Home
မြန်မာသတင်း
မုံးကိုးရဲစခန်းမှူးအပါဝင် ရဲတပ်ဖွဲ့ဝင် ၉ ဦး အလောင်းများ ရှာဖွေတွေ့ရှိ
ခွန်ဇော်ဦး
·
December 7, 2016
မြန်မာ-တရုတ်နယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးမြို့ကို အစိုးရတပ်မတော်က ထိန်းချုပ်နိုင်ပြီး နောက်ပိုင်း မြို့အတွင်းရှင်းလင်းရေးလုပ်ရာမှာ ဒီဇင်ဘာ ၆ ရက်နေ့က မုံးကိုးရဲစခန်းမှူး အပါအ၀င် ရဲအရာရှိ ၂ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၇ ဦးရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ရဲအရာရှိ ၁ ဦးက ဒီဗွီဘီကို အတည်ပြုပြောကြားပါတယ်။ ဒါ့အပြင် မုံးကုံးရဲစခန်မှူးနေအိမ်အတွင်းမှာ ရဲတပ်ဖွဲ့ဝင်ဇနီးတဦးရဲ့ ရုပ်အလောင်းနဲ့ အမည်မသိ အရပ်သားဦးရဲ့ ရုပ်အလောင်းကိုလည်း ထပ်မံတွေ့ရှိတယ်လို့ ဆိုပါတယ်။ မုံးကိုးရဲစခန်းမှာ ရဲအင်အား ၁၆ ဦးရှိရာမှာ ၄ ဦးကို အသက်ရှင်လျက်ပြန်ရှာတွေ့ပြီး ၃ ဦး ပျောက်ဆုံးနေကာ ၉ ဦး ကျဆုံးခဲ့ပါတယ်။ မုံးကိုးရဲတပ်ဖွဲ့စခန်းက ရဲတပ်ဖွဲ့ဝင် ၁၆ ဦးရှိရာမှာ အိမ်ထောင်သည်ရဲဝန်ထမ်း ၁၃ ဦးရှိပါတယ်။ အဲဒီအိမ်ထောင်သည် ရဲဝန်ထမ်း ၁၃ ဦးကို မှီခိုနေသူ ၅၂ ဦးရှိပါတယ်။ အဲဒီမှီခိုနေသူတွေကို စေတနာရှင် ပြည်သူတွေနဲ့ ရဲမိသားစုဝင်တွေက ၀ိုင်းဝန်းထောက်ပံ့ထားပါတယ်။ နိုဝင်ဘာ ၂၀ ရက်နေ့က မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေနဲ့ အစိုးရတပ်မတော်တို့ မုံးကိုးမြို့အတွင်း တိုက်ပွဲတွေကြောင့် ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားပြည်သူတွေ သေဆုံးခဲ့ရတာဖြစ်ပါတယ်။ မြန်မာ-တရုတ်နယ်စပ်မြို့နယ်တွေဖြစ်တဲ့ မူဆယ်၊ ကြူကုတ်(ပန်ဆိုင်း)၊ မုံးကိုး၊ ဖောင်းဆိုင် မြို့နယ်တွေမှာ ပြီးခဲ့တဲ့ နိုဝင်ဘာက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မြန်မာစစ်ဘေးရှောင် ၃၀၀၀၀ ကျော် တရုတ်နိုင်ငံဖက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024