Home
မြန်မာသတင်း
ဒိန်းမတ်နိုင်ငံ၏ ပြန်လည်ပြည့်ဖြိုးစွမ်းအင် နည်းပညာအတွေ့အကြုံဆွေးနွေးပွဲ ကျင်းပ
အောင်ကိုကိုလတ် (နေပြည်တော်)
·
December 9, 2016
ဒိန်းမတ်နိုင်ငံရဲ့ အောင်မြင်နေတဲ့ ပြန်လည်ပြည့်ဖြိုးစွမ်းအင်နဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံအတွက် အကူအညီဖြစ်စေမယ့် အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲကို ဒီဇင်ဘာ ၉ ရက်နေ့က နေပြည်တော် Hilton Hotel မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒိန်းမတ်နိုင်ငံရဲ့ ပြန်လည်ပြည့်ဖြိုးစွမ်းအင် Wind Energy, Solar စတာတွေနဲ့ ပတ်သက်ပြီး နည်းပညာအတွေ့အကြုံတွေ၊ နည်းပညာဆိုင်ရာ အထောက်အပံ့တွေ၊ အခြားဘဏ္ဍာရေးပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးအကြံပြုခဲ့တာဖြစ်ပါတယ်။ “ပြန်လည်ပြည့်ဖြိုးစွမ်းအင်ကို အသုံးပြုဖို့ အစိုးရကလည်း မူဝါဒချထားပါတယ်။ ရုပ်ကြွင်းလောင်စာတွေ က တဖြည်းဖြည်းနဲ့ သူရဲ့တွင်းထွက်မှုတွေ ကျလာမယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းဖို့အတွက် လေထု သန့်ရှင်းဖို့ လိုတဲ့အခါကျတော့ ကမ္ဘာမှာလည်း အရမ်းတိုက်တွန်းအားပေးနေသလို့ မြန်မာနိုင်ငံက လည်း လုပ်မှာပါ”လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်မီမီခိုင်က ပြောပါ တယ်။ မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓါတ်အားထုတ်လုပ်ပေးနိုင်မှု (ဓာတ်အားစနစ်နဲ့ အခြား Out Grit တွေကနေ) ကနေ အိမ်ထောင်စုရာခိုင်နှုန်းအနေနဲ့ ၃၈ - ၃၉ ရာခိုင်နှုန်းအတွက်သာ ထုတ်လုပ်ပေးနိုင်တယ်လို့ သိရပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံ လူဦးရေရဲ့ ၃၂ ရာခိုင်နှုန်းကတော့ လျှပ်စစ်ဓါတ်အားလိုင်းက ဓာတ်အားကို အသုံးပြု နေတာပါ။ မြန်မာတနိုင်ငံလုံးမှာ ၂၀၃၀ ခုနှစ်အတွင်း လျှပ်စစ်မီးရရှိသုံးစွဲနိုင်ရေးအတွက် ရည်မှန်းပြီး စီစဉ် ဆောင်ရွက်နေတယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024