Home
ဆောင်းပါး
ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်နှင့်​ မြန်မာ့​ဖွံ့​ဖြိုး​တိုး​တက်မှု – အပိုင်း​ ၎
DVB
·
November 17, 2011
ထား​ဝယ်​ရေနက်ဆိပ်ကမ်း​နဲ့​ အထူး​စီး​ပွား​ရေး​ဇုန်က ထိုင်း​နိုင်ငံရဲ့​မဟာဗျူဟာအကျိုး​စီး​ပွား ထိုင်း​နိုင်ငံဟာ ထား​ဝယ်​ဒေသကို ဘာဖြစ်လို့​ စိတ်ဝင်စား​ရတာလဲဆိုတဲ့​ အ​ခြေခံကျတဲ့​ ​မေး​ခွန်း​တခု ရှိ​နေပါတယ်။ အီတာလျံ-ထိုင်း​ကုမ္ပဏီရဲ့​ Marine Division က နိုင်ငံရပ်ခြား​ စီမံကိန်း​ ညှိနှိုင်း​ရေး​မှူး​ Sirapat Trinvuthipong ရဲ့​ အ​ဖြေက​တော့​ ထိုင်း​နိုင်ငံမှာ ဒီလို အချက်အချာကျတဲ့​ ပထဝီအ​နေအထား​မျိုး​ မရှိလို့​ပါတဲ့​။ ဒါ့​အပြင် ဒီ​မေး​ခွန်း​အတွက် တခြား​အ​ရေး​ကြီး​တဲ့​ အချက်အလက်​တွေ အခိုင်အမာရှိ​နေပါတယ်။ ထား​ဝယ်​ရေနက်ဆိပ်ကမ်း​စီမံကိန်း​နဲ့​ အထူး​စီး​ပွား​ရေး​ဇုန်အ​ပေါ် ထိုင်း​အစိုး​ရနဲ့​ စီး​ပွား​ရေး​လုပ်ငန်း​ရှင်​တွေ မျက်စိကျ​နေတဲ့​ အချက်က​တော့​ စီမံကိန်း​ရဲ့​ အဓိကကဏ္ဍကြီး​ ၃ ခုဟာ မဟာဗျူဟာကျကျ အပြန်အလှန်ဆက်စပ်​နေတဲ့​အချက် ဖြစ်ပါတယ်။ အဲဒါ​တွေက​တော့​ ​ဒေသတွင်း​နဲ့​ နိုင်ငံတကာကုန်သွယ်​ရေး​နဲ့​ သယ်ယူပို့​ဆောင်​ရေး​ (Regional and Global Trade & Logistic) ကဏ္ဍ၊​ စက်မှုဇုန်ထူ​ထောင်​ရေး​ (Industrial Establishment) ကဏ္ဍနဲ့​ ထိုကဏ္ဍနှစ်ခုလုံး​ကို ဖြည့်​ဆည်း​ပေး​မယ့်​ သဘာဝအရင်း​အမြစ်များ​ ထုတ်ယူသုံး​စွဲခြင်း​ (Natural Resource Exploitation) ကဏ္ဍတို့​ပဲ ဖြစ်ပါတယ်။ ဒေသတွင်း​နဲ့​ နိုင်ငံတကာ ကုန်သွယ်​ရေး​နဲ့​ သယ်ယူပို့​ဆောင်​ရေး​မှာ ထား​ဝယ်​ရေနက်ဆိပ်ကမ်း​ရဲ့​ အနာဂတ် အလား​အလာအ​ပေါ် ထိုင်း​အစိုး​ရနဲ့​ အီတာလျံ-ထိုင်း​ကုမ္ပဏီတို့​ရဲ့​ ​မျှော်မှန်း​ချက်က​တော့​ ရှင်း​ပါတယ်။ ထား​ဝယ်​ရေနက်ဆိပ်ကမ်း​က တဆင့်​ မဲ​ခေါင်​ဒေသနိုင်ငံ​တွေဖြစ်တဲ့​ ထိုင်း​၊​ လာအို၊​ က​မ္ဘောဒီယား​၊​ ဗီယက်နမ်နဲ့​ တရုတ်နိုင်ငံ ​တောင်ပိုင်း​ ကုန်တွင်း​ပိတ် ယူနန်ပြည်နယ်တို့​ရဲ့​ ထွက်ကုန်​တွေကို အ​ရှေ့​အလယ်ပိုင်း​၊​ အာဖရိကနဲ့​ ဥ​ရောပတို့​ဆီကို (တ​နေ့​တခြား​ အန္တရာယ်များ​လာတဲ့​ မလက်ကာ ​ရေလက်ကြား​ကို ဖြတ်သန်း​စရာမလိုဘဲ) တင်ပို့​နိုင်မှာဖြစ်ပါတယ်။ အပြန်အလှန်အား​ဖြင့်​ ကမ္ဘာ့​တဖက်ခြမ်း​က တင်သွင်း​ကုန်​တွေကိုလည်း​ မဲ​ခေါင်နိုင်ငံ​တွေဟာ ထား​ဝယ်​ရေနက် ဆိပ်ကမ်း​နဲ့​ ဆက်သွယ်ထား​တဲ့​ အာရှအ​ဝေး​ပြေး​လမ်း​ကြီး​ကတဆင့်​ သယ်​ဆောင်နိုင်မှာ ဖြစ်ပါတယ်။ [caption id="attachment_17909" align="aligncenter" width="451" caption="အီတာလျံ-ထိုင်းကုမ္ပဏီ"][/caption] ဒီ​နေရာမှာ ထိုင်း​နိုင်ငံရဲ့​ အမျိုး​သား​အကျိုး​စီး​ပွား​ဆိုင်ရာ တွက်ချက်မှုက ဘန်​ကောက်မြို့​ကို မဲ​ခေါင်​ဒေသ ကုန်သွယ်​ရေး​နဲ့​ သယ်ယူပို့​ဆောင်​ရေး​ ဗဟိုချက်အဖြစ် ​မျှော်မှန်း​ထား​ပါတယ်။ ​ဒေသတွင်း​နိုင်ငံ​တွေရဲ့​ သယ်ယူပို့​ဆောင်​ရေး​ အ​ခြေခံအ​ဆောက်အုံပိုင်း​မှာ အဆင့်​အမြင့်​ဆုံး​ဖြစ်​နေတာ၊​ သယ်ယူပို့​ဆောင်​ရေး​ ဝန်​ဆောင်မှုပိုင်း​မှာ ​ခေတ်မီ​နေတာ၊​ ကမ္ဘာနဲ့​ချိတ်ဆက်ထား​နိုင်တဲ့​ ခိုင်မာတဲ့​ဈေး​ကွက်ရှိ​နေတာနဲ့​ မြန်မာ၊​ လာအို၊​ က​မ္ဘောဒီး​ယား​နဲ့​ ဗီယက်နမ်နိုင်ငံတို့​မှ သယ်ယူပို့​ဆောင်​ရေး​လမ်း​ကြောင်း​များ​ရဲ့​ ဆုံမှတ်ဖြစ်​နေတာ စတဲ့​အချက်​တွေဟာ ထိုင်း​နိုင်ငံအတွက် ​ဒေသတွင်း​စီး​ပွား​ရေး​ ဗဟိုချက် ဖြစ်လာနိုင်တဲ့​ အား​သာချက်​တွေဖြစ်ပါတယ်။ ဒါ့​အပြင် ထား​ဝယ်​ရေနက်ဆိပ်ကမ်း​ကို တည်​ဆောက်စီမံခန့်​ခွဲခွင့်​ ရလိုက်ခြင်း​ဟာလည်း​ ဒီဆိပ်ကမ်း​ကတဆင့်​ အိန္ဒိယ ​ဈေး​ကွက်ကို ထိုင်း​ကုန်ပစ္စည်း​တွေ သယ်ယူပို့​ဆောင်စရိတ် သက်သက်သာသာနဲ့​ တိုး​ချဲ့​တင်ပို့​နိုင်​တော့​မှာ ဖြစ်ပါတယ်။ ဒုတိယအချက်ဖြစ်တဲ့​ ထား​ဝယ်​ဒေသမှာ စက်မှုဇုန်​တွေ ထူ​ထောင်​ရေး​ဟာလည်း​ ထိုင်း​နိုင်ငံမှာရှိတဲ့​ စက်မှုဇုန်​တွေ​ကြောင့်​ ဖြစ်​ပေါ်လာတဲ့​ သဘာဝပတ်ဝန်း​ကျင် ညစ်ညမ်း​မှုနဲ့​ ပြည်သူ့​ကျန်း​မာ​ရေး​ဆိုင်ရာ ပြဿနာ​တွေကို ​ဖြေရှင်း​ရှောင်လွှဲဖို့​ ဖြစ်ပါတယ်။ စက်မှုလုပ်ငန်း​ရှင်​တွေ တ​နေ့​တခြား​ တိုး​ပြီး​ရင်ဆိုင်လာရတဲ့​ ထိုင်း​ပြည်သူ​တွေရဲ့​ ဆန့်​ကျင်မှု​တွေနဲ့​ ရလဒ်အ​နေနဲ့​ စက်မှုလုပ်ငန်း​တွေအ​ပေါ် ဥပ​ဒေအရ ပိုမိုတင်း​ကျပ်လာ ​နေတာ​ကြောင့်​ ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်ဟာ ထွက်​ပေါက်တခု ဖြစ်လာလိမ့်​မယ်လို့​ ထိုင်း​အစိုး​ရက ရှုမြင်ထား​ပါတယ်။ ထား​ဝယ်​ရေနက်ဆိပ်ကမ်း​နဲ့​ အထူး​စီး​ပွား​ရေး​ဇုန် တည်​ဆောက်ခွင့်​ကို မြန်မာအစိုး​ရနဲ့​ အီတာလျံ-ထိုင်း​ကုမ္ပဏီတို့​ စာချုပ်ချုပ်ဆိုပြီး​ မကြာခင် ၂၀၁၀ ပြည့်​နှစ် နိုဝင်ဘာမှာ အဲဒီတုန်း​က ထိုင်း​ဝန်ကြီး​ချုပ် အဖိဆစ် ​ဝေ့​ချာချီဝ (Abhisit Vejjajiva) က “တချို့​စက်ရုံ​တွေက ထိုင်း​နိုင်ငံမှာ အ​ခြေချဖို့​ မသင့်​လျော်ပါဘူး​။ အဲ့​ဒါ​ကြောင့်​ ဒီစက်ရုံ​တွေကို အဲဒီမှာ (ထား​ဝယ်မှာ) တည်​ဆောက်ဖို့​ ဆုံး​ဖြတ်ခဲ့​တာပါ” လို့​ သူ့​ရဲ့​ အပတ်စဉ် ရုပ်မြင်သံကြား​ မိန့်​ခွန်း​တခုမှာ ​ပြောကြား​သွား​ပါတယ်။ ၂၀၁၁ ခုနှစ် ဇွန်လထဲမှာပဲ ထိုင်း​စက်မှုလုပ်ငန်း​အသင်း​ချုပ်ရဲ့​ ဒု-ဥက္ကဋ္ဌ တာနစ်ဆို ရတ် (Tanit Sorat) က “မြန်မာ​တွေက သဘာဝပတ်ဝန်း​ကျင်ပြဿနာ​တွေကို လျစ်လျူရှုထား​တုန်း​ပါပဲ။ သဘာဝပတ်ဝန်း​ကျင်ကို ထိခိုက်​စေလို့​ ကမ္ဘာ့​တခြား​နေရာ​တွေမှာ တား​မြစ်ထား​တဲ့​ အကြီး​စား​စက်မှုလုပ်ငန်း​ကြီး​တွေအတွက် ထား​ဝယ်က အ​ဖြေတခုပါ” လို့​ AFP သတင်း​ဌာနနဲ့​ ​တွေ့​ဆုံ​မေး​မြန်း​ခန်း​တခုမှာ ​ပြောဆိုခဲ့​ပါတယ်။ ဒီ​ပြောဆိုချက်​တွေအရ ထိုင်း​နိုင်ငံမှာ သဘာဝပတ်ဝန်း​ကျင်နဲ့​ လူ့​အဖွဲ့​အစည်း​ကို ထိခိုက်အန္တရာယ်ပြု​နေတဲ့​ စက်မှုလုပ်ငန်း​တွေရဲ့​ အ​ခြေအ​နေ ဘယ်​လောက်ဆိုး​ဆိုး​ရွား​ရွား​ ဖြစ်​နေသလဲဆိုတာ မှန်း​ကြည့်​နိုင်ပါတယ်။ (ထိုင်း​နိုင်ငံရဲ့​ အကြီး​ဆုံး​ မတ်တဖွတ် Map Ta Phut စက်မှုဇုန်အ​ကြောင်း​ ​ရှေ့​အပတ်​တွေမှာ ဆက်လက်​ဖော်ပြသွား​ပါမယ်။) တတိယအချက်ဖြစ်တဲ့​ ထား​ဝယ်​ဒေသရဲ့​ သဘာဝအရင်း​အမြစ်​တွေ ထုတ်ယူသုံး​စွဲ နိုင်မှုမှာ မဟာဗျူဟာကျခြင်း​က ထိုင်း​နိုင်ငံအတွက် ပထမနဲ့​ ဒုတိယအချက်​တွေက ရည်မှန်း​ချက်​တွေ ​အောင်မြင်​ရေး​အတွက် အဓိကအ​ကြောင်း​ရင်း​ဖြစ်​နေပါတယ်။ တကယ်​တော့​ ထိုင်း​နိုင်ငံမှာ ထား​ဝယ်လို ​ရေနက်ဆိပ်ကမ်း​နဲ့​ စက်မှုဇုန် တွဲလျက်တည်​ဆောက်မယ့်​ မဟာဗျူဟာကျတဲ့​နေရာ ရှိသလို စီမံကိန်း​လည်း​ ​ရေး​ဆွဲ ထား​ပါတယ်။ မြန်မာနိုင်ငံရဲ့​တောင်ဘက်စွန်း​ ​ကော့​သောင်း​မြို့​က​နေ ​တောင်ဘက်ကို ဆက်ဆင်း​သွား​ရင် ထိုင်း​နိုင်ငံ​တောင်ပိုင်း​က ဆာထုန်​ဒေသ (Satun Province) မှာ ပတ်ဘာရာ (Pak Bara) ​ရေနက်ဆိပ်ကမ်း​နဲ့​ (Southern Seaboard Development Project) ကို ထိုင်း​အစိုး​ရက ​ရေး​ဆွဲအ​ကောင်အထည်​ဖော်ဖို့​ ကြိုး​စား​ခဲ့​တာ နှစ်အ​တော် ကြာပါပြီ။ ဒါ​ပေမယ့်​ ​ဒေသခံပြည်သူ​တွေရဲ့​ အပြင်း​အထန် ဆန့်​ကျင်ကန့်​ကွက်မှု​ကြောင့်​ အ​ကောင်အထည်မ​ဖော်နိုင်ဘဲ ရှိ​နေခဲ့​ပါတယ်။ ဒီအ​ခြေအ​နေနဲ့​ပတ်သက်ပြီး​ ထိုင်း​အစိုး​ရရဲ့​ ကုန်သွယ်​ရေး​ဝန်ကြီး​ဟောင်း​တဦး​ လည်း​ဖြစ်၊​ အမျိုး​သား​စီး​ပွား​ရေး​နဲ့​ လူမှု​ရေး​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ ဘုတ်အဖွဲ့​ (NESDB) ရဲ့​ ဒါရိုက်တာတဦး​လည်း​ဖြစ်ခဲ့​တဲ့​ နာရုန်ချိုင်း​ အကရာစန်နီး​ Narongchai Akrasanee က “ဟိုတုန်း​က ကျ​နော်တို့​ Southern Seaboard နဲ့​ Pak Bara ​ရေနက်ဆိပ်ကမ်း​အ ​ကြောင်း​ ​ပြော​လေ့​ရှိကြတယ်။ ဒါ​ပေမယ့်​ အခု​တော့​ အဲဒါ​တွေအား​လုံး​ကို ​မေ့​လိုက်ကြပါ​တော့​။ ထိုင်း​နိုင်ငံမှာ အဓိကရင်း​နှီး​မြှုပ်နှံမှု​တွေဖြစ်တဲ့​ သံမဏိစက်မှုလုပ်ငန်း​ကြီး​တွေ ထား​ဝယ်ကို ​သေချာ​ပေါက် ​ရွှေ့​ပြောင်း​ရ​တော့​မှာပါ။ ထိုင်း​ပြည်သူ​တွေက အဲဒီစက်မှုလုပ်ငန်း​ကြီး​တွေကို ဆန့်​ကျင်ကန့်​ကွက်​နေလို့​ ကျ​နော်တို့​ ဘယ်လိုမှ ​ရှေ့​ဆက်တိုး​လို့​မရတဲ့​ အ​ခြေအ​နေပါ” လို့​ ဘန်​ကောက်အ​ခြေစိုက် ​နေး​ရှင်း​ (The Nation) အင်္ဂလိပ်သတင်း​စာကို ၂၀၁၁ ခုနှစ် မတ်လထဲမှာ ​ပြောကြား​ခဲ့​ပါတယ်။ ဒါ​ပေမယ့်​ ထိုင်း​နိုင်ငံဟာ သူ့​နိုင်ငံတွင်း​မှာ ဒီလို ညစ်ညမ်း​တဲ့​စက်မှုလုပ်ငန်း​တွေ ဆက်လက်တိုး​ချဲ့​ထူ​ထောင်သွား​ဖို့​ အခက်ကြုံ​နေလို့​ ထား​ဝယ်ကို မျက်စိကျတာဟာ အ​ကြောင်း​အချက်တခုပဲ ဖြစ်ပါတယ်။ ဒီထက်အ​ရေး​ကြီး​တဲ့​ တခြား​မဟာဗျူဟာအကျိုး​စီး​ ပွား​တခုက​တော့​ တ​နေ့​တခြား​ လိုအပ်ချက်ကြီး​မား​လာ​နေတဲ့​ ထိုင်း​နိုင်ငံရဲ့​ စွမ်း​အင်လုံခြုံမှု ကို ဖြည့်​ဆည်း​ပေး​မယ့်​ မြန်မာပြည်က စွမ်း​အင်အရင်း​အမြစ်​တွေပဲ ဖြစ်ပါတယ်။ ဒါကို ထား​ဝယ်စီမံကိန်း​က ဘယ်လို ဖြည့်​စွမ်း​ပေး​နိုင်ပါသလဲ။ ထား​ဝယ်​ရေနက်ဆိပ်ကမ်း​ဟာ မြန်မာနိုင်ငံမှာ အကြီး​ဆုံး​ သဘာဝဓာတ်​ငွေ့​သိုက် ကြီး​ နှစ်ခုဖြစ်တဲ့​ မုတ္တမပင်လယ်​ကွေ့​က ရတနာနဲ့​ တနင်္သာရီကမ်း​ရိုး​တန်း​အလွန် အန်ဒမန် ပယ်လယ်ထဲက ရဲတံခွန်တို့​အကြား​မှာ ပထဝီအ​နေအထား​အရ မဟာဗျူဟာကျကျ တည်ရှိ​နေပါတယ်။ ဒီအချက်တခုတည်း​က အစဉ်တစိုက် ကြီး​ထွား​နေတဲ့​ နိုင်ငံရဲ့​ စွမ်း​အင် သုံး​စွဲမှုကို ဖြည့်​ဆည်း​နိုင်ဖို့​အတွက် မြန်မာနိုင်ငံက သဘာဝဓာတ်​ငွေ့​တင်ပို့​မှုကို အား​ကိုး​ ​နေရတဲ့​ ထိုင်း​နိုင်ငံကို ထား​ဝယ်စီမံကိန်း​မှာ ရင်း​နှီး​မြှုပ်နှံဖို့​ ဆွဲ​ဆောင်​နေတာပါ။ မုတ္တမပင်လယ်​ကွေ့​ထဲက သဘာဝဓာတ်​ငွေ့​သိုက်​တွေမှာ ထိုင်း​နိုင်ငံက ဘယ်​လောက်များ​ ရင်း​နှီး​မြှုပ်နှံထား​သလဲဆိုတာ ​လေ့​လာကြည့်​ရ​အောင်ပါ။ ထိုင်း​နိုင်ငံရဲ့​ အကြီး​ဆုံး​ရေနံကုမ္ပဏီစုကြီး​ရဲ့​ PTTEP (PTT Exploration and Production Public Company Ltd.) ကုမ္ပဏီရဲ့​ အင်တာနက်ဝက်ဆိုက်မှာ တင်ထား​တဲ့​ အချက်အလက်​တွေအရ PTTEP ဟာ မုတ္တမပင်လယ်​ကွေ့​ထဲက သဘာဝ ဓာတ်​ငွေ့​ ရှာ​ဖွေထုတ်လုပ်​ရေး​ လုပ်ကွက်အမှတ် M3, M4, M7, M9 နဲ့​ M11 တို့​ကို ၁၀၀ ရာခိုင်နှုန်း​အပြည့်​ ပိုင်ဆိုင်ထား​ပြီး​ အဲဒီလုပ်ကွက်​တွေအား​လုံး​ရဲ့​ အနီး​ဆုံး​နေရာဟာ ထား​ဝယ်​ရေနက်ဆိပ်ကမ်း​ပဲ ဖြစ်တယ်ဆိုတာကို ​အောက်ပါ​မြေပုံက ​ဖော်ညွှန်း​နေပါတယ်။ [caption id="attachment_17911" align="aligncenter" width="504" caption="အီတာလျှံ-ထိုင်းကုမ္ပဏီရဲ့​ Conceptual Plan ထဲက ရတနာနဲ့​ ရဲတံခွန် ကမ်းလွန်သဘာဝဓာတ်ငွေ့မြေပုံ "][/caption] ဒါ့​အပြင် ပြင်သစ်နိုင်ငံအ​ခြေစိုက် တိုတယ် (TOTAL) ​ရေနံကုမ္ပဏီကြီး​က တူး​ဖော် ထုတ်လုပ်ခွင့်​ ရထား​တဲ့​ သဘာဝဓာတ်​ငွေ့​တွင်း​တွေရဲ့​ ၂၅ ဒသမ ၅ ရာခိုင်နှုန်း​နဲ့​ မ​လေး​ရှား​နိုင်ငံအ​ခြေစိုက် ပတ်ထရိုနပ်စ် (Petronas) ​ရေနံကုမ္ပဏီကြီး​က တူး​ဖော်ထုတ် လုပ်​နေတဲ့​ သဘာဝဓာတ်​ငွေ့​တွေရဲ့​ ၁၉ ဒသမ ၃၁၇၈ ရာခိုင်နှုန်း​ကိုလည်း​ PTTEP က ပိုင်ဆိုင်ထား​ပါတယ်။ ဒါ​ကြောင့်​ သဘာဝဓာတ်​ငွေ့​သို​လှောင်ကန်​တွေ၊​ ဒီဓာတ်​ငွေ့​တွေကို အသင့်​သုံး​စွဲ နိုင်တဲ့​ အဆင့်​အထိ အရည်အဖြစ် သန့်​စင်​ပြောင်း​လဲမယ့်​ စက်ရုံ​တွေနဲ့​ ထား​ဝယ်​ရေနက် ဆိပ်ကမ်း​က​နေ ထိုင်း​နိုင်ငံ ကန်ချနပူရီခရိုင်အထိ ဓာတ်​ငွေ့​ပိုက်လိုင်း​ သွယ်တန်း​ တင်ပို့​ မယ့်​ အစီအစဉ်​တွေကို ​ရေနက်ဆိပ်ကမ်း​နဲ့​ အထူး​စီး​ပွား​ရေး​ဇုန်စီမံကိန်း​ကြီး​မှာ ထိုင်း​နိုင်ငံရဲ့​ မဟာဗျူဟာ အကျိုး​စီး​ပွား​တွေအဖြစ် ​ရေး​ဆွဲထား​ပါတယ်။ ဒီလိုလုပ်နိုင်မယ်ဆိုရင် ထုတ်လုပ်စရိတ် အကုန်အကျ သက်သာပြီး​ ထိုင်း​နိုင်ငံ တွင်း​ ​လောင်စာဆီ​ဈေး​နှုန်း​ မြင့်​တက်မှုကို အစိုး​ရအ​နေနဲ့​ အထိုက်အ​လျောက် ထိန်း​ထား​ နိုင်မှာဖြစ်သလို ​ရေနံချက်စက်ရုံ​တွေနဲ့​ သဘာဝဓာတ်​ငွေ့​သန့်​စင်စက်ရုံ​တွေ​ကြောင့်​ ​နောက်ဆက်တွဲဖြစ်​ပေါ်လာမယ့်​ သဘာဝပတ်ဝန်း​ကျင်ညစ်ညမ်း​မှုပြဿနာ​တွေ ထိုင်း​နိုင်ငံ မှာ တိုး​ပွား​မလား​အောင် ​ရှောင်ရှား​ရာလည်း​ကျပါတယ်။ ထိုင်း​နိုင်ငံရဲ့​ သဘာဝဓာတ်​ငွေ့​သုံး​စွဲမှုဟာ တ​နေ့​တခြား​ မြင့်​မား​လာ​နေပါတယ်။ ထိုင်း​အစိုး​ရရဲ့​ စွမ်း​အင်မူဝါဒနဲ့​ စီမံကိန်း​ဆိုင်ရာရုံး​ EPPO (Energy Policy and Planning Office of Thailand) ရဲ့​ ကိန်း​ဂဏန်း​အချက်အလက်​တွေအရ လွန်ခဲ့​တဲ့​ ၁၂ နှစ်တာ ကာလအတွင်း​ မြန်မာနိုင်ငံက​နေ ထိုင်း​နိုင်ငံကို တင်သွင်း​ခဲ့​တဲ့​ သဘာဝဓာတ်​ငွေ့​ ပမာဏဟာ ပထမ ၂ နှစ်ဖြစ်တဲ့​ ၁၉၉၈ နဲ့​ ၁၉၉၉ ခုနှစ်တို့​မှာ တ​နေ့​ကို ကုဗ​ပေသန်း​ပေါင်း​ ၂ သန်း​ စတင်တင်သွင်း​ခဲ့​ပြီး​ ​နောက်ပိုင်း​နှစ်​တွေမှာ တဖြည်း​ဖြည်း​မြင့်​မား​လာပြီး​ ၂၀၀၉ ခုနှစ်မှာ တ​နေ့​ကို ကုဗ​ပေသန်း​ပေါင်း​ ၈၀၃ သန်း​အထိ တိုး​တက်ခဲ့​ပါတယ်။ ဒါဟာဆိုရင် ထိုင်း​နိုင်ငံရဲ့​ ပြည်တွင်း​ သဘာဝဓာတ်​ငွေ့​ထုတ်လုပ်မှုရဲ့​ ၂၆ ဒသမ ၈၅ ရာခိုင်နှုန်း​ ရှိပါတယ်။ မြန်မာနိုင်ငံမှ ထိုင်း​နိုင်ငံသို့​ နှစ်စဉ်တင်သွင်း​သော သဘာဝဓာတ်​ငွေ့​ပမာဏ Unit: MMSCFD [caption id="attachment_17910" align="aligncenter" width="549" caption=" Energy Policy and Planning Office (EPPO), Thailand "][/caption] ထိုင်း​အစိုး​ရရဲ့​ Electricity Generating Authority of Thailand (EGAT) က ထုတ်ပြန်ထား​တဲ့​ “Summary of Thailand Power Development Plan 2010 – 2030” စီမံကိန်း​အစီရင်ခံစာက ၂၀၁၀ ပြည့်​နှစ်မှာ နိုင်ငံတွင်း​ လျှပ်စစ်ဓာတ်အား​သုံး​စွဲမှု အမြင့်​မား​ဆုံး​ ၂၃၂၃၉ မီဂါဝပ် ဖြစ်ပြီး​ ၂၀၃၀ ခုနှစ်မှာ ၅၂၈၉၀ မီဂါဝပ်အထိ တိုး​တက်လာ မယ်လို့​ တွက်ချက်ခန့်​မှန်း​ထား​ပါတယ်။ အဲဒါ​ကြောင့်​ လျှပ်စစ်ဓာတ်အား​ ထုတ်လုပ်ဖို့​အ တွက် သဘာဝဓာတ်​ငွေ့​လိုအပ်ချက်ကလည်း​ မြင့်​မား​လာမယ်ဆိုတာ ခန့်​မှန်း​နိုင်ပါတယ်။ ထိုင်း​နိုင်ငံဟာ သဘာဝဓာတ်​ငွေ့​စွမ်း​အင်ကို လျှပ်စစ်ဓာတ်အား​ ထုတ်လုပ်တဲ့​နေရာ မှာ အများ​ဆုံး​အသုံး​ချပြီး​ စက်မှုလုပ်ငန်း​က ဒုတိယ​နေရာလိုက်ပါတယ်။ EPPO ရဲ့​ ကိန်း​ဂ ဏန်း​တွေအရ လျှပ်စစ်ဓာတ်အား​ထုတ်လုပ်​ရေး​မှာ သဘာဝဓာတ်​ငွေ့​သုံး​စွဲမှု ပမာဏဟာ တနိုင်ငံလုံး​ သဘာဝဓာတ်​ငွေ့​သုံး​စွဲမှု စုစု​ပေါင်း​ရဲ့​ ၆၈ ဒသမ ၃၂ ရာခိုင်နှုန်း​ (ကုဗ​ပေ ၂,၄၃၅ သန်း​) ရှိပြီး​ စက်မှုကဏ္ဍကသုံး​စွဲမှုမှာ ၁၀ ဒသမ ၈၅ ရာခိုင်နှုန်း​ (ကုဗ​ပေ ၃၈၇ သန်း​) ရှိပါတယ်။ ဒီပမာဏဟာ လွန်ခဲ့​တဲ့​ နှစ် ၂၀ က ကိန်း​ဂဏန်း​ဖြစ်တဲ့​ ၁၉၈၉ ခုနှစ် ထိုင်း​နိုင်ငံရဲ့​ သဘာဝဓာတ်​ငွေ့​သုံး​စွဲမှုပမာဏနဲ့​ နှိုင်း​ယှဉ်ရင် ၆ ဒသမ ၇ ဆ ​လောက် မြင့်​မား​လာတာကို ​တွေ့​ရပါတယ်။ လာမယ့်​ နှစ် ၂၀ အတွင်း​ ကြီး​ထွား​လာမယ့်​ ထိုင်း​စီး​ပွား​ရေး​က စွမ်း​အင်သုံး​စွဲမှု လိုအပ်ချက်ကို ဖြည့်​ဆည်း​နိုင်ဖို့​အတွက် မြန်မာနဲ့​ လာအိုတို့​နဲ့​ သဘာဝဓာတ်​ငွေ့​ပိုက် လိုင်း​တွေ၊​ လျှပ်စစ်မဟာဓာတ်အား​လိုင်း​တွေကို သွယ်တန်း​တည်​ဆောက်ပြီး​ နိုင်ငံရဲ့​ စွမ်း​အင်လုံခြုံ​ရေး​ အာမခံချက် ရရှိ​ရေး​အတွက် ထိုင်း​အစိုး​ရအ​နေနဲ့​ မဟာဗျူဟာ​မြောက် ကြိုး​စား​ အ​ကောင်အထည်​ဖော်​နေတာ ထိုင်း​ စွမ်း​အင်မူဝါဒနဲ့​စီမံကိန်း​တွေအရ ​တွေ့​ရပါ တယ်။ ရှေ့​တပတ်မှာ ထိုင်း​နိုင်ငံက စက်မှုလုပ်ငန်း​တွေ​ကြောင့်​ သဘာဝပတ်ဝန်း​ကျင် ညစ်ညမ်း​မှု အ​ခြေအ​နေ​တွေကို ဆက်လက်တင်ပြသွား​ပါမယ်။    
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024