Home
မြန်မာသတင်း
နယ်အ​ဝေး​အကျဉ်း​ထောင်က နိုင်ငံ​ရေး​အကျဉ်း​သား​အချို့​ ​ထောင်​ပြောင်း​ရွှေ့
DVB
·
November 16, 2011
ယုံကြည်ချက်​ကြောင့်​ နှစ်ရှည်​ထောင်ဒဏ် အကျဉ်း​ကျခံ​နေရတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို ဒီက​နေ့​မှာ နယ်အ​ဝေး​ထောင်က​နေ မိသား​စုနဲ့​နီး​တဲ့​ ​ထောင်ကို ​ပြောင်း​ရွှေ့​ခဲ့​တယ်လို့​ နိုင်ငံ​ရေး​အကျဉ်း​သား​ မိသား​စုဝင်​တွေက ​ပြောပါတယ်။ [caption id="attachment_17877" align="alignright" width="300" caption="မနီလာသိန်း၊​ ကိုမင်းကိုနိုင်၊​ ဦးခွန်ထွန်းဦး​"][/caption] ပူတာအို​ထောင်မှာ ၉၃ နှစ်ကြာ ​ထောင်သွင်း​အကျဉ်း​ချခံ​နေရတဲ့​ ရှမ်း​ခေါင်း​ဆောင် ဦး​ခွန်ထွန်း​ဦး​ကို ​ထောင်အာဏာပိုင်​တွေက ​တောင်ငူ​ထောင်ကို ​ရွှေ့​ပြောင်း​လိုက်တယ်လို့​ သူ့​ပါတီဖြစ်တဲ့​ ရှမ်း​တိုင်း​ရင်း​သား​များ​ ဒီမိုက​ရေစီအဖွဲ့​ချုပ် SNLD က အတည်ပြု​ပြောပါတယ်။ ဦး​ခွန်ထွန်း​ဦး​ဟာ ဒီက​နေ့​  ​နေ့​လယ် တနာရီခွဲမှာ ပူတာအို​လေဆိပ်က​နေ မြစ်ကြီး​နား​ ​လေဆိပ်ကိုအသွား​မှာ မျက်မြင်သက်​သေကို ကိုး​ကား​ပြီး​ ပါတီရဲ့​ ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဦး​စိုင်း​လိတ်က ​ပြောပါတယ်။ ဦး​ခွန်ထွန်း​ဦး​ကို မြစ်ကြီး​နား​မှ တဆင့်​ ​တောင်ငူ​ထောင်ကို ပို့​မယ်လို့​ သိရပါတယ်။ ရှမ်း​တိုင်း​ရင်း​သား​များ​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ဦး​စိုင်း​လိတ်က​တော့​ အစိုး​ရဘက်က​နေ အစိုး​ရိမ်မကြီး​ဘဲ အခုလို ​ထောင်​ပြောင်း​ရွှေ့​တာ​တွေ လုပ်မယ့်​အစား​ ခြွင်း​ချက်မရှိ ချက်ချင်း​ လွှတ်သင့်​တယ်လို့​ ​ပြောပါတယ်။ “အစိုး​ရဘက်က အစိုး​ရိမ်ကြီး​နေပြီး​တော့​မှ ချက်ချင်း​လွှတ်မ​ပေး​တာလို့​ပဲ မြင်တယ်​လေ။ ထိပ်တန်း​ခေါင်း​ဆောင်​တွေကိုပဲဖြစ်ဖြစ်၊​ ​ကျောင်း​သား​ခေါင်း​ဆောင် ​တွေကိုပဲ ဖြစ်ဖြစ်၊​ တစုတစည်း​တည်း​ အကုန်လုံး​ကို လွှတ်မယ်ဆိုလို့​ရှိရင် သူတို့​ရဲ့​ လုပ်ငန်း​စဉ်​တွေမှာ တစုံတခုများ​ ထိခိုက်​လေမလား​ဆိုပြီး​ သူတို့​ အစိုး​ရိမ်ကြီး​နေတာလို့​ပဲ ကျ​နော် မြင်တယ်။ အဲဒီအ​ပေါ်မှာ​တော့​ ကျ​နော်တို့​က ဒါ မဖြစ်သင့်​ဘူး​ပေါ့​နော်။ တကယ်ဆိုရင် အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​ လုပ်ငန်း​စဉ်မှာ တဖက်တလမ်း​က​နေ ပါဝင်အား​ဖြည့်​နိုင်ဖို့​အတွက်ဆိုရင် တိုင်း​ရင်း​သား​ခေါင်း​ဆောင်​တွေ​ရော၊​ ​ကျောင်း​သား​ခေါင်း​ဆောင်​တွေ​ရော၊​ သံဃာ​တော်​တွေ အပါဝင်​ပေါ့​ နိုင်ငံ့​အကျိုး​ကို ဝင်​ရောက်ပြီး​တော့​မှ ဖြည့်​ဆည်း​ပေး​နိုင်တဲ့​ ပုဂ္ဂိုလ်​တွေ ဖြစ်တဲ့​အတွက်​ကြောင့်​မို့​လို့​ သူတို့​အား​လုံး​ကို ခြွင်း​ချက်မရှိ အမြန်ဆုံး​လွှတ်​ပေး​ဖို့​ပဲ ကျ​နော်တို့​က လိုလား​တာပါ။” ကျိုင်း​တုံ အကျဉ်း​ထောင်မှာ အကျဉ်း​ကျခံ​နေတဲ့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​အဖွဲ့​ခေါင်း​ဆောင် ကိုမင်း​ကိုနိုင်ကို​တော့​ သရက်​ထောင်ကို ​ပြောင်း​ရွှေ့​လိုက်တယ်လို့​လည်း​ သတင်း​တွေ ထွက်​ပေါ်​နေပါတယ်။ ကျိုင်း​တုံ အကျဉ်း​ထောင်ကို ဆက်သွယ်စုံစမ်း​တဲ့​အခါမှာ ​ထောင်အရာရှိတဦး​က ကိုမင်း​ကိုနိုင်ဟာ ကျိုင်း​တုံ​ထောင်ထဲမှာပဲ ရှိ​နေ​သေး​တယ်လို့​ ​ပြောပါတယ်။ “ဒီအချိန်ထိ​တော့​ ဒီသတင်း​ကို လျှို့​ဝှက်ထား​သေး​တယ်လို့​ ​ပြောလို့​ရတာ​ပေါ့​။ ဒီအချိန်ထိက​တော့​ ရှိ​နေ​သေး​တယ်။ အဲဒီသတင်း​က အမှန်ဖြစ်ဖို့​များ​လောက်တယ်လို့​ ခန့်​မှန်း​ရတာ​ပေါ့​လေ။ ဘာလို့​လဲဆို​တော့​ ဒီ​နေ့​ဆိုလို့​ရှိရင် ကျ​နော်တို့​ ကိုမင်း​ကိုနိုင်နဲ့​ ပတ်သက်တဲ့​ ကျ​နော်တို့​ ဒီကျိုင်း​တုံ​ထောင်ကို ​ရောက်ပြီး​ ​ပေါ့​နော် ကျန်း​မာ​ရေး​စောင့်​ရှောက်မှု စာရင်း​ဇယား​စစ်တမ်း​တွေ အား​လုံး​ ပြင်ဆင်​နေတာ​တော့​ ​တွေ့​ရတယ်​ပေါ့​နော်။ ကျိုင်း​တုံ​လေယာဉ်က ဘယ်​နေ့​တွေရှိလဲ ဆိုရင် တနင်္ဂ​နွေ၊​ အင်္ဂါ၊​ ကြာသပ​တေး​၊​ စ​နေ မနက်ဖြန်ဆိုရင်​တော့​ ကွန်ဖန်း​ ဖြစ်​လောက်ပါတယ်။” ကျိုင်း​တုံ​လေယာဉ်ရှိတဲ့​ မနက်ဖြန်မှာ ​ထောင်​ပြောင်း​ဖို့​များ​တယ်လို့​လည်း​ ​ထောင်အရာရှိက ​ပြောပါတယ်။ သရက်အကျဉ်း​ထောင်မှာ အကျဉ်း​ကျခံ​နေတဲ့​ ၈၈ မျိုး​ဆက် ​ကျောင်း​သား​များ​အဖွဲ့​က မနီလာသိန်း​ကိုလည်း​ ဒီက​နေ့​ သယာဝတီအကျဉ်း​ထောင်ကို ​ပြောင်း​ရွှေ့​လိုက်တယ်လို့​ မိသား​စုဝင်​တွေက သယာဝတီ ​ထောင်အာဏာပိုင်​တွေကို ကိုး​ကား​ပြီး​ ဒီဗွီဘီကို​ပြောပါတယ်။ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ အာဆီယံ အစည်း​အ​ဝေး​ပြီး​မှလည်း​ လွှတ်နိုင်မယ်လို့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​များ​အဖွဲ့​က ကိုပြုံး​ချိုရဲ့​ ဖခင် ဦး​ဝင်း​မောင်က ​ပြောဆိုတယ်။ “သတင်း​တော့​ထွက်လာတယ်၊​ ဘာမှ ထိထိ​ရောက်​ရောက် မကြား​ရ​သေး​ဘူး​လေ။ ဘာလို့​လဲဆို​တော့​ သူတို့​က အစီရင်ခံစာ တင်ပြတာပဲ​ပြောတယ်၊​ ဘာမှ အမိန့်​ထွက်မလာဘူး​လေ။ ​နောက်ထပ် သိရတာက​တော့​ သူတို့​ ညှိလို့​ မရ​သေး​ဘူး​လို့​ ကြား​နေတယ်။ အဲဒီ​တော့​ အာဆီယံ ပြန်လာပြီး​မှပဲ အထ​မြောက်မလား​မသိဘူး​။ တသုတ်တည်း​ မလွှတ်ဘဲနဲ့​ ခွဲလွှတ်မယ်လို့​လည်း​ ကြား​နေတယ်။ လွှတ်ဖို့​တော့​ အစီအစဉ်ရှိတယ်လို့​ ကြား​တယ်။” စစ်ကိုင်း​တိုင်း​ဒေသကြီး​ က​လေး​အကျဉ်း​ထောင်က​နေ နိုင်ငံ​ရေး​အကျဉ်း​သား​ နှစ်ဦး​ကိုလည်း​ ဒီက​နေ့​မှာ က​လေး​အကျဉ်း​ထောင်က​နေ ​ပြောင်း​ရွှေ့​သွား​တယ်လို့​ အဲဒီအကျဉ်း​ထောင်နဲ့​ နီး​စပ်တဲ့​ အသိုင်း​အဝိုင်း​က ​ပြောပါတယ်။ ၈၈ အ​ရေး​တော်ပုံ​ကျောင်း​သား​ဟောင်း​ ကိုတိုး​ကျော်လှိုင်က “မြန်မာနိုင်ငံ လူ့​အခွင့်​အ​ရေး​ ​ကော်မရှင်က​နေပြီး​တာ့​ ထပ်မံလွှတ်​ပေး​ဖို့​ ​တောင်း​ဆိုတာ။ ထပ်မံလွှတ်​ပေး​ဖို့​ ​မေတ္တာရပ်ခံတဲ့​ စာပါလာတယ်။ အဲဒီအ​ပေါ်မှာ အကြမ်း​ဖျင်း​သုံး​သပ်လိုက်ရင် နှစ်ချက် ထွက်လာတယ်။ ထပ်လွှတ်​ပေး​ဖို့​ ရှိတယ် နံပါတ်တစ်။ နံပါတ်နှစ်က အကုန်လုံး​မလွှတ်နိုင်ဘူး​။ အကုန်လုံး​မလွှတ်နိုင်ဘဲနဲ့​ ကျန်ခဲ့​တဲ့​လူ​တွေကို မိသား​စုနဲ့​ နီး​စပ်ရာအကျဉ်း​ထောင်​တွေကို ပြန်ပြီး​တော့​ ​ရွှေ့​ပေး​မယ်လို့​ ဆိုတဲ့​ ​ကောက်ချက် နှစ်ခု ဆွဲလို့​ ရတယ်။ ​ကောက်ချက် နံပါတ်တစ်က အခုန​ပြောသလို အကုန်လုံး​ မပါလာဘူး​။ ဒုတိယ​ကောက်ချက်က​တော့​ မိသား​စုနဲ့​ နီး​စပ်ရာကို ​ရွှေ့​ပေး​မယ် ဒီလို နှစ်ခု ​ကောက်ချက်ဆွဲလို့​ ရတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024