DVB Logo
Home
မြန်မာသတင်း
ရေဘေးကြောင့် ထိုင်းရောက် မြန်မာများ အလုပ်လက်မဲ့ ဖြစ်နေ
DVB
·
November 17, 2011
ရေဘေးကြောင့် ထိုင်းရောက် မြန်မာများ အလုပ်လက်မဲ့ ဖြစ်နေ
Donate to DVB

ဘန်ကောက် အထက်က အယုဒ္ဓယခရိုင်မှာ ရေကျနေပြီ​ ​ဖြစ်ပေမယ့်​ စက်ရုံ အလုပ်ရုံတွေ​ ​ပြန်မဖွင့်နိုင်သေးလို့​​ ​မြန်မာအလုပ်သမား​ ​ထောင်ပေါင်းများစွာ​ ​အလုပ်လက်မဲ့​ ​ဖြစ်နေကြပါတယ်။

ရွှေ့​​ပြောင်း​​ ​မြန်​မာ​ ​အ​လုပ်​သ​မား​များ

အယုဒ္ဓယမှာရှိတဲ့ အီလက်ထရောနစ် စက်ရုံ၊ ဟိုင်းထက်စက်ရုံ၊ ကွန်ပြူတာ​ စက်ရုံ​ စတာတွေမှာ​ ​မြန်မာ အလုပ်သမားတွေ အလုပ်လုပ်နေကြတာပါ။

ကွန်ပျူတာစက်ရုံ  ၂ လကြာ​ ​ရေမြုပ်နေလို့ အလုပ်ပြုတ်နေတဲ့ ကွန်ပျူတာ အစိတ်အပိုင်း တပ်ဆင်သူ အလုပ်သမ တဦးက “အလုပ်မရှိဘူး။ ဘယ်သူမှ မကူညီဘူး။ အခုဟာ အလုပ်ပိတ်ထားတယ်။ ရေမြုပ်လို့။ သူငယ်အချင်းတွေတော့ ဗမာပြည် ပြန်သွားပြီ။”

အလုပ်ရှာပေးခဲ့တဲ့ ​ဈေးဆိုင်ပိုင်ရှင်တဦးဖြစ်သူ​ ​မြန်မာအမျိုးသမီး​ ​ဒေါ်ဝမ်ဒီရဲ့ တိုက်မှာ အခြား မြန်မာအလုပ်သမားတချို့နဲ့ အတူ ခေတ္တခိုလှုံနေပါတယ်။

အယုဒ္ဓယနဲ့နီးတဲ့ စခန်းမိုင်ရပ်ကွက်​ ​ကက်သလစ်အသင်းတော်က​ ​မြန်မာအလုပ်သမား ရေဘေးကယ်ဆယ်ရေး စခန်းတခုကို ဖွင့်ထားပါတယ်။

အဲဒီက အလုပ်သမားစာရင်း ပြုစုသူ ဦးသန်းဖေက​ ​အလုပ်ပြုတ်နေတဲ့ မြန်မာအလုပ်သမား​ ဦးရေကို ခုလို​ ​ပြောပြပါတယ်။

“အယုဒ္ဓယစာရင်း​ အရဆိုရင် တသောင်းကျော်တာပေါ့နော်။ ဒါစာရင်းအ၀င်ပေါ့နော်။ တရားမ၀င်တဲ့လူတွေက ဒါထက် ၂ ဆလောက်ရှိတာပေါ့နော်။ အလုပ်သမားကိစ္စတွေက သူဌေးပေါ်မှာတည်တယ်။ ပျက်စီးနေတဲ့ဟာတွေကို အစိုးရက တဖက်တလမ်းက ထောက်ပံ့ပြီးမှ စက်ရုံပြင်ဆင်မယ်။ သူဌေးတွေက အဲဒီအလုပ်သမားတွေကို ပြန်ခိုင်းတာတော့ရှိမှာပေါ့။”

စခန်းမိုင်မှာ ကက်သလစ် အသင်းတော်ကဖွင့်ထားတဲ့ မြန်မာရေဘေးစခန်းဟာ ဘန်ကောက် အယုဒ္ဓယနဲ့ အနီးအနားခရိုင်တွေက မြန်မာဒုက္ခသည်တွေ ဘာသာမရွေး လာရောက်ခိုလှုံနိုင်တယ်လို့ ဦးသန်းဖေက ပြောပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနက ရေလွှမ်းမိုးမှုကြောင့် အလုပ်ရုံစက်ရုံပေါင်း တသောင်းခွဲခန့်နားထားရပြီး လူ ၇ သိန်းလောက် အလုပ်လက်မဲ့ဖြစ်နေတယ်လို့ ထုတ်ပြန်ပါတယ်။

နိုင်ငံခြားကားထုတ်လုပ်ရေး စက်ရုံကြီးတွေနဲ့ ကွန်ပျူတာ၊ အီလက်ထရောနစ် အလုပ်ရုံ အများအပြား ဖွင့်လှစ်ထားတဲ့ အယုဒ္ဓယခရိုင်တခုတည်းမှာ ထိုင်းအလုပ်သမား ၃ သိန်းလောက် အလုပ်လက်မဲ့ဖြစ်နေကြပြီး သူတို့ကို အလုပ်ပြန်လည် နေရာချထားရေးအတွက် ထိုင်းအစိုးရက တစုံတရာ လုပ်မပေးနိုင် သေးဘူးလို့  ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒီနေ့ အစိုးရ နောက်ဆုံးထုတ်ပြန်ချက်အရ ရပ်ကွက်ဇုန် ၅၀ ရှိတဲ့ ဘန်ကောက်မြို့တော်မှာ ရပ်ကွက်ဇုန် ၄၀ ကို ရေလွှမ်းနေပြီး ကျန် ၁၀ ခုလုံးကိုလည်း ရေဘေးသတိပေးထားရတဲ့ အခြေအနေ ရောက်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013