လူ ၅ ယောက် တင်စီးလာသည့် ဆိုင်ကယ်နှင့်ကုန်တင်ကားတိုက်မိ၍ ၁ ဦးသေဆုံး
DVB
·
December 5, 2016
ပဲခူးမြို့ ရန်ကုန်-မန္တလေးကားလမ်း၊ စစ်မှုထမ်းဟောင်းရုံးရှေ့ Iion Shopping Center အနီးမှာ ဒီဇင်ဘာလ ၃ ရက်နေ့ညက လူ ၅ ယောက် စီးလာတဲ့ဆိုင်ကယ်နဲ့ Nissan (၈)ဘီး ကုန်တင်ကားတို့ တိုက်မိပြီး ၁၈ နှစ်အရွယ် မိန်းကလေး ၁ ဦးသေဆုံးကာ ကလေးငယ် ၁ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ အမှတ် (၁) ရဲစခန်းက ပြောပါတယ်။
၅ ယောက် ပူးစီးလာတဲ့ ဆိုင်ကယ်ကို ဘုရားကြီးဘက်ကနေ မောင်းနှင်လာတဲ့ အပြာရောင် (၈)ဘီးကား ကားက အရှိန်မထိမ်းနိုင်ဘဲ တိုက်မိသွားတာဖြစ်ပြီး ဆိုင်ကယ်ပေါ်မှာ လိုက်ပါလာတဲ့ မောင်ချမ်းမြေ့အောင်က ဒဏ်ရာရခဲ့ပြီး မထက်ထက်ဝင်းက ရရှိတဲ့ ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တာပါ။
အခု သေဆုံးသူ မထက်ထက်ဝင်းဟာ ဆိုင်ကယ်မောင်းသူ ကိုသန်းခိုင်ဦးရဲ့သမီး ဖြစ်ပါတယ်။
ယာဉ်မဆင်မခြင်မောင်းနှင်တဲ့ ကားကြီးယာဉ်မောင်း ကျော်မင်းထွန်းနဲ့ ဆိုင်ကယ်မောင်းသူ သန်းခိုင်ဦးတို့ ၂ ဦးကို ပဲခူးမြို့မ ရဲစခန်းက ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။