ကွန်တိန်နာမောင်းသူများ ရန်ကုန်တွင်လမ်းပိတ်ဆန္ဒပြ

ရန်ကုန်မြို့မှာ ည ၉ နာရီကနေ မနက် ၆ နာရီအတွင်းသာ ကွန်တိန်နာယာဉ်တွေ ဖြတ်သန်းသွား လာရမယ်လို့ သတ်မှတ်လိုက်တဲ့အပေါ် မကျေနပ်လို့ ကွန်တိန်နာမောင်းသူတွေက ကန့်ကွက် ဆန္ဒပြနေကြပါတယ်။ ဒီဇင်ဘာလ ၈ ရက်နေ့ မနက် ၃ နာရီကတည်းက ကြည့်မြင်တိုင် စာတိုက်မီးပွိုင့်ကနေ ဟွန်းသံရှည်ဆွဲပြီး တန်းစီမောင်းဝင်လာတာကြောင့် ရပ်ကွက်နေပြည်သူတွေ ထိတ်လန့်ကုန်တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီကွန်တိန်နာတွေကို သတ်မှတ်ချိန်အတွင်းပြေးစွဲဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ကတည်းက လုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းခဲ့တာ ဖြစ်ပါတယ်။ လုပ်ငန်းရှင်တချို့ရဲ့ ကန့်ကွက်ခဲ့မှုတွေလည်း ရှိနေပါတယ်။ ရန်​ကုန်​မြို့တွင်းမှာ ကွန်​တိန်​နာ ယာဉ်​​မောင်း​တွေက မနက်ပိုင်းကတည်းက ကား​တွေကို ဆက်​မ​မောင်းဘဲ အမြန်​လမ်း​ပေါ်မှာ ရပ်​ထားလို့ ကွန်​တိန်​နာယာဉ်​ အစီး ၂၀၀​ လောက် ​ပိတ်​မိ​နေပါ တယ်​။ ကမ်းနားလမ်း တ​လျှောက်​မှာလည်း သီရိမင်္ဂလာ​ဈေးသစ်​က​နေ ဟုမ်းလမ်းအထိ လမ်း​တွေ ပိတ်​​နေပါတယ်​။ သတင်း - ရန်နိုင်ဇော်ဝင်း

More News
Up