မြန်​မာအသင်း ထိုင်းကို ၄ ဂိုးပြတ် ရှုံးနိမ့်

မြန်မာအသင်းအနေနဲ့ ထိုင်းအသင်းကို အဝေးကွင်းမှာ ပြန်လည်ချေပကစားနိုင်ဖို့အတွက် ပထမအကျော့နဲ့မတူပဲ သိသိသာသာ အားထုတ်ကစားခဲ့ပေမယ့်လည်း ပွဲအပြီးမှာ ၄ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မျှော်လင့်ချက်တွေနဲ့ အားပေးခဲ့ကြသလို မြန်မာနိုင်ငံမှာရှိတဲ့ ပရိသတ်တွေအနေနဲ့လည်း တာဝန်ကျေပွန်စွာနဲ့ အားပေးခဲ့ကြပါတယ်။ မြို့တော်ခန်းမရှေ့မှာပရိသတ် ၅ ထောင်ကျော်နီးပါး လာရောက်အားပေးခဲ့ကြပါတယ်။ အားပေးနေတဲ့အချိန်မှာလည်း မြန်မာ-မြန်မာလို့ အော်ပြီး အားပေးခဲ့ကြသလို ဘောလုံးရှုံးပေမယ့် ပရိသတ်တွေမရှုံးခဲ့ဘူးလို့ အော်ခဲ့ကြပါတယ်။ မြန်မာအသင်းအနေနဲ့ ဒီနေ့ပွဲမှာ ဂိုးကန်သွင်းခွင့်တွေ ကန်သွင်းချက်တွေဟာ ဂိုးရလုနီးပါးဖြစ်ခဲ့ပေမယ့် ကံဆိုးစွာနဲ့ပဲဂိုးပြတ်ရှုံးနိမ့်ခဲ့တာပါ။ အခုပွဲရလဒ်ကြောင့် လက်ရှိချန်ပီယံထိုင်းအသင်းက နှစ်ကျော့ပေါင်းရလဒ် ၆-၀ နဲ့ ဗိုလ်လုပွဲမှာ အင်ဒိုနီးရှားအသင်းနဲ့ ကစားရတော့မှာပဲဖြစ်ပါတယ်။ သတင်း၊ဓာတ်ပုံ-ထက်လူ

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up