မိုးညှင်းတွင် ကျပ်သိန်း ၃၀၀ ကျော် တန်ဖိုးရှိ ဘိန်းစိမ်းများဖမ်းမိ

1.3K
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန့်စီးအောင်ကျေးရွာ ကားလမ်းမှာ ဒီဇင်ဘာ ၃ ရက် ည ၉ နာရီလောက်က ကျပ်သိန်း ၃၁၅ သိန်းတန်ဖိုးရှိ ဘိန်းမဲလို့ယူဆရတဲ့ အမဲရောင် အစေးထုပ် ၁၅ ထုပ်ဖမ်းဆီးရမိခဲ့တယ်လို့ မိုးညှင်းရဲစခန်းက သိရပါတယ်။
ဖမ်းဆီးရမိပုံမှာ တရားလိုမူးယစ်အထူးအဖွဲ့မှ ရဲအုပ်ဝင်းနိုင်နဲ့အဖွဲ့ဟာ သတင်းအရ နန့်စီးအောင်ကျေးရွာ ဘီးခွန်ဂိတ်မှာ စောင့်ဆိုင်းနေစဉ် မော်လူးဖက်မှမိုးညှင်းဖက်သို့ မနုနုလွင် မောင်းနှင်ပြီး နေဝင်း (ခေါ်) ချိုဝင်း နောက်ထိုင်လိုက်ပါလာတဲ့ ဆိုင်ကယ်ကို ရှာဖွေစစ်ဆေးရာ ဆာလာအိတ်နဲ့ထည့်ထားပြီး တိတ်နဲ့ပတ်ထားတဲ့ ဘိန်းစိမ်းလို့ယူဆရတဲ့ တထုပ်ကို ၁ ဒသမ ၄ ကီလိုဂရမ်ခန့်ပါအထုပ် ၁၅ ထုပ် စုစုပေါင်းအလေးချိန် ၂၁ ကီလိုဂရမ်ခန့် ရှာဖွေတွေ့ရှိတဲ့အတွက် မိုးညှင်းမြို့မရဲစခန်းတွင် တရားလိုပြုလုပ်တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။
မိုးညှင်းရဲစခန်းမှ မနုနုလွင် ၄၁ နှစ်၊ နေဝင်း ၂၈ နှစ် အင်းတော်မြို့နယ် မန်လည်ကျေးရွာနေသူ ၂ ဦး ကို မူးယစ် (ပ)၁၄၇/၁၆ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရအမှုစစ်ရဲ အုပ်စိုးဝင်းက အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။